HomeEntertainmentFilmMoon Knight နောက်ဆုံးပိုင်းထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Moon Knight နောက်ဆုံးပိုင်းထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Moon Knight ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိုင်းကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး Season 1 ပြီးဆုံးသွားပါပြီ။ လောလောဆယ်မှာတော့ Moon Knight ဇာတ်လမ်းတွဲဟာ Limited Series လို့ ကြေညာထားတာကြောင့် Season 2 ထွက်ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့်လည်း Season 2 ကို ဆက်လက် ကြည့်ရှုရနိုင်ပါသေးတယ်။ လောလောဆယ်မှာတော့ Moon Knight ကို MCU ထဲမှာ ဆက်လက်မြင်တွေ့ရဖို့ မျှော်လင့်ရင်း နောက်ဆုံးပိုင်းထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Marc ရဲ့ သေဆုံးမှုကို အတည်ပြုပေးခဲ့တဲ့ Intro Song

photo via screenrant

နောက်ဆုံးပိုင်းရဲ့ အစမှာတော့ Earl Grant သီဆိုထားတဲ့ “The End” ဆိုတဲ့ သီချင်းကို နားဆင်ခဲ့ရပါတယ်။ ဒီသီချင်းကတော့ ၁၉၅၈ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ ဇာတ်လမ်းတစ်ခုရဲ့ အဆုံးသတ်၊ မြစ်တစ်စင်းရဲ့ အဆုံးသတ်တို့လို စာသားတွေ ပါဝင်နေပြီး Marc ဟာ Duat ကို ဖြတ်ကျော်ကာ ကျူခင်းဆီ သွားနိုင်ခဲ့တာကို Reference ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

(2) Arthur ရဲ့ အနာဂတ်ကို Foreshadow ပြသခဲ့တဲ့ ငှက်ရုပ်တု

photo via screenrant

ဒီအပိုင်းထဲမှာတော့ Arthur ဟာ ရေထဲကို ကျနေတဲ့ Marc ရဲ့ ရုပ်အလောင်းကို ဆွဲတင်နေတဲ့ အချိန်မှာ သူ့ရဲ့အနောက်မှာ Ibis လို့ ခေါ်တဲ့ ရုပ်တုကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်တုဟာ အီဂျစ်ယဉ်ကျေးမှုမှာ အဓိပ္ပာယ်တွေများစွာ ရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ Balance ပဲ ဖြစ်ပါတယ်။ ဒီရုပ်တုကတော့ Balance ဖြစ်မနေဘဲ Arthur ဘက်ကို စောင်းနေတာကြောင့် နောက်ပိုင်းဇာတ်ဝင်ခန်းတွေမှာ Arthur ရဲ့ ချိန်ခွင်ဟာ Balance မညီမျှပေမယ့်လည်း Ammit က သူ့ရဲ့အစေခံအဖြစ် ရွေးချယ်ခဲ့တာကို Foreshadow ပြသထားတာ ဖြစ်ပါတယ်။

(3) Layla က ဟီးရိုးဖြစ်သွားမှာကိုလည်း တောက်လျှောက် Foreshadow ပြသခဲ့ပါတယ်။

photo via screenrant

ပြီးခဲ့တဲ့ အပိုင်းတွေတုန်းက ပိုးကောင်လေးကို သေချာရိုက်ပြသွားသလို စိတ်ရောဂါကုဆေးရုံ ဇာတ်ဝင်ခန်းထဲမှာလည်း Layla ရဲ့ လက်မှာ ပိုးကောင်ပုံ ရေးဆွဲထားတဲ့ ပလာစတာ ကပ်ထားတာ တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေကတော့ Scarlet Scarab ဆိုတဲ့ ဇာတ်ကောင်ကို Reference ပြုလုပ်ရုံတင် မဟုတ်ဘဲ Layla ဟာ MCU ဗားရှင်း Scarlet Scarab ဖြစ်လာမယ် ဆိုတာကိုပါ Foreshadow ပြသနေတာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာလည်း Khonshu ဟာ Layla ကို “Little Bug” လို့ ခေါ်ဆိုခဲ့ပြီး Layla ကို သူ့အဖေခေါ်တဲ့ နာမည်ကတော့ “Little Scarab” ပဲ ဖြစ်ပါတယ်။

ဒီအပိုင်းထဲမှာတော့ Layla ဟာ Taweret ရဲ့ Avatar ဖြစ်လာပြီး ယခုလိုမျိူး MCU ဗားရှင်း Scarlet Scarab ဖြစ်လာတာပါ။ ကောမစ်ထဲက Scarlet Scarab နာမည်ကို စတင်ခံယူခဲ့သူကတော့ Abdul Faoul ပဲ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့သားကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ကောမစ်ထဲကအချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ Layla ရဲ့ မျိူးရိုးနာမည်ကို Abdallah El-Faouly လို့ ပေးထားပါတယ်။

(4) အစပြုခဲ့တဲ့ နေရာကို ပြန်ရောက်သွားတဲ့ ဇာတ်သိမ်း

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Marc နဲ့ Steven တို့ဟာ သူတို့ရဲ့တိုက်ခန်းထဲမှာ နိုးလာပြီး “A Man Without Love” သီချင်းကိုလည်း ကြားနေရပါတယ်။ ဒီပုံစံကတော့ Moon Knight ဇာတ်လမ်းတွဲရဲ့ အစပြုပုံနဲ့ တစ်ပုံတည်း ထပ်တူကျနေပါတယ်။ ဒါ့အပြင် Marc နဲ့ Steven တို့ဟာ ဇာတ်လမ်းအစမှာ ဝတ်ထားတဲ့ ညအိပ်ဝတ်စုံကိုပဲ ဝတ်ထားပါသေးတယ်။

အဲဒီအချိန်မှာတော့ Marc နဲ့ Steven တို့ဟာ ရင်းနှီးနေကြပြီ ဖြစ်ပေမယ့်လည်း ခြေထောက်မှာတော့ ကြိုးနဲ့ချည်ထားတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ Jake Lockley ရဲ့ တည်ရှိမှုကို သတိထားမိနေပြီး ယခုလိုပြုလုပ်ထားတယ်လို့ ယူဆနိုင်ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာ ပုံမှန်ဘဝကို ပြန်ရောက်သွားပြီး အစပြုခဲ့တဲ့နေရာကိုပဲ ပြန်ရောက်သွားပေမယ့်လည်း ဒီတစ်ခါမှာတော့ Steven အတွက် Marc ဟာ ကြောက်စရာတစ်ခု မဟုတ်တော့ပါဘူး။

(5) ရွှေငါးလေး နှစ်ကောင်

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ ငါးကန်ထဲမှာ ရွှေငါးလေးနှစ်ကောင် ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ Marc နဲ့ Steven တို့ဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ညီမျှမှုကို ရှာတွေ့သွားတာကို ဖော်ပြချင်တာပဲ ဖြစ်ပါတယ်။ အရင်ကတော့ Steven မွေးထားတဲ့ ငါးဟာ တစ်ကောင်ပဲ ရှိပေမယ့်လည်း ယခုအခါမှာတော့ Marc ကပါ တစ်ကောင် ထပ်မွေးထားတာကြောင့် အဲဒီရွှေငါးလေးဟာလည်း ဇာတ်လမ်းအစက Marc လိုမျိူး တစ်ယောက်တည်း အထီးကျန်မနေတော့ပါဘူး။

(6) စိတ်ရောဂါကုဆေးရုံတိုင်းမှာ ရှိနေတဲ့ ရာဘာ ဘဲရုပ်

photo via screenrant

အပိုင်း(၄)ထဲမှာတော့ Tomb Buster ကို ပြသနေတဲ့ တီဗွီအောက်မှာ ရာဘာ ဘဲရုပ်လေးတစ်ခုကို မြင်တွေ့ခဲ့ရပြီး ဇာတ်သိမ်းပိုင်းရဲ့ Credit Scene အစကိုလည်း ရာဘာဘဲရုပ်လေးနဲ့ပဲ စတင်ခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာတော့ Arthur ဟာ စိတ်ရောဂါကုဆေးရုံကို ရောက်နေပြီး နောက်ထပ် ဘဲရုပ်တစ်ခုကိုတော့ Jake Lockley က ဆေးရုံဝန်ထမ်းတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့ အနားက စားပွဲခုံပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။

(7) Kang the Conqueror ကို Setup ပြုလုပ်သွားတဲ့ QR Code

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ အပိုင်းတိုင်းလိုလိုမှာ QR Code တွေ ပါဝင်နေပြီး အဲဒီ QR Code တွေဟာ ပြသနေတဲ့ အပိုင်းနဲ့ သက်ဆိုင်တဲ့ ကောမစ်တွေကို အလကား ဒေါင်းလုဒ် ရရှိနိုင်မယ့် Website ကို ခေါ်သွားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအပိုင်းထဲက QR Code ကတော့ အထူးခြားဆုံး ဖြစ်ပါတယ်။ ဒီ QR Code ကနေ ဒေါင်းလို့ရနိုင်မယ့် ကောမစ်ကတော့ Moon Knight နဲ့ Kang တို့ တိုက်ခိုက်တာကို မြင်တွေ့ရမယ့် Moon Knight Annual #1 ကောမစ်ပဲ ဖြစ်ပါတယ်။ Kang ကတော့ Ant-Man and the Wasp: Quantumania ထဲမှာ ပါဝင်လာမှာ ဖြစ်ပြီး Kang နဲ့ တိုက်ခိုက်ရတဲ့ အချိန်မှာတော့ Moon Knight လည်း ပါဝင်လာမှာမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(8) Jake က ဘာကြောင့် ဇိမ်ခံကားကြီး မောင်းနိုင်တာလဲ?

photo via screenrant

ကောမစ်ထဲမှာတော့ Jake ဟာ တက္ကစီ ဒရိုင်ဘာတစ်ယောက် ဖြစ်ပြီး Steven ကတော့ မီလျံနာတစ်ယောက်ပဲ ဖြစ်ပါတယ်။ Marvel ဟာ Live Action အဖြစ် ပြန်လည်ဖန်တီးတဲ့ အချိန်မှာတော့ ပြောင်းလဲမှုတွေ ပြုလုပ်လေ့ ရှိပြီး ဒီအချက်ကလည်း ပြောင်းလဲထားတာ ဖြစ်နိုင်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ဒီဇိမ်ခံကားကြီးကို စီးနိုင်ဖို့ မဖြစ်နိုင်သလို Steven ဟာလည်း ပိုက်ဆံချမ်းသာတဲ့ အရိပ်အယောင် မပြသထားတာကြောင့် Jake ဟာ မီလျံနာ ဖြစ်နေမလား ဆိုတာတော့ Moon Knight ရဲ့ နောက်ထပ် ပရောဂျက်တွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(9) Moon Knight ကောမစ်ဖန်တီးသူကို ဂုဏ်ပြုထားတဲ့ ဆေးရုံနာမည်

photo via screenrant

Jake ဟာ အကူအညီမဲ့နေတဲ့ Arthur ကို ဆေးရုံထဲက ထုတ်လာပြီး အပြင်မှာစောင့်နေတဲ့ ကားထဲကို ထည့်လိုက်တဲ့ အချိန်မှာတော့ ဆေးရုံရဲ့ အမည်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဆေးရုံရဲ့ အမည်ကတော့ Sienkiewicz စိတ်ရောဂါကုဆေးရုံပဲ ဖြစ်ပြီး ဒီအချက်ကတော့ ၁၉၈၀ ကျော်က Moon Knight ကောမစ်ရဲ့ ရေးဆွဲသူဖြစ်တဲ့ Bill Sienkiewicz ကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(10) အနောက်တိုင်းဝတ်စုံကို ဝတ်ထားတဲ့ Khonshu

photo via screenrant

Arthur ဟာ ကားထဲကို ရောက်သွားတဲ့ အချိန်မှာတော့ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ Khonshu ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲ တလျှောက်လုံးမှာတော့ Khonshu ကို ပတ်တီးတွေ ပတ်ထားတဲ့ ဖရိုဖရဲပုံစံနဲ့ပဲ မြင်တွေ့ခဲ့ရပြီး Credit Scene ထဲမှာတော့ ထူးထူးဆန်းဆန်း အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ဒီပုံစံကတော့ ကောမစ်ထဲကအချက်ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲက တချို့အခြေအနေတွေမှာတော့ Khonshu ဟာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရသလို အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတာမျိူးလည်း ရှိပါတယ်။

(11) SPKTR

photo via screenrant

Jake မောင်းလာတဲ့ ကားရဲ့ လိုင်စင်ပြားမှာတော့ SPKTR လို့ ရေးထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီစာလုံးတွေကတော့ Marc Spector ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း ကောမစ်ထဲက ပုံစံကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပြီး ရေးထားတဲ့ စာလုံးကအစ တူညီနေပါတယ်။

(12) အပိတ်သီချင်း

photo via screenrant

Credit Scene ရဲ့ အဆုံးသတ်မှာတော့ Frank Sinatra ရဲ့ “My Way of Life” သီချင်းကို အသုံးပြုခဲ့ပါတယ်။ စာသားတွေကတော့ “You are my way of life, the only way I know… I’ll never let you go” ဆိုတဲ့ စာသားတွေ ပါဝင်ပါတယ်။ ဒီစာသားတွေဟာ အကြမ်းဖက်မှုကို သဘောကျတဲ့ Jake Lockley ဟာ Khonshu ရဲ့ Avatar ဖြစ်လာတာကြောင့် လွတ်လွတ်လပ်လပ် သတ်ဖြတ်လို့ ရနေတာကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့ Marc Spector ဟာ Personality တွေအမျိူးအမျိူး ကွဲထွက်နေတာကြောင့် Khonshu အတွက် အကောင်းဆုံး host ဖြစ်နေပြီး Marc ကို လွတ်လပ်မှု မပေးချင်တာကိုလည်း ဆိုလိုတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular