HomeEntertainmentFilmMorbius အပါအဝင် ပရောဂျက်တွေအားလုံးကို ရုရှားမှာ ပြသဖို့ ဆိုင်းငံ့ထားတဲ့ Sony

Morbius အပါအဝင် ပရောဂျက်တွေအားလုံးကို ရုရှားမှာ ပြသဖို့ ဆိုင်းငံ့ထားတဲ့ Sony

ယခုအချိန်မှာတော့ ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုကြောင့် ရုရှားနိုင်ငံဟာ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ တခြားပိတ်ပင်မှုတွေများစွာကို ကြုံတွေ့နေရပါတယ်။ မကြာသေးခင်တုန်းကလည်း Disney စတူဒီယိုဟာ သူတို့ရဲ့ ပရောဂျက်တွေအားလုံးကို ရုရှားမှာ ပြသဖို့ ရပ်ဆိုင်းထားပါတယ်။ ဒါ့အပြင် ယခုအချိန်မှာတော့ Sony စတူဒီယိုကလည်း Morbius ရုပ်ရှင်အပါအဝင် တခြားပရောဂျက်တွေအားလုံးကို ရုရှားမှာ ပြသဖို့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

photo via screenrant

ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာတော့ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရဲ့မြို့တော် ဖြစ်တဲ့ ကီယက်မြို့အပြင် တခြားမြို့တွေ အများအပြားဟာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရုပ်ရှင်စတူဒီယိုတွေက အခုလိုမျိူး သူတို့ရဲ့ ပရောဂျက်တွေကို ရုရှားမှာ ပြသဖို့ ဆိုင်းငံ့ထားသလိုပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကလည်း ရုရှားကို ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။

ယခုအချိန်မှာတော့ Sony စတူဒီယိုဟာ သူတို့ရဲ့ ပရောဂျက်တွေ အားလုံးကို ရုရှားမှာ ပြသဖို့ ဆိုင်းငံ့ထားတဲ့အကြောင်း Deadline သတင်းဌာနကို ပြောပြထားပါတယ်။

“လောလောဆယ်မှာ ဖြစ်ပျက်နေတဲ့ ယူကရိန်းကို ကျူးကျော်မှုကြောင့် Morbius အပါအဝင် ရုရှားမှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ ကျွန်တော်တို့ရဲ့  ပရောဂျက် အားလုံးကို ဆိုင်းငံ့ထားပါတယ်။ ထိခိုက်ခဲ့သူတွေ အားလုံးအတွက် ဆုတောင်းပေးနေပြီး ဒီအခြေအနေတွေ အမြန်‌ဆုံး အဆင်ပြေသွားဖို့ မျှော်လင့်ပါတယ် … “

photo via screenrant

နယ်ပယ်မျိူးစုံက စီးပွားရေးလုပ်ငန်းစုတွေဟာလည်း ရုရှားရဲ့ လုပ်ရပ်တွေကြောင့်ပဲ တတ်နိုင်တဲ့ဘက်က စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် Facebook နဲ့ Tiktok တို့လို ဆိုရှယ်မီဒီယာတွေကလည်း ရုရှားအစိုးရက ထိန်းချုပ်ထားတဲ့ အကောင့်တွေအားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။ ဒီလိုပိတ်ဆို့မှုတွေကြောင့် ရုရှားအစိုးရအတွက် ဖိအားတွေ တစထက်တစ ပိုများလာပြီး ယခုအခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular