HomeEntertainmentFilmကာရိုက်တာမျိုးစုံကို အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်တဲ့ ဟောလိဝုဒ်ကြယ်ပွင့်(၇)ယောက်

ကာရိုက်တာမျိုးစုံကို အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်တဲ့ ဟောလိဝုဒ်ကြယ်ပွင့်(၇)ယောက်

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

သရုပ္ေဆာင္ေတြမွာ ဗီလိန္၊ သူေဌး၊ ဆင္းရဲသားစသျဖင့္ ဇာတ္ရုပ္တစ္ေနရာဆို တစ္ေနရာနဲ႔ပဲ လိုက္ဖက္တဲ့သူေတြ ရိွပါတယ္။ ဒါေပမယ့္ အခုေဖာ္ျပေပးမယ့္ ေဟာလိ၀ုဒ္ သရုပ္ေဆာင္ေတြကေတာ့ ဒီလိုျပႆနာေတြ မရိွပါဘူး။ သူတို႔ဟာ ဗီလိန္၊ လူစြမ္းေကာင္းစသျဖင့္ က်ရာဇာတ္ရုပ္မ်ိဳးစုံမွာ ေျပာင္ေျမာက္ေအာင္ သရုပ္ေဆာင္ႏိုင္စြမ္း ရိွၾကသူေတြပါ။ အဲ့ဒီ့စြယ္စုံရတဲ့ ေဟာလိ၀ုဒ္ သရုပ္ေဆာင္(၇)ေယာက္ကေတာ့ …

Cate Blanchett
Photo: pinterest

ၾသစေတ်းလ်မင္းသမီးတစ္လက္ျဖစ္တဲ့ Cate ဟာ သူမ ပါ၀င္သရုပ္ေဆာင္ထားတဲ့ နာမည္ႀကီးရုပ္ရွင္ေတြနဲ႔ လူသိမ်ားသလို ဇာတ္ရုပ္မ်ိဳးစုံ သရုပ္ေဆာင္ဖူးလို႔လည္း ခ်ီးက်ဴးခံရသူပါ။ သူမရဲ႕ နာမည္ႀကီးဇာတ္ကားေတြကေတာ့ “The Lord of the Rings”၊ “Thor: Ragnarok”၊ “The Aviator”၊ “Indiana Jones”ဇာတ္ကားေတြ ျဖစ္ပါတယ္။ အံ့ၾသဖို႔ေကာင္းတဲ့ သရုပ္ေဆာင္စြမ္းရည္ကေတာ့ “I’m Not There” ဇာတ္ကားထဲမွာ Bod Dylan ေနရာကေန ေယာက္်ားဇာတ္ရုပ္အျဖစ္ သရုပ္ေဆာင္ထားတာပါပဲ။

James McAvoy
Photo: pinterest

James ရဲ႕ လက္ဖ်ားခါေလာက္တဲ့ သရုပ္ေဆာင္စြမ္းရည္ကိုေတာ့ “Split”ဇာတ္ကားထဲမွာ အတိုင္းသား ျမင္ရမွာပါ။ လူတစ္ေယာက္တည္းမွာ စိတ္ေတြအမ်ိဳးမ်ိဳး ကြဲထြက္ေနတဲ့ ဇာတ္ေကာင္မ်ိဳးအျဖစ္ သရုပ္ေဆာင္ႏိုင္ဖို႔ဆိုတာဟာ သရုပ္ေဆာင္တိုင္း တတ္ႏိုင္တဲ့အရာေတာ့ မဟုတ္ပါဘူး။ သူပါ၀င္သရုပ္ေဆာင္ထားတဲ့ အထင္ကရ ဇာတ္ကားေတြကေတာ့ “X-Men: First Class”၊ “The Chronicles Of Narnia: The Lion, The Witch And The Wardrobe”၊ “Glass”၊ “Atomic Blonde” စတာေတြပဲ ျဖစ္ပါတယ္။

Tom Hanks
Photo: pinterest

စြယ္စုံရမင္းသားႀကီး Tom Hanks ဟာ ဆယ္စုႏွစ္မ်ားစြာတိုင္ေအာင္ ဂႏၳ၀င္သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ေဟာလိ၀ုဒ္မွာ သတ္မွတ္ထားခံရၿပီး သူႀကိဳက္တဲ့ ဇာတ္ေကာင္ေနရာကို ေရြးခ်ယ္ၿပီး သရုပ္ေဆာင္ႏိုင္တဲ့အထိ ၾသဇာအာဏာ ႀကီးမားသူလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ သရုပ္ေဆာင္ခ်က္ေတြနဲ႔ အလားတူတဲ့ သရုပ္ေဆာင္မႈမ်ိဳး မရိွႏိုင္ဘူးလို႔လည္း ပရိသတ္ေတြက ဆိုၾကပါတယ္။ Big”၊ “Forrest Gump”၊ “Castaway”၊ “Green Mile”၊ “Saving Private Ryan”အစရိွတဲ့ ဇာတ္ကားေတြကေတာ့ သူ႔ရဲ႕ ထိတ္ထိတ္ႀကဲ ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။

Samuel L. Jackson
Photo: pinterest

ဒီမင္းသားႀကီးကေတာ့ ဗီလိန္ေနရာမွာလည္း ပီျပင္သူ ျဖစ္တဲ့အျပင္ အေမခ်စ္သား ေၾကးစားလူသတ္သမားဆိုရင္လည္း ေျပာင္ေျမာက္ေအာင္ သရုပ္ေဆာင္ႏိုင္သူပါ။ သူသရုပ္ေဆာင္ခ်င္တဲ့ ဇာတ္ရုပ္ဆိုရင္ ေဆးစက္က်ရာ အရုပ္ထင္ေစႏိုင္တဲ့ စြမ္းရည္ရိွသူလည္း ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေသာ ရုပ္ရွင္ထုတ္လုပ္သူေတြဆိုရင္ Samuel နဲ႔ လိုက္ဖက္မယ့္ ကာရိုက္တာမ်ိဳးကို တမင္ေရးဖြဲ႕၊ရိုက္ကူးေပးတာမ်ိဳးေတာင္ ရိွပါတယ္။ သူ႔ရဲ႕ နာမည္ႀကီးဇာတ္ကားေတြကေတာ့ MCU ရုပ္ရွင္ကားေတြထဲက “Nick Fury”ဇာတ္ေကာင္ ၊ “Shaft”၊ “Pulp Fiction”၊ “Django Unchained”နဲ႔ “Snakes on a Plane” စတာေတြပဲ ျဖစ္ပါတယ္။

Gary Oldman
Photo: pinterest

ကြဲျပားတဲ့ ဇာတ္ရုပ္ေတြမွာ အထာက်က် သဘာက်က် သရုပ္ေဆာင္ႏိုင္တဲ့ မင္းသားႀကီး ျဖစ္ပါတယ္။ “Léon: The Professional”ကစလို႔ “The Fifth Element”၊ “The Dark Knight”၊ “Sid and Nancy”၊ “Darkest Hour” ဇာတ္ကားေတြမွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ သူ႔ရဲ႕သရုပ္ေဆာင္စြမ္းရည္ေတြကို ေတြ႕ျမင္ရမွာပါ။

Leonardo DiCaprio
Photo: pinterest

ဆယ္ေက်ာ္သက္ရြယ္တည္းက ေဟာလိ၀ုဒ္မွာ ေအာင္ျမင္လာခဲ့တဲ့ မင္းသားေခ်ာ Leonardo ကေတာ့ စာဖတ္ပရိသတ္ကို အေထြအထူး ေျပာျပေနစရာကို မလိုေလာက္ေတာ့ဘူးလို႔ ခံစားမိပါတယ္။ သူ သရုပ္မေဆာင္ဖူးတဲ့ ကာရိုက္တာေတြကို စဥ္းစားမယ္ဆိုရင္ တကယ္ကို လက္ခ်ိဳးေရလို႔ ရေလာက္ပါတယ္။ “What’s Eating Gilbert Grape” ထဲက က်ပ္မျပည့္၊ ဥာဏ္ရည္မမွီတဲ့ ေကာင္ေလးေနရာကစလို႔ “The Basketball Diaries”၊ “Titanic”၊ “The Beach”၊ “Catch Me if You Can”၊ “The Revenant”၊ “The Wolf of Wall Street” နဲ႔ “Inception” တို႔ဟာ သူ႔ရဲ႕တကယ္ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေကာင္းေတြ ျဖစ္ပါတယ္။

Christian Bale
Photo: pinterest

ဂ်ပိန္ေလးေနရာက သရုပ္ေဆာင္မလား၊ လူ၀ႀကီး လုပ္ရမလား၊ ဘတ္မန္းလုပ္ရမလား၊ ဘာလာလာ တကယ္ကို ေဒါင္းေနတဲ့ ၿဂိဳဟ္သား သရုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ တကယ္အ့ံၾသစရာေကာင္းတဲ့ မင္းသားတစ္လက္ ျဖစ္ၿပီးေတာ့ သူသရုပ္ေဆာင္တဲ့ ဇာတ္ရုပ္အေပၚမွာ လူေရာ၊စိတ္ေရာ တကယ္ကို တာ၀န္ေက်လြန္းတဲ့ မင္းသားလည္း ျဖစ္ပါတယ္။ သူသရုပ္ေဆာင္ထားတဲ့ American Psycho”၊ “The Dark Knight Trilogy”၊ “The Prestige”၊ “The Machinist” နဲ႔ “The Empire of the Sun” တို႔ဟာ ေခတ္သစ္ဂႏၳ၀င္ဇာတ္ကားေတြလို႔ေတာင္ တင္စားခံထားၾကရတာလည္း ျဖစ္ပါတယ္။

ဒါကေတာ့ ဇာတ္ရုပ္အမ်ိဳးမ်ိဳးမွာ ပရိသတ္ကို ပါးစပ္အေဟာင္းသား ျဖစ္သြားေစေအာင္လို႔ အႏုပညာေမွာ္ ကြန္႕ျမဴးႏိုင္လြန္းတဲ့ စြယ္စုံရ သရုပ္ေဆာင္(၇)ေယာက္ပါ။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ သရုပ္ေဆာင္ေတြ ရိွရင္လည္း comment မွာ ေရးသြားေပးပါဦး။

Xei

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

(Unicode Version)

သရုပ်ဆောင်တွေမှာ ဗီလိန်၊ သူဌေး၊ ဆင်းရဲသားစသဖြင့် ဇာတ်ရုပ်တစ်နေရာဆို တစ်နေရာနဲ့ပဲ လိုက်ဖက်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ဟောလိဝုဒ် သရုပ်ဆောင်တွေကတော့ ဒီလိုပြဿနာတွေ မရှိပါဘူး။ သူတို့ဟာ ဗီလိန်၊ လူစွမ်းကောင်းစသဖြင့် ကျရာဇာတ်ရုပ်မျိုးစုံမှာ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်စွမ်း ရှိကြသူတွေပါ။ အဲ့ဒီ့စွယ်စုံရတဲ့ ဟောလိဝုဒ် သရုပ်ဆောင်(၇)ယောက်ကတော့ …

Cate Blanchett
Photo: pinterest

သြစတျေးလျမင်းသမီးတစ်လက်ဖြစ်တဲ့ Cate ဟာ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးရုပ်ရှင်တွေနဲ့ လူသိများသလို ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင်ဖူးလို့လည်း ချီးကျူးခံရသူပါ။ သူမရဲ့ နာမည်ကြီးဇာတ်ကားတွေကတော့ “The Lord of the Rings”၊ “Thor: Ragnarok”၊ “The Aviator”၊ “Indiana Jones”ဇာတ်ကားတွေ ဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ “I’m Not There” ဇာတ်ကားထဲမှာ Bod Dylan နေရာကနေ ယောက်ျားဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ထားတာပါပဲ။

James McAvoy
Photo: pinterest

James ရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကိုတော့ “Split”ဇာတ်ကားထဲမှာ အတိုင်းသား မြင်ရမှာပါ။ လူတစ်ယောက်တည်းမှာ စိတ်တွေအမျိုးမျိုး ကွဲထွက်နေတဲ့ ဇာတ်ကောင်မျိုးအဖြစ် သရုပ်ဆောင်နိုင်ဖို့ဆိုတာဟာ သရုပ်ဆောင်တိုင်း တတ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ သူပါဝင်သရုပ်ဆောင်ထားတဲ့ အထင်ကရ ဇာတ်ကားတွေကတော့ “X-Men: First Class”၊ “The Chronicles Of Narnia: The Lion, The Witch And The Wardrobe”၊ “Glass”၊ “Atomic Blonde” စတာတွေပဲ ဖြစ်ပါတယ်။

Tom Hanks
Photo: pinterest

စွယ်စုံရမင်းသားကြီး Tom Hanks ဟာ ဆယ်စုနှစ်များစွာတိုင်အောင် ဂန္ထဝင်သရုပ်ဆောင်တစ်ယောက်အဖြစ် ဟောလိဝုဒ်မှာ သတ်မှတ်ထားခံရပြီး သူကြိုက်တဲ့ ဇာတ်ကောင်နေရာကို ရွေးချယ်ပြီး သရုပ်ဆောင်နိုင်တဲ့အထိ သြဇာအာဏာ ကြီးမားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အလားတူတဲ့ သရုပ်ဆောင်မှုမျိုး မရှိနိုင်ဘူးလို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။ Big”၊ “Forrest Gump”၊ “Castaway”၊ “Green Mile”၊ “Saving Private Ryan”အစရှိတဲ့ ဇာတ်ကားတွေကတော့ သူ့ရဲ့ ထိတ်ထိတ်ကြဲ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

Samuel L. Jackson
Photo: pinterest

ဒီမင်းသားကြီးကတော့ ဗီလိန်နေရာမှာလည်း ပီပြင်သူ ဖြစ်တဲ့အပြင် အမေချစ်သား ကြေးစားလူသတ်သမားဆိုရင်လည်း ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်သူပါ။ သူသရုပ်ဆောင်ချင်တဲ့ ဇာတ်ရုပ်ဆိုရင် ဆေးစက်ကျရာ အရုပ်ထင်စေနိုင်တဲ့ စွမ်းရည်ရှိသူလည်း ဖြစ်ပါတယ်။ တစ်ချို့သော ရုပ်ရှင်ထုတ်လုပ်သူတွေဆိုရင် Samuel နဲ့ လိုက်ဖက်မယ့် ကာရိုက်တာမျိုးကို တမင်ရေးဖွဲ့၊ရိုက်ကူးပေးတာမျိုးတောင် ရှိပါတယ်။ သူ့ရဲ့ နာမည်ကြီးဇာတ်ကားတွေကတော့ MCU ရုပ်ရှင်ကားတွေထဲက “Nick Fury”ဇာတ်ကောင် ၊ “Shaft”၊ “Pulp Fiction”၊ “Django Unchained”နဲ့ “Snakes on a Plane” စတာတွေပဲ ဖြစ်ပါတယ်။

Gary Oldman
Photo: pinterest

ကွဲပြားတဲ့ ဇာတ်ရုပ်တွေမှာ အထာကျကျ သဘာကျကျ သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီး ဖြစ်ပါတယ်။ “Léon: The Professional”ကစလို့ “The Fifth Element”၊ “The Dark Knight”၊ “Sid and Nancy”၊ “Darkest Hour” ဇာတ်ကားတွေမှာ မယုံနိုင်စရာကောင်းလောက်အောင် သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကို တွေ့မြင်ရမှာပါ။

Leonardo DiCaprio
Photo: pinterest

ဆယ်ကျော်သက်ရွယ်တည်းက ဟောလိဝုဒ်မှာ အောင်မြင်လာခဲ့တဲ့ မင်းသားချော Leonardo ကတော့ စာဖတ်ပရိသတ်ကို အထွေအထူး ပြောပြနေစရာကို မလိုလောက်တော့ဘူးလို့ ခံစားမိပါတယ်။ သူ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာတွေကို စဉ်းစားမယ်ဆိုရင် တကယ်ကို လက်ချိုးရေလို့ ရလောက်ပါတယ်။ “What’s Eating Gilbert Grape” ထဲက ကျပ်မပြည့်၊ ဉာဏ်ရည်မမှီတဲ့ ကောင်လေးနေရာကစလို့ “The Basketball Diaries”၊ “Titanic”၊ “The Beach”၊ “Catch Me if You Can”၊ “The Revenant”၊ “The Wolf of Wall Street” နဲ့ “Inception” တို့ဟာ သူ့ရဲ့တကယ်အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။

Christian Bale
Photo: pinterest

ဂျပိန်လေးနေရာက သရုပ်ဆောင်မလား၊ လူဝကြီး လုပ်ရမလား၊ ဘတ်မန်းလုပ်ရမလား၊ ဘာလာလာ တကယ်ကို ဒေါင်းနေတဲ့ ဂြိုဟ်သား သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ တကယ်အံ့သြစရာကောင်းတဲ့ မင်းသားတစ်လက် ဖြစ်ပြီးတော့ သူသရုပ်ဆောင်တဲ့ ဇာတ်ရုပ်အပေါ်မှာ လူရော၊စိတ်ရော တကယ်ကို တာဝန်ကျေလွန်းတဲ့ မင်းသားလည်း ဖြစ်ပါတယ်။ သူသရုပ်ဆောင်ထားတဲ့ American Psycho”၊ “The Dark Knight Trilogy”၊ “The Prestige”၊ “The Machinist” နဲ့ “The Empire of the Sun” တို့ဟာ ခေတ်သစ်ဂန္ထဝင်ဇာတ်ကားတွေလို့တောင် တင်စားခံထားကြရတာလည်း ဖြစ်ပါတယ်။

ဒါကတော့ ဇာတ်ရုပ်အမျိုးမျိုးမှာ ပရိသတ်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေအောင်လို့ အနုပညာမှော် ကွန့်မြူးနိုင်လွန်းတဲ့ စွယ်စုံရ သရုပ်ဆောင်(၇)ယောက်ပါ။ စာဖတ်သူတို့ နှစ်သက်တဲ့ သရုပ်ဆောင်တွေ ရှိရင်လည်း comment မှာ ရေးသွားပေးပါဦး။

Xei

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

 

 

RELATED ARTICLES

Most Popular