HomeCharacterMoon Knight ဇာတ်လမ်းတွဲ မတိုင်ခင်မှာ Marc က ဘယ်လိုသေဆုံးသွားခဲ့သလဲ?

Moon Knight ဇာတ်လမ်းတွဲ မတိုင်ခင်မှာ Marc က ဘယ်လိုသေဆုံးသွားခဲ့သလဲ?

***Spoiler Alert***

Moon Knight ဇာတ်လမ်းတွဲကတော့ ယခုအချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပြီး Rating ကောင်းတွေလည်း ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပထမပိုင်းမှာကတည်းက Marc ဟာ ဒီဇာတ်လမ်းတွဲ မတိုင်ခင်မှာ သေဆုံးခဲ့ဖူးတယ်လို့ အရိပ်အမြွက်ဖော်ပြခဲ့ပြီး အပိုင်း(၂) ထဲမှာတော့ ဒီအချက်ကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း Marc ဟာ ဘယ်လိုမျိူး သေဆုံးခဲ့တယ် ဆိုတာကို မဖော်ပြသေးပါဘူး။

photo via screenrant

အပိုင်း(၂) ထဲမှာတော့ Khonshu ဟာ Marc ကို ရှာတွေ့တဲ့ အချိန်တုန်းက အလောင်းကောင်ပါပဲလို့ ပြောခဲ့ပြီး Marc ဟာ အရင်က သေဆုံးခဲ့ဖူးတယ် ဆိုတာကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ကောမစ်ထဲမှာ Marc က ဘယ်မျိူးသေဆုံးခဲ့တယ် သို့မဟုတ် Moon Knight ရဲ့ Origin ကို ဖော်ပြပေးချင်ပါတယ်။

ကောမစ်ထဲမှာတော့ Bushman ဆိုတဲ့ ဗီလိန်က အီဂျစ်မှာရှိတဲ့ တူးဖော်ရေးနေရာတစ်ခုကို တိုက်ခိုက်ဖို့အတွက် Marc ကို ကမ်းလှမ်းခဲ့ပါတယ်။ Marc ကလည်း ကြေးစားသမား ဖြစ်တာကြောင့် သဘောတူခဲ့ပေမယ့် Bushman က ရှေးဟောင်းသုတေသန ပညာရှင်တွေအားလုံးကို သတ်ပစ်ဖို့ လုပ်တဲ့အချိန်မှာတော့ Marc ဟာ ပညာရှင်တစ်ချို့ကို ကာကွယ်ပေးခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ Bushman ဟာ Marc ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Marc ရဲ့ ရုပ်အလောင်းကို Khonshu က ရှာတွေ့သွားကာ ပြန်လည်အသက်သွင်းခဲ့ပြီး Moon Knight ဖြစ်လာစေခဲ့ပါတယ်။

photo via screenrant

MCU ဟာ ကောမစ်ထဲက အချက်တွေကို ပြန်လည်ပြုပြင်ဖန်တီးလေ့ ရှိပေမယ့်လည်း ယခုအထိတော့ ကောမစ်ထဲက Marc ရဲ့ Origin အတိုင်း မြင်တွေ့ရဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Marc ဟာ ကြေးစားတစ်ယောက် ဖြစ်တယ် ဆိုတာကို အတည်ပြုထားသလို အပိုင်း(၂) ထဲမှာ Steven ကို ဖမ်းသွားတဲ့ ရဲနှစ်ယောက်ကလည်း အီဂျစ်က ရှေးဟောင်းသုသေတန ပညာရှင်တွေအကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါကြောင့်ပဲ MCU ဟာ Marc ဘယ်လိုမျိူး သေဆုံးသွားတယ် ဆိုတာကို ကောမစ်ထဲကအတိုင်း တစ်ပုံစံတည်း မဟုတ်ရင်တောင် ခပ်ဆင်ဆင် ဖန်တီးသွားလိမ့်မယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular