HomeEntertainmentFilmဂြိုဟ်သားဇာတ်ကောင်တွေမှာ သရုပ်ဆောင်ထားတဲ့ အလန်းစားသရုပ်ဆောင်များ 

ဂြိုဟ်သားဇာတ်ကောင်တွေမှာ သရုပ်ဆောင်ထားတဲ့ အလန်းစားသရုပ်ဆောင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်တွေထဲက ဂြိုဟ်သားဇာတ်ကောင်တွေကို ရုပ်ရှင်ချစ်သူအများစု မှတ်မိနေကြဦးမှာပါ။ သို့ပေမယ့် သဏ္ဍာန်လုပ်၊ သရုပ်ပေါ်အောင် သရုပ်ဆောင်ရတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ဆိုးဆိုး ဂြိုဟ်သားဇာတ်ရုပ်နေရာတွေမှာ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေတိုင်း တကယ့်အပြင်လောကမှာ ရုပ်ဆိုးမနေကြပါဘူး။ ဇာတ်လမ်းထဲက ရုပ်ဆိုးဆိုး ဂြိုဟ်သားဇာတ်ကောင်တွေကို ထိထိမိမိ သရုပ်ဆောင်ထားကြတဲ့ လက်တွေ့ဘဝက သရုပ်ဆောင်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Sci-Fi ရုပ်ရှင်တွေရဲ့ ဂြိုဟ်သားဇာတ်ကောင်အဖြစ် ကျော်ကြားလှတဲ့ မင်းသမီး Zoe Saldana

Sci-Fi ရုပ်ရှင်လောကမှာတော့ မင်းသမီး Zoe Saldana ဟာ တကယ့် ဂြိုဟ်သူမတစ်ဦး ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Avatar ရုပ်ရှင်ကားကြီးမှာ Neytiri ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပြီး Guardians of the Galaxy နဲ့ Avengers ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ Gamora အဖြစ် သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ Avatar ရုပ်ရှင်ထဲမှာတော့ Zoe ရဲ့ မူရင်းပုံစံက (၃၀)ရာခိုင်နှုန်းသာ ပါဝင်ခဲ့ပြီး ကျန်တာကို CGI နဲ့ အထူးဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိလာတဲ့ Guardians of the Galaxy ဇာတ်ကားထဲမှာ Gamora ဆိုတဲ့ ဂြိုဟ်သူမလေးအဖြစ် ထပ်မံသရုပ်ဆောင်ရတဲ့အခါမှာတော့ “ကျွန်မက sci-fi ဇာတ်ကားတွေရဲ့ ပြယုဂ်တစ်ခု မဟုတ်ပါဘူး။ ဘာဖြစ်လို့ အမြဲတမ်း အာကာသထဲ ရောက်နေရလည်း မစဉ်းစားတတ်တော့ဘူး” လို့ အငေါ်တူးခဲ့ဖူးပါတယ်။ သို့ပေမယ့် နောက်ပိုင်း ၂၀၁၇ခုနှစ်မှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ Gamora ဇာတ်ရုပ်ကြောင့် တကယ့် superhuman တစ်ယောက်လို ခံစားရတယ်လို့ ပြောခဲ့ဖူးပါတယ်။

ရိုက်ကွင်းပေါ်မှာ အေးဂျင့်ကတောင် မမှတ်မိအောင် ဖြစ်ခဲ့ရတဲ့ Eric Bana

မင်းသား Eric Bana ဟာ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Star Trek ရုပ်ရှင်ဇာတ်ကားထဲမှာ Nero ဆိုတဲ့ ဂြိုဟ်သားဗီလိန်နေရာကနေ သရုပ်ဆောင်ခဲ့ရပါတယ်။ မျက်နှာပေါ်က တက်တူးတွေနဲ့ ဂြိုဟ်သားနားရွက်တို့ကြောင့် Eric ရဲ့ မူလရုပ်ရည်ဟာ လုံးဝပြောင်းလဲသွားခဲ့ပြီး ရိုက်ကွင်းပေါ်မှာ သူ့ရဲ့အေးဂျင့်ကိုယ်တိုင်က မမှတ်မိလောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Eric ကတော့ “ဇာတ်ညွှန်းပေးကတည်းက ကျွန်တော့်ရဲ့ ရုပ်က လုံးဝမမှတ်မိလောက်အောင် ပြောင်းသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမျိုးက ဟောလိဝုဒ်မှာ ရှားတောင့်ရှားခဲ မဟုတ်ပါလား” လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပြခဲ့ဖူးပါတယ်။

ဂြိုဟ်သူမ ဇာတ်ရုပ်အတွက် လေးနာရီလောက် မိတ်ကပ်ပြင်ခဲ့ရတဲ့ မင်းသမီး Sofia Boutella

အယ်လ်ဂျီးရီးယားသူ အချောလေး မင်းသမီး Sofia Boutella ဟာ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Star Trek Beyond ရုပ်ရှင်ကားထဲက Jaylah ဆိုတဲ့ ဇာတ်ရုပ်အတွက် အော်စကာ စံကာတင်ချိတ်ခဲ့တဲ့ မိတ်ကပ်အဖွဲ့နဲ့ ပူးပေါင်းခဲ့ရပါတယ်။ မျက်နှာပေါ်က အမည်းရောင်အစင်းကြောင်းတွေနဲ့ နဖူးမောက်မောက်ကြီးကြောင့် fan တွေတောင် မမှတ်မိနိုင်အောင် ဖြစ်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ရဲ့ ဇာတ်ရုပ်ပီပြင်ဖို့အတွက်ကိုတော့ လေးနာရီလောက် မိတ်ကပ်လိမ်းရလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ပြင်းလွန်းတဲ့ အပူဒဏ်ကို အံတုပြီး Unkar Plutt ဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Simon Pegg

Photo: business insider

Simon Pegg ဟာ Star Wars ရဲ့ တကယ့်အမာခံပရိသတ်ပါ။ ဒါကြောင့်လည်း Star Wars: The Force Awakens ဇာတ်ကားအတွက် ဇာတ်ရုပ်တစ်ခုကို ကမ်းလှမ်းတဲ့အခါ မဆိုင်းမတွ လက်ခံခဲ့တာ ဖြစ်ပါတယ်။ Unkar Plutt ဆိုတဲ့နေရာမှာ ဘယ်အင်္ဂလိပ်သရုပ်ဆောင်က သရုပ်ဆောင်ထားလည်းဆိုတာ မေးခွန်းထုတ်ခဲ့ဖူးပါသလား။ တစ်ခြားသူ မဟုတ်ပါဘူး။ မင်းသား Simon Pegg ပဲ ဖြစ်ပါတယ်။ Simon ရဲ့ နဂိုပုံစံကနေ ဒီလိုပုံစံကြီး ဖြစ်သွားအောင်ဆိုရင်တော့ မိတ်ကပ်၊ အထူးဝတ်စုံနဲ့ ဒစ်ဂျစ်တယ်လ် effect တွေ ပူးပေါင်းခဲ့ရပါတယ်။ ဝတ်စုံထဲမှာ လူဝင်နေမှန်း မသိသာအောင် မျက်လုံးနဲ့ နှုတ်ခမ်းတွေကို ဆွဲဖြဲထားတဲ့ပုံစံ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ဝတ်စုံဟာ ရာဘာဝတ်စုံဖြစ်ပြီး ရိုက်ကူးချိန်ကဆိုရင် အပူချိန် (၅၀)ဒီဂရီ စင်တီဂရိတ်အောက်မှာ ချွေးဒီးဒီးကျပြီး ရိုက်ကူးခဲ့ရတယ်လို့ Simon က ပြောပြဖူးပါတယ်။

ဆံပင်နီနဲ့ အချောလေးအဖြစ်ကနေ အပြာရောင် ဂြိုဟ်သူမလေးအဖြစ် ပြောင်းလဲသရုပ်ဆောင်ခဲ့တဲ့ Karen Gillan 

မင်းသမီး Karen Gillan ဟာ Guardians of the Galaxy ဇာတ်ကားတွေနဲ့ Avengers ဇာတ်ကားတွေထဲက Nebula ဆိုတဲ့ ဂြိုဟ်သူမလေးအဖြစ် သရုပ်ဆောင်ဖို့ သူမရဲ့အနီရောင် ဆံကေသာတွေကို ဖုံးကွယ်ခဲ့ရပြီး တစ်ကိုယ်လုံး အပြာရောင်အဖြစ် ပြောင်းလဲခဲ့ရပါတယ်။ ပထမဆုံး Guardians of the Galaxy ဇာတ်ကားထဲမှာ သိပ်အရေးမပါတဲ့ ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ခဲ့ရပေမယ့် Avengers: Endgame အထိ ရောက်လာတဲ့အခါမှာတော့ တကယ့် အရေးကြီးနေရာကနေ သရုပ်ဆောင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ Nebula ဇာတ်ရုပ်အတွက် ဝတ်ဆင်ရတဲ့ ဝတ်စုံဟာ အတော်လေး ဝတ်ဆင်ရခက်ခဲပြီး လုံးဝအလုံပိတ်ဖြစ်တဲ့အတွက် မွန်းကြပ်တဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပြာရောင်အသားအရောင်အတွက် ဆေးခြယ်ထားတာမဟုတ်ဘဲ အပေါ်ကနေ အရေပြားတစ်ထပ်ကို ကော်နဲ့ကပ်ထားတာဖြစ်လို့ သိပ်ပြီး လှုပ်ရှားလို့လည်း မရခဲ့ဘူးလို့ ပြောပြခဲ့ဖူးပါတယ်။

ပိုးကောင်လူသားပုံစံ ဂြိုဟ်သူမလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Pom Klementieff

ပိုးကောင်တွေလို ထိပ်က နှာမောင်းနှစ်ခုနဲ့ anime ကားထဲကလို မျက်လုံးပုံစံရှိတဲ့ ဂြိုဟ်သူမလေး Mantis အဖြစ် သရုပ်ဆောင်ခဲ့တာကတော့ မင်းသမီး Pom Klementieff ဖြစ်ပါတယ်။ သူမရဲ့ ပြောပြချက်အရ နဖူးနေရာကို အထူးမိတ်ကပ်နဲ့ ပြင်ဆင်ခဲ့ရပြီး ကျန်တာကတော့ CGI အထူးပြုလုပ်ချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကတော့ ဂြိုဟ်သားဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ အကြောင်းပါ။ ဖတ်ပြီးလို့ နှစ်သက်ရင်လည်း Like & Share ပေးခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ ေဟာလိ၀ုဒ္ရုပ္ရွင္ေတြထဲက ၿဂိဳဟ္သားဇာတ္ေကာင္ေတြကို ရုပ္ရွင္ခ်စ္သူအမ်ားစု မွတ္မိေနၾကဦးမွာပါ။ သို႔ေပမယ့္ သ႑ာန္လုပ္၊ သရုပ္ေပၚေအာင္ သရုပ္ေဆာင္ရတဲ့ ေဟာလိ၀ုဒ္ရုပ္ရွင္ေလာကမွာ ရုပ္ဆိုးဆိုး ၿဂိဳဟ္သားဇာတ္ရုပ္ေနရာေတြမွာ သရုပ္ေဆာင္ထားတဲ့ သရုပ္ေဆာင္ေတြတိုင္း တကယ့္အျပင္ေလာကမွာ ရုပ္ဆိုးမေနၾကပါဘူး။ ဇာတ္လမ္းထဲက ရုပ္ဆိုးဆိုး ၿဂိဳဟ္သားဇာတ္ေကာင္ေတြကို ထိထိမိမိ သရုပ္ေဆာင္ထားၾကတဲ့ လက္ေတြ႕ဘ၀က သရုပ္ေဆာင္ေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

Sci-Fi ရုပ္ရွင္ေတြရဲ႕ ၿဂိဳဟ္သားဇာတ္ေကာင္အျဖစ္ ေက်ာ္ၾကားလွတဲ့ မင္းသမီး Zoe Saldana

Sci-Fi ရုပ္ရွင္ေလာကမွာေတာ့ မင္းသမီး Zoe Saldana ဟာ တကယ့္ ၿဂိဳဟ္သူမတစ္ဦး ျဖစ္ပါတယ္။ ၂၀၀၉ခုႏွစ္က ထြက္ရိွခဲ့တဲ့ Avatar ရုပ္ရွင္ကားႀကီးမွာ Neytiri ဇာတ္ေကာင္ေနရာမွာ သရုပ္ေဆာင္ထားၿပီး Guardians of the Galaxy နဲ႔ Avengers ရုပ္ရွင္ဇာတ္ကားေတြထဲမွာေတာ့ Gamora အျဖစ္ သရုပ္ေဆာင္ထားသူလည္း ျဖစ္ပါတယ္။ Avatar ရုပ္ရွင္ထဲမွာေတာ့ Zoe ရဲ႕ မူရင္းပုံစံက (၃၀)ရာခိုင္ႏႈန္းသာ ပါ၀င္ခဲ့ၿပီး က်န္တာကို CGI နဲ႔ အထူးဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၂၀၁၄ခုႏွစ္မွာ ထြက္ရိွလာတဲ့ Guardians of the Galaxy ဇာတ္ကားထဲမွာ Gamora ဆိုတဲ့ ၿဂိဳဟ္သူမေလးအျဖစ္ ထပ္မံသရုပ္ေဆာင္ရတဲ့အခါမွာေတာ့ “ကၽြန္မက sci-fi ဇာတ္ကားေတြရဲ႕ ျပယုဂ္တစ္ခု မဟုတ္ပါဘူး။ ဘာျဖစ္လို႔ အၿမဲတမ္း အာကာသထဲ ေရာက္ေနရလည္း မစဥ္းစားတတ္ေတာ့ဘူး” လို႔ အေငၚတူးခဲ့ဖူးပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္း ၂၀၁၇ခုႏွစ္မွာ ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ Gamora ဇာတ္ရုပ္ေၾကာင့္ တကယ့္ superhuman တစ္ေယာက္လို ခံစားရတယ္လို႔ ေျပာခဲ့ဖူးပါတယ္။

ရိုက္ကြင္းေပၚမွာ ေအးဂ်င့္ကေတာင္ မမွတ္မိေအာင္ ျဖစ္ခဲ့ရတဲ့ Eric Bana

မင္းသား Eric Bana ဟာ ၂၀၀၉ခုႏွစ္က ထြက္ရိွခဲ့တဲ့ Star Trek ရုပ္ရွင္ဇာတ္ကားထဲမွာ Nero ဆိုတဲ့ ၿဂိဳဟ္သားဗီလိန္ေနရာကေန သရုပ္ေဆာင္ခဲ့ရပါတယ္။ မ်က္ႏွာေပၚက တက္တူးေတြနဲ႔ ၿဂိဳဟ္သားနားရြက္တို႔ေၾကာင့္ Eric ရဲ႕ မူလရုပ္ရည္ဟာ လုံး၀ေျပာင္းလဲသြားခဲ့ၿပီး ရိုက္ကြင္းေပၚမွာ သူ႔ရဲ႕ေအးဂ်င့္ကိုယ္တိုင္က မမွတ္မိေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လို႔ Eric ကေတာ့ “ဇာတ္ညႊန္းေပးကတည္းက ကၽြန္ေတာ့္ရဲ႕ ရုပ္က လုံး၀မမွတ္မိေလာက္ေအာင္ ေျပာင္းသြားမယ္လို႔ ေျပာခ့ဲပါတယ္။ ဒီလိုအခြင့္အေရးမ်ိဳးက ေဟာလိ၀ုဒ္မွာ ရွားေတာင့္ရွားခဲ မဟုတ္ပါလား” လို႔ သူ႔ရဲ႕အေတြ႕အႀကံဳကို ေျပာျပခဲ့ဖူးပါတယ္။

ၿဂိဳဟ္သူမ ဇာတ္ရုပ္အတြက္ ေလးနာရီေလာက္ မိတ္ကပ္ျပင္ခဲ့ရတဲ့ မင္းသမီး Sofia Boutella

အယ္လ္ဂ်ီးရီးယားသူ အေခ်ာေလး မင္းသမီး Sofia Boutella ဟာ ၂၀၁၆ခုႏွစ္က ထြက္ရိွခဲ့တဲ့ Star Trek Beyond ရုပ္ရွင္ကားထဲက Jaylah ဆိုတဲ့ ဇာတ္ရုပ္အတြက္ ေအာ္စကာ စံကာတင္ခ်ိတ္ခဲ့တဲ့ မိတ္ကပ္အဖြဲ႔နဲ႔ ပူးေပါင္းခဲ့ရပါတယ္။ မ်က္ႏွာေပၚက အမည္းေရာင္အစင္းေၾကာင္းေတြနဲ႔ နဖူးေမာက္ေမာက္ႀကီးေၾကာင့္ fan ေတြေတာင္ မမွတ္မိႏိုင္ေအာင္ ျဖစ္ခဲ့ရသူလည္း ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ရဲ႕ ဇာတ္ရုပ္ပီျပင္ဖို႔အတြက္ကိုေတာ့ ေလးနာရီေလာက္ မိတ္ကပ္လိမ္းရေလ့ ရိွတယ္လို႔လည္း သိရပါတယ္။

ျပင္းလြန္းတဲ့ အပူဒဏ္ကို အံတုၿပီး Unkar Plutt ဇာတ္ရုပ္မွာ သရုပ္ေဆာင္ခဲ့တဲ့ မင္းသား Simon Pegg

Photo: business insider

Simon Pegg ဟာ Star Wars ရဲ႕ တကယ့္အမာခံပရိသတ္ပါ။ ဒါေၾကာင့္လည္း Star Wars: The Force Awakens ဇာတ္ကားအတြက္ ဇာတ္ရုပ္တစ္ခုကို ကမ္းလွမ္းတဲ့အခါ မဆိုင္းမတြ လက္ခံခဲ့တာ ျဖစ္ပါတယ္။ Unkar Plutt ဆိုတဲ့ေနရာမွာ ဘယ္အဂၤလိပ္သရုပ္ေဆာင္က သရုပ္ေဆာင္ထားလည္းဆိုတာ ေမးခြန္းထုတ္ခဲ့ဖူးပါသလား။ တစ္ျခားသူ မဟုတ္ပါဘူး။ မင္းသား Simon Pegg ပဲ ျဖစ္ပါတယ္။ Simon ရဲ႕ နဂိုပုံစံကေန ဒီလိုပုံစံႀကီး ျဖစ္သြားေအာင္ဆိုရင္ေတာ့ မိတ္ကပ္၊ အထူး၀တ္စုံနဲ႔ ဒစ္ဂ်စ္တယ္လ္ effect ေတြ ပူးေပါင္းခဲ့ရပါတယ္။ ၀တ္စုံထဲမွာ လူ၀င္ေနမွန္း မသိသာေအာင္ မ်က္လုံးနဲ႔ ႏႈတ္ခမ္းေတြကို ဆြဲၿဖဲထားတဲ့ပုံစံ လုပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့၀တ္စုံဟာ ရာဘာ၀တ္စုံျဖစ္ၿပီး ရိုက္ကူးခ်ိန္ကဆိုရင္ အပူခ်ိန္ (၅၀)ဒီဂရီ စင္တီဂရိတ္ေအာက္မွာ ေခၽြးဒီးဒီးက်ၿပီး ရိုက္ကူးခဲ့ရတယ္လို႔ Simon က ေျပာျပဖူးပါတယ္။

ဆံပင္နီနဲ႔ အေခ်ာေလးအျဖစ္ကေန အျပာေရာင္ ၿဂိဳဟ္သူမေလးအျဖစ္ ေျပာင္းလဲသရုပ္ေဆာင္ခဲ့တဲ့ Karen Gillan 

မင္းသမီး Karen Gillan ဟာ Guardians of the Galaxy ဇာတ္ကားေတြနဲ႔ Avengers ဇာတ္ကားေတြထဲက Nebula ဆိုတဲ့ ၿဂိဳဟ္သူမေလးအျဖစ္ သရုပ္ေဆာင္ဖို႔ သူမရဲ႕အနီေရာင္ ဆံေကသာေတြကို ဖုံးကြယ္ခဲ့ရၿပီး တစ္ကိုယ္လုံး အျပာေရာင္အျဖစ္ ေျပာင္းလဲခဲ့ရပါတယ္။ ပထမဆုံး Guardians of the Galaxy ဇာတ္ကားထဲမွာ သိပ္အေရးမပါတဲ့ ကာရိုက္တာအေနနဲ႔ သရုပ္ေဆာင္ခဲ့ရေပမယ့္ Avengers: Endgame အထိ ေရာက္လာတဲ့အခါမွာေတာ့ တကယ့္ အေရးႀကီးေနရာကေန သရုပ္ေဆာင္ခဲ့ရသူလည္း ျဖစ္ပါတယ္။ Nebula ဇာတ္ရုပ္အတြက္ ၀တ္ဆင္ရတဲ့ ၀တ္စုံဟာ အေတာ္ေလး ၀တ္ဆင္ရခက္ခဲၿပီး လုံး၀အလုံပိတ္ျဖစ္တဲ့အတြက္ မြန္းၾကပ္တဲ့ ေ၀ဒနာကိုလည္း ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အျပာေရာင္အသားအေရာင္အတြက္ ေဆးျခယ္ထားတာမဟုတ္ဘဲ အေပၚကေန အေရျပားတစ္ထပ္ကို ေကာ္နဲ႔ကပ္ထားတာျဖစ္လို႔ သိပ္ၿပီး လႈပ္ရွားလို႔လည္း မရခဲ့ဘူးလို႔ ေျပာျပခဲ့ဖူးပါတယ္။

ပိုးေကာင္လူသားပုံစံ ၿဂိဳဟ္သူမေလးအျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Pom Klementieff

ပိုးေကာင္ေတြလို ထိပ္က ႏွာေမာင္းႏွစ္ခုနဲ႔ anime ကားထဲကလို မ်က္လုံးပုံစံရိွတဲ့ ၿဂိဳဟ္သူမေလး Mantis အျဖစ္ သရုပ္ေဆာင္ခဲ့တာကေတာ့ မင္းသမီး Pom Klementieff ျဖစ္ပါတယ္။ သူမရဲ႕ ေျပာျပခ်က္အရ နဖူးေနရာကို အထူးမိတ္ကပ္နဲ႔ ျပင္ဆင္ခဲ့ရၿပီး က်န္တာကေတာ့ CGI အထူးျပဳလုပ္ခ်က္ေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါကေတာ့ ၿဂိဳဟ္သားဇာတ္ေကာင္ေနရာေတြမွာ သရုပ္ေဆာင္ထားတဲ့ သရုပ္ေဆာင္ေတြရဲ႕ အေၾကာင္းပါ။ ဖတ္ၿပီးလို႔ ႏွစ္သက္ရင္လည္း Like & Share ေပးခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular