HomeEntertainmentFilmConjuring ကို ကြိုက်နှစ်သက်တယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းများ

Conjuring ကို ကြိုက်နှစ်သက်တယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်ဆိုတာဟာ လူတိုင်းကြိုက်နှစ်သက်တဲ့ အပန်းဖြေမှုတစ်ခုဖြစ်ပြီး ရုပ်ရှင်အမျိုးအစားပေါင်းများစွာလည်း ရှိကြပါတယ်။ အဲ့လိုအမျိုးအစားတွေအများကြီးထဲက တစ်ချို့ဆိုရင် အချိန်ခဏလေးပဲ လူကြိုက်များခဲ့ပြီး နောက်ပိုင်းမှာတော့ ပျောက်ကွယ်သွားတဲ့ ဇာတ်လမ်းအမျိုးအစားတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် horror အမျိုးအစားကတော့ ဟိုးအရင်ကတည်းက ရိုက်ကူးခဲ့ကြတဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပေမယ့် အခုချိန်ထိ လူကြိုက်များနေပြီး နာမည်ကြီးနေတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Horror အမျိုးအစားထဲမှာဆိုရင် Conjuring လိုဇာတ်ကားကိုမသိတဲ့သူ မရှိသလောက်ဖြစ်သလောက်ကို အောင်မြင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် Conjuring ဇာတ်ကားကိုကြိုက်နှစ်သက်တယ်ဆိုရင် ကြည့်သင့်တဲ့ တစ်ခြား horror ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(6) The Exorcism Of Emily Rose
photo via screenrant

ဒီဇာတ်ကားကတော့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ထားတဲ့ ကားလေး ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဝိဉာဉ်ပူးကပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဘုန်းတော်ကြီးတစ်ပါးက အပနှင်နေရင်းနဲ့ သေသွားတာကြောင့် အမှုဖြစ်ပွားပြီး ဘုန်းတော်ကြီးကို တရားစီရင်ပါတော့တယ်။ စစပြချင်းမှာတော့ ဘုန်းတော်ကြီးကို တရားခွင်မှာ စစ်ဆေးနေတဲ့ အခန်းကစပြပြီး ဘုန်းတော်ကြီးက ပြန်ဖြေတာတွေကို နောက်ကြောင်းပြန်ရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလည်း ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(5) The Babadook
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.8) ရထားပါတယ်။ Amelia ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့အမျိုးသားဖြစ်သူ သေဆုံးပြီးသွားတဲ့နောက်မှာတော့ ဝမ်းနည်းနေခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့သားဖြစ်သူကလည်း မကောင်းဆိုးဝါးတွေကို ကြောက်ရွံ့တတ်တာကြောင့် အဲ့ဒီကြောက်စိတ်ကို ပျောက်သွားအောင်လုပ်ဖို့အတွက် ကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာပါတော့တယ်။

(4) Sinister
photo via screenrant

ဒီကားကတော့ ၂၀၁၂ ခုနှစ်တုန်းက ထွက်ခဲ့ပြီးတော့ IMDb (6.8) ရထားပါတယ်။ Ellison Oswald ဆိုတဲ့ဖြစ်ရပ်မှန်မှုခင်းအကြောင်းတွေကို ရေးသားတဲ့စာရေးဆရာတစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့စာအုပ်တွေဟာ မအောင်မြင်ခဲ့တာ ဆယ်နှစ်လောက် ရှိခဲ့ပါပြီ။ အဲ့ဒါကြောင့်ပဲ သူဟာ လူကြိုက်များလောက်တဲ့စာအုပ်ကို ရေးသားဖို့အတွက် ကုန်ကြမ်းကို ရှာဖွေနေတဲ့အချိန်မှာ မိသားစုတစ်စုရဲ့သေဆုံးမှုကို မှတ်တမ်းတင်ထားတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အဲ့ဒီမိသားစုဘယ်လိုသေဆုံးသွားတာလည်းဆိုတာကို ဖြေရှင်းဖို့အတွက် ကြိုးစားမယ်ဆိုပြီး သူနဲ့သူ့မိသားစုကိုယ်တိုင်ဟာ အဲ့ဒီသေသွားတဲ့မိသားစုနေခဲ့တဲ့ အိမ်ကို ပြောင်းရွေ့ပြီး နေထိုင်လိုက်ပါတော့တယ်။

(3) Dead Silence
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (6.2) ရထားပါတယ်။ Jamie ရဲ့အမျိုးသမီးဖြစ်သူဟာ စိတ်မကောင်းစွာနဲ့ပဲ တစ်ရက်မှာတော့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ သူဟာ သူတို့ရဲ့မွေးရပ်မြေကို ပြန်လာခဲ့ပြီးတော့ သူ့မိန်းမရဲ့သေဆုံးမှုကို စတင်ပြီး စုံစမ်းပါတော့တယ်။ ဒါပေမယ့်လည်း သူဟာ နောက်ပိုင်းမှာတော့ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တေွကို ကြုံတွေ့ရပါတော့တယ်။

(2) Lights Out
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.3) ရရှိထားပါတယ်။ Rebecca ရဲ့ပထွေးဖြစ်သူဟာ ထူးဆန်းစွာနဲ့ အသတ်ခံလိုက်ရပြီးတဲ့နောက်မှာတော့ သူဟာ အဲ့ဒီအမှုကို စုံစမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့လိုစုံစမ်းရင်းနဲ့ပဲ သူ့အမေဖြစ်သူမှာ Diana လို့ခေါ်တဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ရှိနေပြီးတော့ တဖြည်းဖြည်းနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ရပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ Rebecca ဟာ ဘယ်လိုအရာတွေကို ကြုံတွေရမလည်းဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(1) Winchester
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (5.4) ရထားခဲ့ပါတယ်။ Sarah Winchester ဟာဟိုးအရင်ကတည်းက သူ့ရဲ့ဘိုးဘေးတွေတည်ဆောက်ခဲ့တဲ့ အိမ်ကြီးထဲမှာ နေထိုင်နေပါတယ်။ အဲ့ဒီအိမ်ကြီးဟာ အရမ်းကိုကြီးမားပြီးတော့ အခန်းပေါင်း တစ်ရာကျော်လောက်ထိ ပါပါတယ်။ သူ့ရဲ့ဘိုးဘေးတွေဟာ ရိုင်ဖယ်သေနတ်တွေကို ဖန်တီးခဲ့ကြပြီးတော့ အဲ့ဒီသေနတ်ကြောင့်ပဲ ချမ်းသာခဲ့ကြပါတယ်။ အဲ့ဒါအပြင် သူမဟာ သူတို့ပြုလုပ်ခဲ့တဲ့ သေနတ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေဟာ သူမကို ခြောက်လှန့်နေတယ်ဆိုပြီး ယုံကြည်နေခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေအာၾကၱင္ ေဇာၢ္ီ်ဖင့္ ဖတၸါ။႐ုပ္ရွင္ဆိုတာဟာ လူတိုင္းႀကိဳက္ႏွစ္သက္တဲ့ အပန္းေျဖမႈတစ္ခုျဖစ္ၿပီး ႐ုပ္ရွင္အမ်ိဳးအစားေပါင္းမ်ားစြာလည္း ရွိၾကပါတယ္။ အဲ့လိုအမ်ိဳးအစားေတြအမ်ားႀကီးထဲက တစ္ခ်ိဳ႕ဆိုရင္ အခ်ိန္ခဏေလးပဲ လူႀကိဳက္မ်ားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေပ်ာက္ကြယ္သြားတဲ့ ဇာတ္လမ္းအမ်ိဳးအစားေတြလည္း ရွိၾကပါတယ္။

ဒါေပမယ့္ horror အမ်ိဳးအစားကေတာ့ ဟိုးအရင္ကတည္းက ႐ိုက္ကူးခဲ့ၾကတဲ့ဇာတ္လမ္းအမ်ိဳးအစားျဖစ္ေပမယ့္ အခုခ်ိန္ထိ လူႀကိဳက္မ်ားေနၿပီး နာမည္ႀကီးေနတဲ့ အမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။ Horror အမ်ိဳးအစားထဲမွာဆိုရင္ Conjuring လိုဇာတ္ကားကိုမသိတဲ့သူ မရွိသေလာက္ျဖစ္သေလာက္ကို ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Conjuring ဇာတ္ကားကိုႀကိဳက္ႏွစ္သက္တယ္ဆိုရင္ ၾကည့္သင့္တဲ့ တစ္ျခား horror ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(6) The Exorcism Of Emily Rose
photo via screenrant

ဒီဇာတ္ကားကေတာ့ တကယ္ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ကို အေျခခံၿပီး ႐ိုက္ထားတဲ့ ကားေလး ျဖစ္ပါတယ္။ ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဝိဉာဥ္ပူးကပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ဘုန္းေတာ္ႀကီးတစ္ပါးက အပႏွင္ေနရင္းနဲ႔ ေသသြားတာေၾကာင့္ အမႈျဖစ္ပြားၿပီး ဘုန္းေတာ္ႀကီးကို တရားစီရင္ပါေတာ့တယ္။ စစျပခ်င္းမွာေတာ့ ဘုန္းေတာ္ႀကီးကို တရားခြင္မွာ စစ္ေဆးေနတဲ့ အခန္းကစျပၿပီး ဘုန္းေတာ္ႀကီးက ျပန္ေျဖတာေတြကို ေနာက္ေၾကာင္းျပန္ရင္းနဲ႔ ဘာေတြျဖစ္ခဲ့တာလည္း ဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(5) The Babadook
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.8) ရထားပါတယ္။ Amelia ဆိုတဲ့အမ်ိဳးသမီးဟာ သူ႔ရဲ႕အမ်ိဳးသားျဖစ္သူ ေသဆုံးၿပီးသြားတဲ့ေနာက္မွာေတာ့ ဝမ္းနည္းေနခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕သားျဖစ္သူကလည္း မေကာင္းဆိုးဝါးေတြကို ေၾကာက္႐ြံ႕တတ္တာေၾကာင့္ အဲ့ဒီေၾကာက္စိတ္ကို ေပ်ာက္သြားေအာင္လုပ္ဖို႔အတြက္ ႀကိဳးစားေနခဲ့ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာ ထူးဆန္းတဲ့ျဖစ္ရပ္ေတြ ျဖစ္လာပါေတာ့တယ္။

(4) Sinister
photo via screenrant

ဒီကားကေတာ့ ၂၀၁၂ ခုႏွစ္တုန္းက ထြက္ခဲ့ၿပီးေတာ့ IMDb (6.8) ရထားပါတယ္။ Ellison Oswald ဆိုတဲ့ျဖစ္ရပ္မွန္မႈခင္းအေၾကာင္းေတြကို ေရးသားတဲ့စာေရးဆရာတစ္ေယာက္ဟာ တျဖည္းျဖည္းနဲ႔ သူ႔ရဲ႕စာအုပ္ေတြဟာ မေအာင္ျမင္ခဲ့တာ ဆယ္ႏွစ္ေလာက္ ရွိခဲ့ပါၿပီ။ အဲ့ဒါေၾကာင့္ပဲ သူဟာ လူႀကိဳက္မ်ားေလာက္တဲ့စာအုပ္ကို ေရးသားဖို႔အတြက္ ကုန္ၾကမ္းကို ရွာေဖြေနတဲ့အခ်ိန္မွာ မိသားစုတစ္စုရဲ႕ေသဆုံးမႈကို မွတ္တမ္းတင္ထားတာကို ေတြ႕လိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အဲ့ဒီမိသားစုဘယ္လိုေသဆုံးသြားတာလည္းဆိုတာကို ေျဖရွင္းဖို႔အတြက္ ႀကိဳးစားမယ္ဆိုၿပီး သူနဲ႔သူ႔မိသားစုကိုယ္တိုင္ဟာ အဲ့ဒီေသသြားတဲ့မိသားစုေနခဲ့တဲ့ အိမ္ကို ေျပာင္းေ႐ြ႕ၿပီး ေနထိုင္လိုက္ပါေတာ့တယ္။

(3) Dead Silence
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (6.2) ရထားပါတယ္။ Jamie ရဲ႕အမ်ိဳးသမီးျဖစ္သူဟာ စိတ္မေကာင္းစြာနဲ႔ပဲ တစ္ရက္မွာေတာ့ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ သူဟာ သူတို႔ရဲ႕ေမြးရပ္ေျမကို ျပန္လာခဲ့ၿပီးေတာ့ သူ႔မိန္းမရဲ႕ေသဆုံးမႈကို စတင္ၿပီး စုံစမ္းပါေတာ့တယ္။ ဒါေပမယ့္လည္း သူဟာ ေနာက္ပိုင္းမွာေတာ့ ပုံမွန္မဟုတ္တဲ့ ျဖစ္ရပ္ေတြကို ႀကဳံေတြ႕ရပါေတာ့တယ္။

(2) Lights Out
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.3) ရရွိထားပါတယ္။ Rebecca ရဲ႕ပေထြးျဖစ္သူဟာ ထူးဆန္းစြာနဲ႔ အသတ္ခံလိုက္ရၿပီးတဲ့ေနာက္မွာေတာ့ သူဟာ အဲ့ဒီအမႈကို စုံစမ္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဲ့လိုစုံစမ္းရင္းနဲ႔ပဲ သူ႔အေမျဖစ္သူမွာ Diana လို႔ေခၚတဲ့ စိတ္ကူးယဥ္သူငယ္ခ်င္းတစ္ေယာက္ရွိေနၿပီးေတာ့ တျဖည္းျဖည္းနဲ႔ သဘာဝလြန္ျဖစ္ရပ္ေတြကို ႀကဳံေတြ႕ရပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Rebecca ဟာ ဘယ္လိုအရာေတြကို ႀကဳံေတြရမလည္းဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(1) Winchester
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (5.4) ရထားခဲ့ပါတယ္။ Sarah Winchester ဟာဟိုးအရင္ကတည္းက သူ႔ရဲ႕ဘိုးေဘးေတြတည္ေဆာက္ခဲ့တဲ့ အိမ္ႀကီးထဲမွာ ေနထိုင္ေနပါတယ္။ အဲ့ဒီအိမ္ႀကီးဟာ အရမ္းကိုႀကီးမားၿပီးေတာ့ အခန္းေပါင္း တစ္ရာေက်ာ္ေလာက္ထိ ပါပါတယ္။ သူ႔ရဲ႕ဘိုးေဘးေတြဟာ ႐ိုင္ဖယ္ေသနတ္ေတြကို ဖန္တီးခဲ့ၾကၿပီးေတာ့ အဲ့ဒီေသနတ္ေၾကာင့္ပဲ ခ်မ္းသာခဲ့ၾကပါတယ္။ အဲ့ဒါအျပင္ သူမဟာ သူတို႔ျပဳလုပ္ခဲ့တဲ့ ေသနတ္ေတြေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတဲ့သူေတြဟာ သူမကို ေျခာက္လွန႔္ေနတယ္ဆိုၿပီး ယုံၾကည္ေနခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular