HomeEntertainmentFilmMoon Knight ဇာတ်လမ်းတွဲထဲက Crossover ကို ဖြတ်ပစ်ခဲ့တဲ့ Marvel စတူဒီယို

Moon Knight ဇာတ်လမ်းတွဲထဲက Crossover ကို ဖြတ်ပစ်ခဲ့တဲ့ Marvel စတူဒီယို

Moon Knight ဇာတ်လမ်းတွဲထဲမှာတော့ Cameo နှစ်ခု ပါဝင်ထားပြီး အဲဒီ Cameo နှစ်ခုလုံးကို Marvel စတူဒီယိုက ဖြတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ Marvel စတူဒီယိုကတော့ ဒီဇာတ်လမ်းတွဲ ထွက်ရှိလာမယ့်အကြောင်းကို ၂၀၁၉ ခုနှစ်မှာ ကြေညာခဲ့ပြီး ယခုအချိန်မှာတော့ ဇာတ်သိမ်းသွားပြီပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ တခြား MCU ဇာတ်လမ်းတွေနဲ့ ဆက်စပ်မှုမရှိဘဲ သီးခြားဇာတ်လမ်းပုံစံနဲ့ ဖော်ပြသွားပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲဟာ တခြား MCU ပရောဂျက်တွေနဲ့ ဆက်စပ်မှု မရှိတာကြောင့် Phase 4 ရဲ့ အထူးဆန်းဆုံး ပရောဂျက်တစ်ခုလည်း ဖြစ်နေပါတယ်။ အရင်က ထွက်ရှိခဲ့တဲ့ MCU ဇာတ်လမ်းတွဲတွေ အားလုံးကတော့ ဇာတ်ကောင်အသစ်တွေနဲ့ အဟောင်းတွေကို ရောယှက် အသုံးပြုခဲ့ပြီး Cameo တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ဇာတ်ကောင်ဟောင်းလည်း မပါဝင်သလို Cameo တွေလည်း မပါဝင်ခဲ့ပါဘူး။

Variety သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဒါရိုက်တာ Mohamed Diab ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့က အဲဒီ Cameo တွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ထည့်လို့ရပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဒီဇာတ်လမ်းတွဲရဲ့ စစချင်းဇာတ်ဝင်ခန်းနဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ Crossover တွေ ပါပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကို တဖြည်းဖြည်း ဖန်တီးလာတာနဲ့အမျှ ဇာတ်ညွှန်းတွေကလည်း ပြောင်းလာပြီး ငါတို့ အဲဒီ crossover တွေ မလိုအပ်တော့ဘူးလို့ ခံစားလာရပါတယ်။ ဒီဆုံးဖြတ်ချက်ကတော့ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့တာပါ …”

photo via screenrant

Cameo ပါဝင်ထားတဲ့ ဇာတ်ကောင်နှစ်ယောက်က ဘယ်သူဖြစ်တယ် ဆိုတာကိုတော့ ဒါရိုက်တာ Mohamed Diab က မပြောပြခဲ့ပေမယ့်လည်း ကောလာဟလ ထွက်နေတာတွေတော့ ရှိပါတယ်။ Mark Ruffalo ဟာလည်း Oscar Isaac နဲ့အတူ နေရာတစ်ခုမှာ ရိုက်ကူးရေး ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရတာကြောင့် Hulk ပါဝင်ထားတာ ဖြစ်နိုင်ပါတယ်။ နောက်ထပ် တစ်ယောက်ကတော့ Blade ဒါမှမဟုတ် Werewolf by Night တို့လည်း ပါဝင်နေနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular