HomeEntertainmentFilmMoon Knight အပိုင်း(၂)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Moon Knight အပိုင်း(၂)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

လောလောဆယ်မှာတော့ Moon Knight ဇာတ်လမ်းတွဲဟာ နှစ်ပိုင်းသာ ထွက်ရှိသေးပေမယ့်လည်း ပရိသတ်တွေကြားမှာတော့ အလွန်ရေပန်းစားနေပါတယ်။ အပိုင်း(၂)ကတော့ မနေ့က ဗုဒ္ဓဟူးနေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ဒီအပိုင်းထဲမှာတော့ Marc Spector ကို ပိုမိုမြင်တွေ့လာရပါတယ်။ စာဖတ်သူတွေ စောင့်မျှော်နေကြတဲ့ အပိုင်း(၂)ထဲက စိတ်ဝင်စားစရာ အချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။

(1) QR Code

photo via screenrant

QR Code ကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာပါ ပါဝင်နေတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ အပိုင်း(၁)ထဲမှာလိုပဲ ဒီအပိုင်းထဲမှာလည်း QR Code နဲ့ Easter Egg တစ်ခုကို ထည့်သွင်းထားပါသေးတယ်။ အပိုင်း(၁)ထဲက QR Code ကတော့ Moon Knight ရဲ့ First Appearance ဖြစ်တဲ့ Werewolf By Night ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ Steven ဟာ Marc ရဲ့ Locker ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ QR Code တစ်ခုကို တွေ့လိုက်ရပါတယ်။ အဲ့ဒီ QR Code ကို Scan ဖတ်လိုက်ရင်တော့ Werewolf By Night ကောမစ်ရဲ့ Issue နောက်တစ်ခုကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

(2) Marc ရဲ့ မွေးရပ်ဇာတိ

photo via screenrant

ကောမစ်ထဲမှာတော့ Marc ဟာ သူ့ရဲ့ဖန်တီးသူဖြစ်တဲ့ Doug Moench ကို ဂုဏ်ပြုတဲ့အနေနဲ့ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အကြောင်းကတော့ Doug Moench ကလည်း အဲ့ဒီမြို့မှာပဲ မွေးဖွားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း Steven က Marc ရဲ့ ပါ့တ်စ်ပို့ကို ရှာတွေ့သွားတဲ့ အချိန်မှာတော့ သူ့ရဲ့မွေးရပ်မြေဟာ ကောမစ်ထဲကနဲ့ တူညီနေတာကို တွေ့ရပါတယ်။

(3) Layla ဟာ MCU ရဲ့ Marlene Alraune ဖြစ်ပါတယ်။

photo via screenrant

ပြီးခဲ့တဲ့ အပတ်တုန်းကတော့ Layla ဟာ Marvel ကောမစ်ထဲက Marlene Alraune ဖြစ်နေနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီဇာတ်ကောင်ရဲ့ ကောမစ်ဗားရှင်းနဲ့ Live Action ဗားရှင်းဟာ နာမည်တွေ မတူညီကြပေမယ့်လည်း အပိုင်း(၂) ထွက်လာတဲ့ အချိန်မှာတော့ ဒီခန့်မှန်းချက်ဟာ မှန်ကန်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Layla ဟာ Marc ရဲ့ ဇနီးဖြစ်နေတာကို သိလိုက်ရပြီး ဗားရှင်းနှစ်ခုလုံးဟာ အီဂျစ်ယဉ်ကျေးမှုကို စိတ်ဝင်စားကြတာခြင်းလည်း တူညီနေပါတယ်။

(4) Captain America Reference

photo via screenrant

Steven ဟာ Layla ကို သူ့ရဲ့ တိုက်ခန်းဆီ ခေါ်သွားတဲ့ အချိန်မှာတော့ စာအုပ်တွေများစွာ စုဆောင်းထားတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Layla ရဲ့ အနောက်မှာ The Man in the Ice ဆိုတဲ့ စာအုပ်တစ်အုပ် ပါဝင်နေတာ တွေ့ရပါတယ်။ MCU ထဲမှာတော့ ရေခဲထဲက လူသားဆိုတဲ့ စကားလုံးဟာ လူတစ်ယောက်ကိုသာ ရည်ညွှန်းတာ ဖြစ်နိုင်ပြီး အဲ့ဒီလူကတော့ အားလုံးသိကြတဲ့ Captain America ပဲ ဖြစ်ပါတယ်။

(5) စုံထောက်နှစ်ယောက်ဟာလည်း ကောမစ်ထဲက ဇာတ်ကောင်တွေပါပဲ။

photo via screenrant

Steven ဟာ သူက Marc မဟုတ်ကြောင်း Layla ကို ရှင်းပြနေတဲ့ အချိန်မှာပဲ စုံထောက်နှစ်ယောက်က သူ့ကို ဖမ်းခေါ်သွားပါတယ်။ ဒီလိုနဲ့ ဒီအပိုင်းရဲ့ အဆုံးသတ် စာတန်းထိုးတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ အမည်ကို Bobbi နဲ့ Billy လို့ ထိုးသွားတာ တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ ဒီနှစ်ယောက်ဟာ Ammit ကို ခစားကြသူတွေပဲ ဖြစ်ပြီး ဆေးရုံတစ်ခုရဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။

(6) Easter Egg တွေ ပါဝင်နေတဲ့ Marc ရဲ့ ကိုယ်ရေးအကျဉ်း

photo via screenrant

စုံထောက်နှစ်ယောက်ဟာ Steven ကို ဖမ်းခေါ်သွားပြီး Marc ရဲ့ ကိုယ်ရေးအကျဉ်းကို ကြည့်နေတဲ့ အချိန်မှာတော့ Easter Egg နှစ်ခု ပါဝင်နေပါတယ်။ ပထမတစ်ခုကတော့ ဖိုင်တွဲနံပါတ်မှာ (၁၉၇၅)လို့ ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒါကတော့ Moon Knight ဇာတ်ကောင်ဟာ ၁၉၇၅ ခုနှစ်မှာပဲ စတင်ပါဝင်ခဲ့တာကို ညွှန်းဆိုတာ ဖြစ်ပါတယ်။

တာဝန်ကျအေးဂျင့်ဆိုတဲ့ နေရာမှာလည်း Nick Pepin လို့ ရေးသားထားတာ တွေ့ရပါတယ်။ Nick ကတော့ Captain America: Civil War ကနေ စတင်ပြီး ယခုအချိန်ထိ ထုတ်လုပ်သူအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Moon Knight ဇာတ်လမ်းတွဲရဲ့ Production နဲ့ Development နေရာတွေမှာ မန်နေဂျာအဖြစ် ပါဝင်ထားပါသေးတယ်။

(7) ကောမစ်ထဲက အဖြစ်အပျက်

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ စုံထောက်နှစ်ယောက်ဟာ Marc ရဲ့ ကိုယ်ရေးအကျဉ်းကို ဝင်ကြည့်နေရင်း အီဂျစ်မှာ ရှေးဟောင်းသုတေသန ပညာရှင်တွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့် Steven ဟာ အလွန်သွေးပျက်သွားတဲ့ အချိန်မှာတော့ Marc ဟာ “အဲ့ဒါက မင်းထင်သလို မဟုတ်ဘူး …” လို့ ပြောလိုက်ပါတယ်။

ကောမစ်ထဲမှာတော့ Marc နဲ့ Duchamp တို့ဟာ အလုပ်တစ်ခုအတွက် အီဂျစ်မှာ Raul Bushman ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်နဲ့ ပူးပေါင်းခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီရှေးဟောင်းသုတေသန ပညာရှင်တွေကို သတ်ပစ်ခဲ့သူဟာ Raul ဖြစ်ပြီး Marc က တားဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။

(8) War Machine နဲ့ အတွေးအခေါ် ဆင်တူတဲ့ Arthur

photo via screenrant

Arthur ဟာ Ammit ရဲ့ အယူအဆတွေကို Steven ကို ပြောပြခဲ့ပြီး အဲ့ဒီအချက်ဟာလည်း Endgame ထဲမှာ အငြင်းပွားခဲ့တဲ့ အချက်နဲ့ ဆင်တူနေပါတယ်။ Endgame ထဲမှာတော့ War Machine ဟာ အတိတ်ကို ပြန်သွားပြီး ကလေးအရွယ်သာ ရှိသေးတဲ့ Thanos ကိုသတ်ဖို့ အကြံပြုခဲ့ပါတယ်။ အခုလည်း အလားတူပဲ သဘောတရားချင်း ဆင်တူနေတာကို တွေ့ရပါတယ်။ Ammit ကလည်း လူတစ်ယောက်ကို တရားစီရင်တဲ့ အချိန်မှာ အဲ့ဒီလူရဲ့ တစ်ဘဝလုံးစာကို ကြည့်ရှုပြီး အနာဂတ်မှာ ပြုလုပ်မိမယ့် မကောင်းမှုတွေ ရှိနေရင် မလုပ်ရသေးခင်မှာပဲ သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

(9) The Falcon and the Winter Soldier Reference

photo via screenrant

Steven ဟာ Arthur ဆင့်ခေါ်ထားတဲ့ Jackal နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ Steven ရဲ့ အနောက်မှာ ဘတ်စ်ကားတစ်စီး ရပ်နေပါတယ်။ အဲ့ဒီဘတ်စ်ကားမှာ ကပ်ထားတဲ့ ပိုစတာကတော့ GRC (The Global Repatriation Council)ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကတော့ Thanos ရဲ့ Snap ကြောင့် ပျောက်ဆုံးသွားတဲ့ လူဦးရေတစ်ဝက် ပြန်လည်ပေါ်လာချိန်မှာ အဲ့ဒီလူတွေကို ပုံမှန်အတိုင်း ဖြစ်အောင် ပြန်လည်နေရာချပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ပါတယ်။ Moon Knight ဇာတ်လမ်းတွဲထဲမှာတော့ ဒီအချက်ဟာ တခြား MCU ပရောဂျက်တွေနဲ့ သိသိသာသာ ချိတ်ဆက်သွားတဲ့ ပထမဆုံး Reference ပဲ ဖြစ်ပါတယ်။

(10) ဘတ်စ်ကားနံပါတ်ဟာ Moon Knight ရဲ့ First Appearance ဖြစ်ပါတယ်။

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့တဲ့ ဘတ်စ်ကားကိုပဲ အပေါ်စီးကနေ ရိုက်ပြတဲ့ အချိန်မှာတော့ နောက်ထပ် Easter Egg တစ်ခုကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အဲ့ဒီဘတ်စ်ကားနံပါတ်ဟာ WBN0032 ဖြစ်ပြီး WBN ကတော့ Werewolf By Night ရဲ့ အတိုကောက် ဖြစ်ပါတယ်။ 0032 ကတော့ ကောမစ်အတွဲ #32 မှာ စတင်ပါဝင်လာတာကို ရည်ညွှန်းပါတယ်။

(11) Moon Knight ရဲ့ ကောမစ်ထဲက လက်နက်

photo via screenrant

အပိုင်း(၁)ထဲမှာတော့ Moon Knight ရဲ့ ဝတ်စုံကို စတင်မြင်တွေ့ခဲ့ရပေမယ့်လည်း အပိုင်း(၂)ထဲမှာမှ Mr. Knight ဝတ်စုံနဲ့ လက်နက်ကိုပါ ထပ်မံ မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒီဝတ်စုံနဲ့ လက်နက်တွေကတော့ ကောမစ်ထဲက ပုံစံအတိုင်း ဖန်တီးထားတာ ဖြစ်ပြီး လက်နက်ကိုတော့ အဒ်မန်တီယမ်သတ္တုနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ Wolverine ရဲ့ လက်သည်းတွေကိုလည်း အဲ့ဒီသတ္တုနဲ့ပဲ ပြုလုပ်ထားတာ ဖြစ်ပြီး ဒီအချက်ကြောင့်ပဲ MCU ထဲမှာ X-Men တွေ ပါဝင်လာဖို့ ပိုမိုနီးစပ်လာပြီ ဖြစ်ပါတယ်။

ဒါကတော့ Moon Knight ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂)ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular