HomeEntertainmentFilmMoon Knight ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Moon Knight ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Disney+ က ပြသနေတဲ့ Moon Knight ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ အပိုင်း(၁) ထွက်ရှိခဲ့ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ အပိုင်းသစ် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ စိတ်အမျိူးမျိူး ကွဲထွက်နေတဲ့ Steven ဆိုသူရဲ့ အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ဟာ Disney+ ရဲ့ MCU ဇာတ်လမ်းတွဲတွေထဲမှာ IMDb rating အမြင့်ဆုံး အပိုင်း(၁) ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပထမဆုံးအပိုင်းထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Arthur ရဲ့ ဖန်ကွဲစတွေ ထည့်ထားတဲ့ ဖိနပ်

photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Arthur ဟာ ဖန်ကွဲစတွေကို သူ့ရဲ့ဖိနပ်ထဲ ထည့်ပြီး အဲဒီဖိနပ်ကို စီးသွားတာ တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ ကောမစ်ထဲက အရာတစ်ခုကို ရည်ညွှန်းထားတယ်လို့ ပြောလို့ရပါတယ်။ ကောမစ်ထဲမှာတော့ Arthur ဟာ နာကျင်မှုနဲ့ ပတ်သက်တဲ့ သီအိုရီတွေကို ဖန်တီးနေတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ အချိန်ပြည့် နာကျင်မှုကို ခံစားနေရတဲ့ ရောဂါတစ်ခု ဖြစ်နေလို့ပါပဲ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Arthur ကို Cult ခေါင်းဆောင်ပုံစံမျိုး ဖန်တီးထားတာ မြင်တွေ့ရပါတယ်။

(2) Namor Reference

photo via screenrant

MCU ကတော့ Namor နဲ့ ပတ်သက်တဲ့ Easter Egg တွေကို မကြာခဏ ထည့်သွင်းပြီး ဒီဇာတ်ကောင် ပါဝင်လာတော့မယ် ဆိုတာကို အရိပ်အမြွက် ပေးနေပါတယ်။ ဒီအပိုင်းထဲမှာတော့ Steven ဟာ ဘတ်စ်ကား နောက်ကျလို့ ပြေးလိုက်သွားတဲ့ အခန်းမှာ Atlantis ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို မြင်တွေ့ခဲ့ရပါတယ်။ MCU ထဲမှာ Atlantis မြို့တော် ရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ Iron Man 2 နဲ့ Avengers: Endgame တို့မှာ Easter Egg အနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ Namor ကတော့ Atlantis မြို့တော်ရဲ့ဘုရင် ဖြစ်ပြီး လောလောဆယ်မှာတော့ Black Panther 2 ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

(3) Donna

photo via screenrant

Steven အပေါ် သက်ညှာမှုမရှိဘဲ အလုပ်တွေ ဖိခိုင်းတတ်တဲ့ အထက်အရာရှိ Donna ဟာလည်း ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူမရဲ့ နာမည်ဟာ Donna Kraft ဖြစ်ပြီး ၁၉၉၂ ခုနှစ် Moon Knight #39 ကောမစ်ထဲမှာ Marc ရဲ့ ပြန်ကြားရေး တာဝန်ခံအဖြစ်နဲ့ စတင်ပါဝင်ခဲ့ပါတယ်။ Marc ရဲ့ဝန်ထမ်းအဖြစ်ကနေ live action ထဲမှာတော့ Steven ရဲ့ အထက်အရာရှိအဖြစ် ပြောင်းလဲထားတာ ဖြစ်ပါတယ်။

(4) ရုပ်တုပုံစံမျိူး နေထိုင်ပြသူဟာလည်း Marvel ဇာတ်ကောင်ပါပဲ။

photo via screenrant

Steven ဟာ သူ့ရဲ့ဘဝမှာ နီးစပ်သူဆိုလို့ တစ်ယောက်မျှ မရှိဘဲ သူ့ရဲ့ပြဿနာတွေနဲ့ အခက်အခဲတွေကို လမ်းပေါ်မှာ ရုပ်တုပုံစံအတိုင်း နေပြတဲ့ Street Performer တစ်ယောက်ဆီမှာ ရင်ဖွင့် ပြောပြနေတာကို ဝမ်းနည်းစရာ မြင်တွေ့ခဲ့ရပါတယ်။ Steven ကတော့ အဲ့ဒီလူကို Crawley လို့ ခေါ်ဆိုခဲ့ပြီး ကောမစ်ထဲမှာတော့ Bertrand Crawley ဆိုတဲ့ ဇာတ်ကောင်တစ်ယောက် ရှိပါတယ်။ Bertrand Crawley ကတော့ အိမ်ခြေရာမဲ့တစ်ယောက် ဖြစ်ပြီး Marc ရဲ့ သတင်းပေးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

(5) Layla

photo via screenrant

Steven ဟာ သူ့ရဲ့တိုက်ခန်းထဲမှာ ဖုန်းတစ်လုံးကို ရှာတွေ့သွားတဲ့ အချိန်မှာတော့ အဲ့ဒီဖုန်းကို Layla ဆိုတဲ့ အမျိူးသမီးတစ်ယောက်က အကြိမ်ပေါင်းများစွာ ခေါ်ဆိုထားကြောင်း သိလိုက်ရပါတယ်။ ဒီတစ်ယောက်ကတော့ ကောမစ်ထဲက Marlene Alraune ဆိုတဲ့ ဇာတ်ကောင်ကို ပြန်လည်ဖန်တီးထားတာ ဖြစ်နိုင်ပါတယ်။ သူမကတော့ live action ထဲက ဇာတ်ကောင်နဲ့ အမည်မတူပေမယ့်လည်း ရှေးဟောင်းသုသေတန ပညာရှင်တစ်ယောက် ဖြစ်ပြီး Marc ရဲ့ ချစ်သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် သူမဟာ Marc နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်မှု ရှိနေတာကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ ရှေးဟောင်းသုတေသန ပညာရှင် ဖြစ်ကြောင်း အတည်ပြုထားပါသေးတယ်။

(6) Duchamp

photo via screenrant

အပေါ်မှာ ဖော်ပြထားတဲ့ ဇာတ်ဝင်ခန်းထဲက Steven ရှာတွေ့လိုက်တဲ့ ဖုန်းရဲ့ Missed Calls တွေထဲမှာတော့ Layla က နေရာအပြည့် ယူထားပေမယ့်လည်း တစ်နေရာမှာတော့ Duchamp ဆိုတဲ့ နာမည်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနာမည်ကတော့ Jean Paul Duchamp ကို ဆိုလိုတာ ဖြစ်ပြီး Moon Knight ရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ပြင်သစ် စစ်သားဟောင်းတစ်ယောက် ဖြစ်ပြီး Moon Knight ရဲ့ Side Kick လို့လည်း ပြောလို့ရပါတယ်။

(7) Moon Knight ဇာတ်လမ်းတွဲဟာ MCU ရဲ့ အဓိက Timeline ထဲမှာ ရှိနေသလား?

photo via screenrant

Arthur ဟာ ပြတိုက်ထဲမှာ Steven ကို အီဂျစ်နတ်ဘုရား Ammit အကြောင်း ပြောနေတဲ့ အချိန်မှာတော့ ပရိသတ်တွေအနေနဲ့ မေးစရာတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ Arthur ရဲ့ ပြောစကားအရ Ammit ဟာ သစ္စာဖောက်ခံခဲ့ရတာကြောင့် ကမ္ဘာပေါ်က မကောင်းမှုတွေကို မတားဆီးပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာပဲ ကမ္ဘာ့သမိုင်းမှာ လူတွေအများကြီး သတ်ဖြတ်ခဲ့တဲ့ ဟစ်တလာတို့လို လူတွေရဲ့ အမည်ကို ပြောသွားပါတယ်။

ဒါပေမယ့်လည်း Arthur ဟာ စကြဝဠာတစ်ဝက်ကို ဖြစ်တည်မှုကနေ ဖျောက်ပစ်ခဲ့တဲ့ Thanos အကြောင်းကို မပြောသွားခဲ့ပါဘူး။ ဒါတင်မကသေးဘဲ ဒီတစ်ပိုင်းလုံးမှာ Blip နဲ့ ပတ်သက်တာရော၊ Thanos နဲ့ ပတ်သက်တာကိုပါ ဘာကိုမှ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ MCU ရဲ့ အဓိက Timeline ထဲမှာ ရှိနေပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(8) Avatar

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Arthur ဟာ Ammit သစ္စာဖောက်ခံခဲ့ရတဲ့အကြောင်း Steven ကို ပြောပြတဲ့ အချိန်မှာတော့ သူမရဲ့ Avatar တွေကပဲ သစ္စာဖောက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာတော့ Steven ဟာ Disney က ထုတ်လုပ်ခဲ့တဲ့ Avatar ရုပ်ရှင်လား၊ ဒါမှမဟုတ် Avatar Anime လားလို့ ပြန်လည် မေးမြန်းခဲ့ပါတယ်။ ဒါကတော့ နာမည်ကြီးဇာတ်လမ်းတွေကို ရည်ညွှန်းတဲ့ Reference တစ်ခုပဲ ဖြစ်ပါတယ်။

Legos

Ref: screenrant
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular