HomeCelebs Update NewsInternationalဟောလိဝုဒ်ဆယ်လီတွေရဲ့ ဆွဲဆောင်မှုအရှိဆုံး ဟောလိုးဝင်း ဝတ်စုံများ 

ဟောလိဝုဒ်ဆယ်လီတွေရဲ့ ဆွဲဆောင်မှုအရှိဆုံး ဟောလိုးဝင်း ဝတ်စုံများ 

မကြာခင်မှာပဲ ဟောလိုးဝင်းကာလ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဟောလိုးဝင်းဆိုရင် costume တွေ ဝတ်ဆင်ပြီး ကျင်းပလေ့ ရှိကြသလို ဟောလိဝုဒ်က ဆယ်လီတွေဟာလည်း အမျိုးမျိုးသော ဝတ်စုံတွေနဲ့ ဒီပွဲတော်ကို ဖြတ်သန်းလေ့ ရှိပါတယ်။ ဒီထဲကမှ ဆက်ဆီအကျဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ဟောလိုးဝင်း ဝတ်စုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Kylie Jenner
Photo Credit: mirror uk

၂၀၁၉ ခုနှစ်ရဲ့ ဟောလိုးဝင်းမှာတော့ Kylie Jenner ဟာ Disney ဇာတ်ကောင် ရေသူမလေး Ariel လိုမျိုး ဆင်မြန်းခဲ့ပါတယ်။ အနီရောင်ဆံပင်၊ ကနုကမာပုံစံ အင်္ကျီ၊ အစိမ်းရောင် ရေသူမစကတ်ရှည်တို့နဲ့ Ariel ရဲ့ ဇာတ်ရုပ်အတိုင်း ပီပြင်စွာ ဝတ်ဆင်ခဲ့တဲ့ Kylie ရဲ့ ဝတ်စုံဟာ အဲဒီနှစ်က နာမည်ကြီးသွားခဲ့ပါသေးတယ်။

Rihanna
Photo via hollywoodlife

နာမည်ကျော်အဆိုတော် Rihanna ရဲ့ ဟောလိုးဝင်းဝတ်စုံတွေထဲမှာ ဒီတစ်ခုကလည်း တော်တော်လေး ကြည့်လို့ကောင်းပါတယ်။ ဒါဟာ Teenage Mutant Ninja Turtles ကာတွန်းဇာတ်လမ်းတွဲထဲက လိပ်နင်ဂျာတွေအတိုင်း ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ကာတွန်းထဲကအတိုင်းပဲ Rihanna ဟာလည်း ဒီဝတ်စုံကို တစ်ယောက်တည်း ဝတ်ဆင်လာတာ မဟုတ်ဘဲ သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ အုပ်စုလိုက် ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝတ်စုံနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ သူမဟာ တစ်ကိုယ်လုံးကို အစိမ်းရောင်တွေ သုတ်လိမ်းထားတာကလည်း အဓိက ဆွဲဆောင်မှုတစ်ခုပါပဲ။

Kendall Jenner
Photo via popsugar

နာမည်ကျော် စူပါမော်ဒယ်လ် Kendall ကတော့ ဒီဝတ်စုံကို ၂၀၁၉ ခုနှစ်ရဲ့ ဟောလိုးဝင်းမှာ လော့စ်အိန်ဂျလိစ်မြို့ ပေါ်ပီ နိုက်ကလပ်ရဲ့ ပါတီပွဲကို တက်တုန်းက ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Cardi B
Photo: iamcardib/ Instagram

Cardi ကတော့ သူမရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေပြီး အပြင်းစားညှို့အားနဲ့ ဆက်ဆီကျစေမယ့် မက်ဒူဇာဝတ်စုံနဲ့ ဟောလိုးဝင်းမှာ ပရိသတ်တွေကို ပြုစားခဲ့ပါသေးတယ်။

Amelia Hamlin
Photo via hollywoodlife

Amelia Hamlin ကတော့ ၂၀၂၀ ခုနှစ်ရဲ့ ဟောလိုးဝင်းပါတီကို candy girl ပုံစံနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရှင်းပြီး ငယ်ရွယ်နုပျိုမှုကို ပေါ်လွင်စေပြီး တချိန်တည်းမှာတင် ဆွဲဆောင်မှုအားပြင်းစေတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။

Paris Hilton
Photo via hollywoodlife

Paris Hilton ကတော့ ၂၀၂၀ ခုနှစ်ရဲ့ ဟောလိုးဝင်းမှာ အပြာရောင်နတ်သမီးပုံစံ ဝတ်ဆင်ခဲ့တာပါ။ အမြဲတမ်း မိန်းကလေးဆန်ဆန် နုရွလှပတာမျိုးကိုပဲ ကြိုက်တတ်တဲ့ သူမအတွက် ဒီဝတ်စုံကတော့ အသင့်တော်ဆုံးပါပဲ။

Kendall Jenner
Photo: kendalljenner/ Instagram

၂၀၁၉ ခုနှစ်ရဲ့ ဟောလိုးဝင်းမှာတော့ Kendall ဟာ အလှပဆုံး ရွှေရောင် တောနတ်သူငယ်မလေးအဖြစ် ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ သူမရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ပါဆင်နယ်လ်တီကို ထင်ဟပ်စေမယ့် ဒီဝတ်စုံလေးကတော့ Kendall ကို တော်တော်လေး ဆွဲဆောင်မှုရှိစေတာ ငြင်းမရပါဘူး။

Kylie Jenner
Photo via hollywoodlife

၂၀၂၀ ခုနှစ် ဟောလိုးဝင်းပါတီအတွက် Kylie ရွေးချယ်ခဲ့တဲ့ ဝတ်စုံကတော့ ပါဝါရိန်းဂျားအနီရောင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ခန္ဓာသွင်ပြင်ကို ပေါ်လွင်စေမယ့် ဝတ်စုံတွေကိုပဲ ရွေးချယ်ဝတ်ဆင်တတ်တဲ့ သူမအတွက် ပါဝါရိန်းဂျားဝတ်စုံဟာလည်း ဆက်ဆီကျနေစေတာကို သတိရသွားစေပါတယ်။

Cardi B
Photo: iamcardib/ Instagram

ဒါကတော့ အပေါ်က မက်ဒူဇာဝတ်စုံကို ဝတ်ဆင်ခဲ့တာနဲ့ တစ်နှစ်တည်း ၂၀၂၀ ခုနှစ် ဟောလိုးဝင်းမှာ ဝတ်ဆင်ခဲ့တဲ့ Cardi ရဲ့ နောက်ထပ်ဝတ်စုံပဲ ဖြစ်ပါတယ်။ Marvel ရဲ့ ကောမစ်ဇာတ်ကောင် Scarlett Witch ပုံစံအတိုင်း ဝတ်ဆင်ထားတာ ဖြစ်ပြီး ထူးခြားစွာနဲ့ Cardi နဲ့လည်း လိုက်ဖက်နေတာ တွေ့ရပါတယ်။

Bella Hadid
Photo: bellahadid/ Instagram

Bella ကတော့ ၂၀၂၀ ခုနှစ် ဟောလိုးဝင်းမှာ DC ကောမစ်ဇာတ်ကောင် Poison Ivy အဖြစ် ဝတ်ဆင်ခဲ့ပါတယ်။ သူမ ဝတ်ဆင်ထားတဲ့ ဝတ်စုံဒီဇိုင်းကတော့ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman and Robin ဇာတ်ကားထဲက မင်းသမီး Uma Thurman သရုပ်ဆောင်ခဲ့တဲ့ Poison Ivy ဇာတ်ကောင်ရဲ့ ဝတ်စုံဒီဇိုင်းပဲ ဖြစ်ပါတယ်။

ဒါကတော့ ဟောလိဝုဒ်ဆယ်လီတွေ ဝတ်ဆင်ခဲ့ဖူးတဲ့ ဆွဲဆောင်မှုအရှိဆုံး ဟောလိုးဝင်းဝတ်စုံအချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်မိတဲ့ အခြားဝတ်စုံတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular