HomeEntertainmentFilmအမေရိကန်သမ္မတတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

အမေရိကန်သမ္မတတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲကလည်း ပူပူနွေးနွေး ပြီးစီးကာစမို့ အမေရိကန်နိုင်ငံရဲ့ သမ္မတတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကားကောင်း(၅)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(5) W
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံရဲ့ (၄၃)ယောက်မြောက်သမ္မတ ဖြစ်တဲ့ George W. Bush ရဲ့ ဘဝအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Josh Brolin ၊ Colin Hanks နဲ့ Toby Jones တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

(4) LBJ
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံရဲ့ (၃၆)ယောက်မြောက် သမ္မတဖြစ်သူ Lyndon B. Johnson အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ သူဟာ John F. Kennedy နဲ့ ပူးပေါင်းပြီး ၁၉၆၀ကျော်လောက်မှာ နိုင်ငံသားအခွင့်အရေးကို လူတိုင်းရဖို့အတွက် ကြိုးစားခဲ့ပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Woody Harrelson ၊ Michael Stahl-David နဲ့ Richard Jenkins တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(3) Nixon
photo via imdb

ဒီဇာတ်ကားကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံရဲ့ (၃၇)ယောက်မြောက် သမ္မတဖြစ်တဲ့ Richard Nixon ရဲ့ အတ္ထုပ္ပတ္တိပဲ ဖြစ်ပါတယ်။ Richard Nixon ရဲ့ ငယ်ဘဝကနေ စပြီးတော့ သမ္မတဖြစ်လာတဲ့အချိန်ထိကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အာဏာရတဲ့ အချိန်ကစတင်ပြီး နောက်ဆုံးမှာ သူ့ရဲ့ဘဝနေဝင်ချိန် ရောက်တဲ့အထိ ဘဝတစ်လျှောက်လုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Anthony Hopkins ၊ Joe Allen နဲ့ Powers Boothe တို့က အဓိက ပါဝင်ခဲ့ပြီး အော်စကာ (၄)ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

(2) The Butler
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Cecil Gaines ဆိုသူ ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Cecil Gaines ဟာ ရှစ်ယောက်မြောက် အမေရိကန်သမ္မတရဲ့ လက်ထက်မှာ အိမ်ဖြူတော်ရဲ့ အိမ်တော်ထိန်းအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ Forest Whitaker ၊ David Banner နဲ့ Michael Rainey Jr. တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Lincoln
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Lincoln ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတဲ့အချိန်မှာ Lincoln ဟာ သူ့ရဲ့အစွမ်းအာဏာကို အသုံးချပြီးတော့ အမေရိကန်နိုင်ငံကြီးကို ပြန်လည်စည်းလုံးစေခဲ့သလို ကျွန်စနစ်ကိုလည်း ပပျောက်အောင် ပြုလုပ်ပေးခဲ့ပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Daniel Day-Lewis နဲ့ Sally Field တို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့ပြီး အော်စကာဆု (၂)ခုတောင် ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲကလည္း ပူပူေႏြးေႏြး ၿပီးစီးကာစမို႔ အေမရိကန္ႏိုင္ငံရဲ႕ သမၼတေတြနဲ႔ ပတ္သက္ၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြထဲက ဇာတ္ကားေကာင္း(၅)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(5) W
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ (၄၃)ေယာက္ေျမာက္သမၼတ ျဖစ္တဲ့ George W. Bush ရဲ႕ ဘဝအေၾကာင္းကို စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ Josh Brolin ၊ Colin Hanks နဲ႔ Toby Jones တို႔က အဓိက ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

(4) LBJ
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီး IMDb (6.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ (၃၆)ေယာက္ေျမာက္ သမၼတျဖစ္သူ Lyndon B. Johnson အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ သူဟာ John F. Kennedy နဲ႔ ပူးေပါင္းၿပီး ၁၉၆၀ေက်ာ္ေလာက္မွာ ႏိုင္ငံသားအခြင့္အေရးကို လူတိုင္းရဖို႔အတြက္ ႀကိဳးစားခဲ့ပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Woody Harrelson ၊ Michael Stahl-David နဲ႔ Richard Jenkins တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(3) Nixon
photo via imdb

ဒီဇာတ္ကားကေတာ့ ၁၉၉၅ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ (၃၇)ေယာက္ေျမာက္ သမၼတျဖစ္တဲ့ Richard Nixon ရဲ႕ အတၳဳပၸတၱိပဲ ျဖစ္ပါတယ္။ Richard Nixon ရဲ႕ ငယ္ဘဝကေန စၿပီးေတာ့ သမၼတျဖစ္လာတဲ့အခ်ိန္ထိကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အာဏာရတဲ့ အခ်ိန္ကစတင္ၿပီး ေနာက္ဆုံးမွာ သူ႔ရဲ႕ဘဝေနဝင္ခ်ိန္ ေရာက္တဲ့အထိ ဘဝတစ္ေလွ်ာက္လုံးကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Anthony Hopkins ၊ Joe Allen နဲ႔ Powers Boothe တို႔က အဓိက ပါဝင္ခဲ့ၿပီး ေအာ္စကာ (၄)ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့ပါတယ္။

(2) The Butler
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Cecil Gaines ဆိုသူ ရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Cecil Gaines ဟာ ရွစ္ေယာက္ေျမာက္ အေမရိကန္သမၼတရဲ႕ လက္ထက္မွာ အိမ္ျဖဴေတာ္ရဲ႕ အိမ္ေတာ္ထိန္းအေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ Forest Whitaker ၊ David Banner နဲ႔ Michael Rainey Jr. တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) Lincoln
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အေမရိကန္သမၼတ Lincoln ရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အေမရိကန္ ျပည္တြင္းစစ္ ျဖစ္ေနတဲ့အခ်ိန္မွာ Lincoln ဟာ သူ႔ရဲ႕အစြမ္းအာဏာကို အသုံးခ်ၿပီးေတာ့ အေမရိကန္ႏိုင္ငံႀကီးကို ျပန္လည္စည္းလုံးေစခဲ့သလို ကြၽန္စနစ္ကိုလည္း ပေပ်ာက္ေအာင္ ျပဳလုပ္ေပးခဲ့ပုံေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Daniel Day-Lewis နဲ႔ Sally Field တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ေအာ္စကာဆု (၂)ခုေတာင္ ရရွိထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular