HomeEntertainmentFilmမိဘတွေကိုပြန်သတ်ခဲ့တဲ့ ညီအစ်ကိုနှစ်ဦးအကြောင်းဖန်တီးသွားမယ့် Monster Season 2

မိဘတွေကိုပြန်သတ်ခဲ့တဲ့ ညီအစ်ကိုနှစ်ဦးအကြောင်းဖန်တီးသွားမယ့် Monster Season 2

Netflix ရဲ့ Monster ဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့အကြိုက် ဖြစ်ခဲ့ပြီး ပထမ Season မှာတော့ ကွင်းဆက်လူသတ်သမား Jeffrey Dahmer အကြောင်းကို ဖန်တီးခဲ့ပါတယ်။ Jeffrey Dahmer ဟာ ကွင်းဆက် လူသတ်သမားတစ်ယောက်တင် မဟုတ်ဘဲ သူ့ရဲ့ Victim တွေကိုပါ ပြန်လည်စားသုံးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Jeffrey Dahmer ဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လူသတ်သမားတစ်ယောက်လည်း ဖြစ်ပါတယ်။

photo credit Netflix

ယခုအချိန်မှာတော့ Monster Season 2 ဟာ ဘယ်လူသတ်သမားတွေရဲ့အကြောင်းကို ဖန်တီးသွားမယ်ဆိုတာ သိရပါပြီ။ Lyle နဲ့ Erik Menendez တို့ကတော့ ၁၉၈၉ ခုနှစ်မှာ သူတို့ရဲ့မိဘတွေကို သတ်ပစ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက် ဖြစ်ပါတယ်။ လူသတ်သမားနှစ်ယောက် ဖြစ်တာကြောင့် ဇာတ်လမ်းတွဲရဲ့ အမည်ကတော့ Monsters: The Lyle and Erik Menendez Story ဆိုပြီး ပြောင်းလဲထားပါတယ်။

တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ အချိန်မှာတော့ Lyle နဲ့ Erik တို့ညီအစ်ကိုနှစ်ဦးဟာ သူတို့မိဘတွေရဲ့ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို တစ်ဘဝလုံး ခံစားခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ နောက်ဆုံးမှာတော့ ကြောက်လန့်ပြီး သတ်လိုက်မိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့ညီအစ်ကိုဟာ သူတို့အဖေရဲ့ ဒေါ်လာနှစ်သန်းကျော်တန်တဲ့ အိမ်ကြီးကို အမွေလိုချင်လို့ သတ်ပစ်လိုက်တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

Netflix ကတော့ Season 2 အတွက် Teaser ကိုလည်း ထုတ်ပေးထားပါတယ်။ ဒီ Teaser ထဲမှာတော့ Lyle Menendez က 911 ကို ဖုန်းခေါ်ခဲ့တဲ့ တကယ့်အသံဖိုင်အစစ်လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် Season 2 ရဲ့ ထွက်ရှိလာမယ့်ရက်ကတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ ဖြစ်မယ်လို့ သိရပါတယ်။ Jeffrey Dahmer အကြောင်းကို ဖန်တီးခဲ့တဲ့ Season 1 ကတော့ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး Season 2 ကရော Season 1 ရဲ့ စံချိန်တွေကို လိုက်မီသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular