HomeEntertainmentFilmMoon Knight အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

Moon Knight အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

*** Spoiler Alert ***

Moon Knight ဇာတ်လမ်းတွဲရဲ့ အပိုင်း(၅)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် ဝေခွဲမရဖြစ်အောင် ပြုလုပ်သွားပြန်ပါပြီ။ အပိုင်း(၄)တုန်းကလည်း Cliffhanger နဲ့ ပြီးဆုံးသွားပြီး ဘယ်အရာက တကယ့် Reality လည်းဆိုတာ ဝေခွဲမရ ဖြစ်ခဲ့ရပြီး ဒီအပိုင်းထဲမှာလည်း အလားတူပဲ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အပိုင်း(၅)ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Putnam Medical Facility

photo via screenrant

အပိုင်း(၅)ထဲမှာတော့ Marc ရောက်နေတဲ့ စိတ်ရောဂါကုဆေးရုံ အမည်ဟာ Putnam Medical Facility ဖြစ်ကြောင်း ပြောသွားပါတယ်။ ဒီအချက်ကတော့ Moon Knight ကောမစ်ထဲက အချက်တစ်ခုကို Reference ပြုလုပ်ထားတာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲဟာ အဲ့ဒီကောမစ်ကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ အဲဒီကောမစ်ထဲမှာတော့ Marc ဟာ Personality တွေ ကွဲထွက်စ ပြုနေတာကို သတိထားမိသွားတဲ့အချိန်မှာ သူ့ရဲ့ဖခင်ဖြစ်သူက စိတ်ရောဂါကုဆေးရုံကို ပို့ပေးခဲ့ပါတယ်။ အဲဒီဆေးရုံရဲ့ နာမည်ကတော့ Putnam Medical Facility ပဲ ဖြစ်ပါတယ်။

(2) Black Panther ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ တမလွန်

photo via screenrant

အပိုင်း(၃)ထဲမှာတော့ Wakanda ရဲ့ Panther God Bast ရဲ့ မောင်နှမဖြစ်သူ Hathor ကို မြင်တွေ့ခဲ့ရပြီး ဒီအပိုင်းထဲမှာလည်း Black Panther ရုပ်ရှင်နဲ့ ပတ်သက်နေတဲ့ Easter Egg တစ်ခု ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ Marc တို့ သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း Taweret က ပြောပြခဲ့တာပဲ ဖြစ်ပြီး တမလွန်လောကဟာ သေဆုံးသွားသူရဲ့ စိတ်အပေါ်မူတည်ပြီး ပုံစံအမျိူးမျိူး ပြောင်းလဲနိုင်တယ်လို့လည်း ပြောသွားပါတယ်။ ဒါကြောင့်ပဲ Black Panther ရုပ်ရှင်ထဲမှာ T’Challa ဟာ သူ့အဖေနဲ့ စကားပြောခဲ့တဲ့ နေရာဟာ ဒီဇာတ်လမ်းတွဲထဲက Marc တို့ ရောက်ရှိနေတဲ့ တမလွန်လောကနဲ့ အတူတူပဲ ဖြစ်ပါတယ်။

(3) Taweret ရဲ့ သင်္ဘောကို အပိုင်း(၁)မှာတည်းက Foreshadow ပြသခဲ့ပါတယ်။

photo via screenrant

Marc နဲ့ Steven တို့နှစ်ယောက်လုံးဟာ သူတို့က Duat ကို ဖြတ်မောင်းနေတဲ့ Taweret ရဲ့ သင်္ဘောပေါ်မှာ ရှိနေမှန်း သိလိုက်ရတဲ့အချိန်မှာ အလွန်ထိတ်လန့်သွားကြပါတယ်။ တကယ်တော့ ဒီအချက်ကိုတော့ အပိုင်း(၁)မှာတည်းက Foreshadow ပြသခဲ့ပါတယ်။ အဲ့ဒါကတော့ Gus ရဲ့ ရေကန်ထဲမှာ ပိရမစ်တစ်ခုနဲ့အတူ Taweret ရဲ့ သင်္ဘောကို သဲပေါ်မှာ မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

(4) QR Code နောက်ထပ်တစ်ခု

photo via screenrant

ဒီဇာတ်လမ်းတွဲထဲက တချို့ဇာတ်ဝင်ခန်းမှာတော့ QR Code တွေ ပါဝင်နေပြီး အဲဒီ QR Code တွေကတော့ Moon Knight ကောမစ်ကို အခမဲ့ ဒေါင်းလုဒ် လုပ်လို့ရတဲ့ နေရာဆီ ခေါ်ဆောင်သွားပါတယ်။ ဒီအပိုင်းထဲမှာလည်း Marc နဲ့ Steven တို့ဟာ သူတို့မိခင်ရဲ့အသုဘကို သွားခဲ့တဲ့ မှတ်ဉာဏ်ကို မှန်တံခါးကတဆင့် ကြည့်နေတဲ့အချိန်မှာ QR Code တစ်ခု ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(5) Marc ရဲ့ ညီကတော့ ကောမစ်ထဲမှာ ဗီလိန် ဖြစ်ပါတယ်။

photo via screenrant

Marc မှာ ညီတစ်ယောက် ရှိနေသေးတဲ့အကြောင်း သိလိုက်ရတဲ့ အချိန်မှာတော့ ပရိသတ်တွေနဲ့အတူပဲ Steven ဟာလည်း အလွန်အံ့ဩသွားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Randall ဟာ ငယ်ငယ်ကတည်းက သေဆုံးခဲ့ပေမယ့်လည်း ကောမစ်ထဲမှာတော့ သူဟာ Shadowknight ဆိုတဲ့ ဗီလိန် ဖြစ်လာခဲ့ပါတယ်။

(6) Gus Easter Egg

photo via screenrant

ဒီအပိုင်းထဲမှာတော့ Randall ဟာ သူ မသေဆုံးခင် အချိန်လေးမှာတင် ရောင်စုံခဲတံနဲ့ ရွှေငါးပုံလေးကို ဆွဲနေခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီရွှေငါးလေးဟာ အတောင်တစ်ဘက်ပဲ ပါဝင်တာ ဖြစ်ပြီး ဒီအချက်ကြောင့်ပဲ Steven ဟာ အတောင်တစ်ဘက်ပဲ ရှိတဲ့ Gus ကို မွေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Marc ရဲ့ ငယ်ဘဝမှာလည်း အဲဒီပုံလေးကို သူ့ရဲ့အိပ်ခန်းထဲမှာ ဘောင်သွင်းပြီး ချိတ်ဆွဲထားတာကို မြင်တွေ့ခဲ့ရပါတယ်။

(7) “Laters Gators” ဆိုတဲ့ စကားကို Marc က အရင်ဆုံး ပြောခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Marc ရဲ့ ကလေးဘဝ မှတ်ဉာဏ်တွေကို ပြန်လည် ပြသတဲ့အချိန်မှာတော့ Marc ဟာ သူ့ရဲ့အမေကို “Laters Gators” လို့ ပြောသွားတာ တွေ့ခဲ့ရပါတယ်။ ဒီစကားကိုတော့ အပိုင်း(၁)မှာတုန်းက Steven ဟာ သူ့မိခင်နဲ့ ဖုန်းပြောနေတဲ့အချိန်မှာ ပြောသွားတာ ဖြစ်ပါတယ်။ Steven ရဲ့ အမြင်မှာတော့ သူ့အမေရဲ့ မကောင်းတဲ့ အချက်တွေကို မသိရတာကြောင့် Marc ငယ်ငယ်တုန်းက ပြောဆိုသလို ပြောနေတာပဲ ဖြစ်ပါတယ်။

(8) ဒီအပိုင်းရဲ့ အဆုံးသတ်ကိုလည်း Foreshadow ပြသထားပါတယ်။

photo via screenrant

ကလေးလေး Marc ဟာ သူ့အမေရဲ့ စကားတွေကြောင့် အိမ်ပေါ်ကို ပြေးတက်လာတဲ့ အချိန်မှာတော့ သူ့အိပ်ခန်းရဲ့ အပြင်ဘက်မှာ ကျူပင်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ ဒီအပိုင်းရဲ့ အဆုံးသတ်မှာ ပါဝင်နေတဲ့ ကျူခင်းကြီးကို Foreshadow ပြသထားတာပဲ ဖြစ်ပါတယ်။

(9) လေးယောက်မြောက် Identity

photo via screenrant

Marc ရဲ့ ကလေးဘဝတုန်းက အိပ်ခန်းထဲမှာတော့ အာကာသယာဉ်ပျံ အရုပ်တွေကို မြင်တွေ့ခဲ့ရပြီး အာကာသယာဉ်မှူး အရုပ်လည်း ပါဝင်နေပါတယ်။ ဒီအချက်ကတော့ ကောမစ်ထဲက Marc ရဲ့ လေးယောက်မြောက် Identity ကို အရိပ်အမြွက် ပြသထားတာ ဖြစ်ပါတယ်။ ဒီ Identity က‌တော့ အာကာသယာဉ်မှူးတစ်ယောက် ဖြစ်ပြီး နာမည်ကိုတော့ မဖော်ပြခဲ့ပါဘူး။

(10) ချိန်ခွင်အရုပ်

photo via screenrant

Marc ရဲ့ ငယ်ဘဝက အိပ်ခန်းထဲမှာတော့ သာမန်ကလေးတွေရဲ့ အိပ်ခန်းလိုပဲ အရုပ်တွေမျိူးစုံနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့်လည်း ထူးခြားနေတာ တစ်ခုကတော့ သူ့မှာ ချိန်ခွင်ပုံစံအရုပ်ပါ ရှိနေတာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Steven နဲ့ Marc တို့က တမလွန်ဘဝမှာ ချိန်ခွင်ကို ညီမျှသွားအောင် ပြုလုပ်ရမှာကို Reference ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(11) ရုပ်ရှင်ပိုစတာ

photo via screenrant

Steven ဟာ သူဘယ်လိုမျိူး ဖြစ်ပေါ်လာတယ်ဆိုတဲ့ အကြောင်းကို နံရံမှာ ကပ်ထားတဲ့ ပိုစတာကို မြင်လိုက်ရတဲ့အချိန်မှာ သိရှိသွားပါတယ်။ အဲဒီပိုစတာထဲမှာတော့ Moon Knight ကောမစ်ကို ဖန်တီးသူတွေရဲ့ နာမည်တွေ ပါဝင်နေပါတယ်။ ပထမဆုံး တွေ့ရတဲ့ နာမည်ကတော့ Doug Perlin ပဲ ဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာတော့  Doug Moench နဲ့ Don Perlin တို့က Moon Knight ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲ ဖန်တီးသူရဲ့ အမျိူးသမီးဖြစ်တဲ့ Melissa Russell ၊ ဒီဇာတ်လမ်းတွဲရဲ့ အဖွဲ့သားဖြစ်တဲ့ Dylan Beck နဲ့ Executive Producer ဖြစ်တဲ့ Grant Curtis ကိုလည်း Dylan Curtis လို့ ဖော်ပြခဲ့ပါသေးတယ်။

(12) Waterson

photo via screenrant

Marc ဟာ သူ့မိခင်ရဲ့ အသုဘအိမ်ရှေ့မှာ အရက်ပုလင်းကို မော့လိုက်တဲ့ အချိန်မှာတော့ အနောက်မှာ Waterson Food & Liquor ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ဒီအချက်ကတော့ Disney+ က ဖန်တီးခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာ တွဲဖက်ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့တဲ့ Trevor Waterson ကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒါကတော့ Moon Knight ဇာတ်လမ်းတွဲ အပိုင်း(၅)ထဲက စိတ်ဝင်စားစရာ easter egg တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular