HomeEntertainmentFilmMidsommar ရုပ်ရှင်ကို ကြိုက်ရင် ကြည့်သင့်တဲ့ Horror ရုပ်ရှင်ကားများ

Midsommar ရုပ်ရှင်ကို ကြိုက်ရင် ကြည့်သင့်တဲ့ Horror ရုပ်ရှင်ကားများ

Midsommar ရုပ်ရှင်ကတော့ ကျောရိုးထဲထိ စိမ့်နေအောင် ခံစားရစေတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး အချို့ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကြောင့် စိတ်ဒဏ်ရာတောင် ရရှိသွားတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ဟာ Studio A24 ရဲ့ လက်ရာမြောက် Horror ရုပ်ရှင်ကားကောင်းတစ်ကားဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Midsommar ရုပ်ရှင်ကို ကြိုက်နှစ်သက်သူတွေ ဆက်လက်ကြည့်ရှုသင့်တဲ့ Horror ရုပ်ရှင်ကားကောင်းအချို့ကို ညွှန်းပေးလိုက်ပါတယ်။

(7) Kill List

photo credit IFC Films

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စစ်သားဟောင်းတစ်ယောက်ဟာ ကြေးစားတစ်ယောက်အဖြစ် အသက်မွေးနေပြီး Kiev မြို့မှာ ဆိုးရွားလွန်းတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ရပါတယ်။ အဲဒီအလုပ်ကြောင့်ပဲ သူဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ကြောက်ရွံ့နေခဲ့ပြီး ရှစ်လအကြာမှာတော့ စားသောက်နေထိုင်ရေးအတွက် နောက်ထပ်အလုပ်တစ်ခုကို လုပ်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Neil Maskell ၊ Michael Smiley နဲ့ MyAnna Buring တို့ ပါဝင်ထားပါတယ်။

(6) A Cure for Wellness

photo credit 20th Century Studios

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Lockhart ဆိုတဲ့ Executive တစ်ယောက်ဟာ လူသူမနီးတဲ့ နေရာမှာရှိတဲ့ Wellness Centre မှာ သွားရောက်ကုသနေတဲ့ သူ့ကုမ္ပဏီက CEO ကို သွားခေါ်ရပါတယ်။ အစတုန်းကတော့ အဲဒီ Wellness Centre ဟာ အရာရာ ပြီးပြည့်စုံနေတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာတော့ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Dane DeHaan ၊ Mia Goth နဲ့ Jason Isaacs တို့ ပါဝင်ထားပါတယ်။

(5) The Invitation

photo credit Gamechanger Films

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Will ဆိုသူဟာ သူနေခဲ့ဖူးတဲ့အိမ်မှာ ညစာစားနေရင်း သူ့ရဲ့ဇနီးဟောင်းနဲ့ သူမရဲ့ခင်ပွန်းအသစ်တို့ဟာ သူ့အပေါ်မှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေတယ်လို့ တဖြည်းဖြည်း ယုံကြည်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Logan Marshall-Green ၊ Michiel Huisman နဲ့ Tammy Blanchard တို့ ပါဝင်ထားကြပါတယ်။

(4) Smile

photo credit Paramount Pictures

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Rose Cotter ဟာ တစ်ရက်မှာတော့ သူမရဲ့လူနာဟာ သူမရဲ့အရှေ့မှာပဲ ထူးဆန်းစွာ ပြုံးပြပြီး သတ်သေသွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ဘဝမှာလည်း ရှင်းပြလို့မရနိုင်တဲ့ ထူးဆန်းမှုတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Caitlin Stasey ၊ Kyle Gallner နဲ့ Jessie T. Usher တို့ ပါဝင်ထားပါတယ်။

(3) Climax

photo credit Rectangle Productions

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပြင်သစ် Dancer အချို့ဟာ ကျောင်းအလွတ်ကြီးတစ်ခုထဲမှာ ကကွက်တွေ အစမ်းလေ့ကျင့်ရင်း ပါတီပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့သောက်စရာတွေထဲမှာတော့ LSD ဆိုတဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်စေတဲ့ မူးယစ်ဆေးတွေ ပါဝင်နေတာကြောင့် မကြာခင်မှာပဲ သူတို့ရဲ့ပါတီဟာ မထင်ထားတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sofia Boutella ၊ Romain Guillermic နဲ့ Alaia Alsafir တို့ ပါဝင်ထားပါတယ်။

(2) The Witch

photo credit Studio A24

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားတဲ့ Studio A24 ရဲ့လက်ရာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အင်္ဂလန်နိုင်ငံရဲ့ (၁၇)ရာစုအချိန်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ နယ်နှင်ဒဏ် ပေးခံထားရတဲ့ မိသားစုတစ်စုဟာ ကြီးမားတဲ့ တောအုပ်ကြီးတစ်ခုရဲ့ အစွန်အဖျားမှာ သီးသန့်နေထိုင်နေကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ သူတို့မိသားစုလေးဟာ ဆိုးရွားတဲ့ ကံကြမ္မာကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Ralph Ineson နဲ့ Kate Dickie တို့က အဓိက ပါဝင်ထားပါတယ်။

(1) Hereditary

photo credit Studio A24

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားတဲ့ Studio A24 ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ Annie Graham ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာ Charlie ဆိုတဲ့ (၁၃)နှစ်အရွယ်သမီးလေးနဲ့  Peter ဆိုတဲ့ (၁၆)နှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ဒီလိုနဲ့ Annie ရဲ့မိခင် သေဆုံးသွားပြီးနောက်မှာတော့ သူတို့ရဲ့နေအိမ်မှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ဖြစ်လာပြီး Annie ရဲ့သမီးငယ်လေး Charlie အပေါ် မကောင်းတဲ့ လွှမ်းမိုးမှုတစ်ခုက အုပ်စိုးလာပါတော့တယ်။ သူတို့ရဲ့မိသားစုလေးကို ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Toni Collette ၊ Alex Wolff ၊ Gabriel Byrne နဲ့ Milly Shapiro တို့က အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular