HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Moon Knight ဇာတ်လမ်းတွဲ

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Moon Knight ဇာတ်လမ်းတွဲ

ယခုနှစ်အတွင်းမှာပဲ Disney+ က ပြသသွားမယ့် Moon Knight ဇာတ်လမ်းတွဲကတော့ ပထမဆုံးထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ နာမည်ကျော်သရုပ်ဆောင် Oscar Isaac ဟာ စိတ်အမျိူးမျိူး ကွဲထွက်နေတဲ့ Marc Spector ဇာတ်ရုပ်နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကောမစ်ထဲမှာတော့ Marc ဟာ အီဂျစ်ရဲ့ လနတ်ဘုရားဖြစ်သူ Khonshu ဆီက စွမ်းအားတွေ ရရှိလာတာ ဖြစ်ပြီး Khonshu ကတော့ သူ့ကို လမင်းရဲ့ သူရဲကောင်းအဖြစ် တာဝန်ထမ်းဆောင်စေချင်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကိုတော့ ပြီးခဲ့တဲ့နှစ်တုန်းက စတင်ရိုက်ကူးခဲ့ပြီး အောက်တိုဘာလမှာ ရိုက်ကူးရေး ပြီးဆုံးသွားတာ ဖြစ်ပါတယ်။ Disney+ မှာ ထွက်ရှိလာမယ့် နေ့ရက်အတိအကျကိုတော့ မသိရသေးပေမယ့်လည်း မတ်လမှာ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

အသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Marc ဟာ သူ့ကိုယ်သူတောင် စိတ်အမျိူးမျိူး ကွဲထွက်နေမှန်း မသိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ မြင်တွေ့ရသလို Moon Knight ဝတ်စုံနဲ့ အဲ့ဒီဝတ်စုံကို ဘယ်လိုဝတ်ဆင်တယ်ဆိုတာလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Ethan Hawke သရုပ်ဆောင်ထားပြီး နာမည်မသိရသေးတဲ့ ဗီလိန်ဇာတ်ကောင်ကိုလည်း ပထမဆုံး မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဒီဇာတ်လမ်းတွဲရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ ဇာတ်လမ်းအကျဉ်းထဲမှာတော့ Oscar Isaac ရဲ့ ဇာတ်ကောင်ကို Steven Grant လို့ ဖော်ပြထားပြီး လက်ဆောင်ပစ္စည်းအရောင်းဆိုင်က နူးညံ့သိမ်မွေ့တဲ့ ဝန်ထမ်းတစ်ယောက်လို့ ဆိုထားပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အချိန်အပိုင်းအခြားတစ်ခုမှာ အသိစိတ်ကင်းမဲ့တာမျိူး ကြုံတွေ့ရပြီး နောက်မှာတော့ သူဟာ စိတ်အမျိူးမျိူး ကွဲထွက်နေမှန်း သိလိုက်ရပါတယ်။ သူ့ရဲ့ ကွဲထွက်နေတဲ့ စိတ်တွေထဲက တစ်ခုကတော့ Marc Spector ဆိုတဲ့ ကြေးစားသမားတစ်ယောက်လည်း ပါဝင်နေပါတယ်။

Moon Knight ရဲ့ နာမည်အကြီးဆုံး Identity ဟာ Marc Spector ဖြစ်ပေမယ့်လည်း ကောမစ်ထဲမှာတော့ သူ့ကို Steven Grant ဆိုတဲ့ Identity နဲ့ ပထမဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Steven Grant Identity ဟာ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ MCU ထဲမှာတော့ ထုံးစံအတိုင်း ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ဘယ်လိုပြောင်းလဲမှုတွေ ပြုလုပ်ထားမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular