HomeEntertainmentFilmအကျဉ်းထောင်အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ 

အကျဉ်းထောင်အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ထောင်ထဲကအကြောင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဟာလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အကျဉ်းထောင်ကို အခြေခံထားတဲ့ ဇာတ်ကားတွေထဲမှာဆိုရင် ဂိုဏ်းတွေ တစ်ခုနဲ့တစ်ခုကြားက တင်းမာမှုတွေ၊ အက်ရှင်နဲ့ ဒရာမာတွေကို တစ်ပြိုင်တည်း မြင်တွေ့ရလေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အကျဉ်းထောင်ကို အခြေခံပြီး ဇာတ်လမ်းအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Find Me Guilty
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jackie Dinorscio လို့ခေါ်တဲ့ ဂန်းစတားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ အဖမ်းခံလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူဟာ တရားခွင်မှာ သူ့ကိုယ်သူ အပြစ်ကလွတ်အောင် ခုခံရာကနေ အမေရိကန်သမိုင်းမှာ အကြာဆုံးတရားခွင် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ တကယ့်ဖြစ်ရပ်ကို အခြေခံပြီးတော့ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Vin Diesel နဲ့ Peter Dinklage တို့က အဓိက ပါဝင်ထားပြီး ဒါရိုက်တာ Sidney Lumet က ရိုက်ကူးပေးထားပါတယ်။

(6) Bronson
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Michael Peterson လို့ခေါ်တဲ့ လူတစ်ယောက်ဟာ ဓားပြမှုနဲ့ ဖမ်းခံရပြီး ထောင်(၇)နှစ်ကျသွားခဲ့ပါတယ်။ ထောင်ထဲရောက်သွားတဲ့အခါမှာလည်း သူဟာ လူပေါင်းစုံနဲ့ ပြဿနာမျိုးစုံ မကြာခဏ တက်တာကြောင့် ခဏခဏ တစ်ယောက်တည်း တိုက်ပိတ်ခံရပြန်ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ထောင်ထဲမှာ အနှစ်(၃၀)လောက် ကြာသွားတဲ့အခါမှာတော့ သူဟာ လူတစ်ကိုယ်စိတ်နှစ်မျိူးလို့ ပြောလို့ရတဲ့ စိတ်ရောဂါတစ်ခု ခံစားလာရပါတော့တယ်။

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ Tom Hardy ၊ Juliet Oldfield ၊ Matt King တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Nicholas Winding Refn ဖြစ်ပါတယ်။

(5) Brawl in Cell Block 99
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.1) ရရှိထားပါတယ်။ Bradley Thomas ဆိုတဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဟာ စက်ပြင်ဆရာအလုပ်ကနေ အလုပ်ပြုတ်ခဲ့တဲ့အပြင် သူ့ရဲ့အိမ်ထောင်ရေးကလည်း အဆင်မပြေဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ မူးယစ်ဆေးရောင်းသူတွေအတွက် အစောင့်အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်နေ့မှာတော့ ကံမကောင်းစွာနဲ့ မူးယစ်ဆေးရောင်းသူတွေနဲ့ ရဲတွေဟာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ Bradley ဟာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပြီး ထောင်ထဲ အထည့်ခံလိုက်ရပါတော့တယ်။

Vince Vaughn ၊ Jennifer Carpenter ၊ Don Jonson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ S. Craig Zahler က ရိုက်ကူးပေးထားပါတယ်။

(4) Starred Up
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.4) ရရှိထားပါတယ်။ Eric Love လို့ခေါ်တဲ့ အသက် (၁၉)နှစ်အရွယ် စိတ်မြန်လက်မြန်နဲ့ လူငယ်တစ်ယောက်ဟာ ထောင်ကျနေခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးနေ့မှာတင် တစ်ခြားထောင်သားတွေနဲ့ ထောင်စောင့်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ထောင်တစ်ခုထဲမှာ အကျဉ်းကျနေတဲ့ သူ့ရဲ့အဖေနဲ့ တစ်ခြားစိတ်ကုထုံးဆရာဝန်တွေဟာ သူ့ရဲ့စိတ်ကို အကြမ်းမဖက်ဘဲ ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားရပါတော့တယ်။

သရုပ်ဆောင်တွေအနေနဲ့ Jack O’ Connell ၊ Ben Mendelsohn နဲ့ Rupert Friend တို့က အဓိက ပါဝင်ထားပြီး ဒါရိုက်တာ David Mackenzie က ရိုက်ကူးပေးထားပါတယ်။

(3) American History X
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Derek ဟာ အမုန်းတရားကို အခြေခံတဲ့ ရာဇဝတ်မှုတစ်ခုကို ပြုလုပ်ခဲ့လို့ ထောင်သုံးနှစ် ကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ညီဖြစ်သူ Danny ဟာလည်း သူ့လိုမျိူး လမ်းမှားကိုလျှောက်ဖို့ ကြိုးစားနေတာကြောင့် သူ့ရဲ့ညီကို သူ့လိုမျိူး ထပ်မဖြစ်ရအောင် လမ်းမှန်ကို ပြပေးဖို့အတွက် အစွမ်းကုန်ကြိုးစားရပါတော့တယ်။

သရုပ်ဆောင်တွေအနေနဲ့ Edward Norton ၊ Edward Furlong နဲ့ Ethan Suplee တို့က အဓိကပါဝင်ထားပြီး ဒါရိုက်တာ Tony Kaye က ရိုက်ကူးပေးထားပါတယ်။ ဒီဇာတ်ကားမှာ Edward Norton ဟာ အကောင်းဆုံး သရုပ်ဆောင်ဆုနဲ့ အော်စကာ စံကာတင်ဝင်ခဲ့ပါသေးတယ်။

(2) The Green Mile
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.6) ရရှိထားပါတယ်။ Paul Edgecomb ဟာ ထောင်တစ်ခုရဲ့ ထောင်မှူးတစ်ယောက် ဖြစ်ပြီး တစ်ရက်မှာတော့ John Coffey ဆိုတဲ့ လူမည်းအကျဉ်းသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ John ဟာ ကောင်မလေးနှစ်ယောက်ကို အဓမ္မကျင့်ပြီး သတ်ပစ်လိုက်တဲ့အမှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျလာသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း John မှာ ထူးခြားတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ Paul ရဲ့ဘဝဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။

ဒါရိုက်တာ Frank Darabont ရိုက်ကူးပေးထားတဲ့ ဇာတ်လမ်းကို Michael Clarke Duncan ၊ Tom Hanks ၊ David Morse နဲ့ Sam Rockwell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Shawshank Redemption
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (9.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Andy Dufresne ဆိုသူဟာ သူ့ရဲ့အမျိူးသမီးနဲ့အတူ ဖောက်ပြန်နေတဲ့ ယောက်ျားကို သတ်ဖြတ်မှုမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး Shawshank ထောင်မှာ တစ်သက်တစ်ကျွန်း အကျဉ်းကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Ellis Boyd Redding ဆိုသူနဲ့ ထောင်ထဲမှာ တွေ့ဆုံခဲ့ပြီး အခင်ဆုံးမိတ်ဆွေတွေ ဖြစ်သွားပါတယ်။ ဒီလိုနဲ့ Andy ဟာ ထောင်ဖောက်ပြေးမယ့် အစီအစဉ်ကို စီစဉ်ပြီးတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အပြင်မှာ ပြန်တွေ့ကြမယ် ဆိုပြီးတော့ ကတိပြုလိုက်ကြပါတယ်။

Morgan Freeman ၊ Tim Robbins ၊ Bob Gunton နဲ့ William Sadler တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Frank Darabont ရိုက်ကူးပေးထားပါတယ်။ အော်စံကာ စံကာတင်(၇)ဆု ဝင်ထားတဲ့ ဇာတ်ကားကြီးတစ်ကားလည်း ဖြစ်ပါတယ်။

ဒါကတော့ အကျဉ်းထောင်ကို အခြေခံထားတဲ့ မှုခင်း၊ ဒရာမာ၊ အက်ရှင် ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားအကျဉ်းထောင်ဇာတ်ကားတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ေထာင္ထဲကအေၾကာင္းေတြကို ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ေတြဟာလည္း အေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ အက်ဥ္းေထာင္ကို အေျခခံထားတဲ့ ဇာတ္ကားေတြထဲမွာဆိုရင္ ဂိုဏ္းေတြ တစ္ခုနဲ႔တစ္ခုၾကားက တင္းမာမႈေတြ၊ အက္ရွင္နဲ႔ ဒရာမာေတြကို တစ္ၿပိဳင္တည္း ျမင္ေတြ႕ရေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ အက်ဥ္းေထာင္ကို အေျခခံၿပီး ဇာတ္လမ္းအျဖစ္ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Find Me Guilty
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jackie Dinorscio လို႔ေခၚတဲ့ ဂန္းစတားတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ မူးယစ္ေဆးေရာင္းဝယ္မႈနဲ႔ အဖမ္းခံလိုက္ရပါတယ္။ ဒါေပမယ့္လည္း သူဟာ တရားခြင္မွာ သူ႔ကိုယ္သူ အျပစ္ကလြတ္ေအာင္ ခုခံရာကေန အေမရိကန္သမိုင္းမွာ အၾကာဆုံးတရားခြင္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ တကယ့္ျဖစ္ရပ္ကို အေျခခံၿပီးေတာ့ ႐ိုက္ကူးထားတာလည္း ျဖစ္ပါတယ္။

နာမည္ႀကီးသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Vin Diesel နဲ႔ Peter Dinklage တို႔က အဓိက ပါဝင္ထားၿပီး ဒါ႐ိုက္တာ Sidney Lumet က ႐ိုက္ကူးေပးထားပါတယ္။

(6) Bronson
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Michael Peterson လို႔ေခၚတဲ့ လူတစ္ေယာက္ဟာ ဓားျပမႈနဲ႔ ဖမ္းခံရၿပီး ေထာင္(၇)ႏွစ္က်သြားခဲ့ပါတယ္။ ေထာင္ထဲေရာက္သြားတဲ့အခါမွာလည္း သူဟာ လူေပါင္းစုံနဲ႔ ျပႆနာမ်ိဳးစုံ မၾကာခဏ တက္တာေၾကာင့္ ခဏခဏ တစ္ေယာက္တည္း တိုက္ပိတ္ခံရျပန္ပါတယ္။ ဒီလိုနဲ႔ မထင္မွတ္ဘဲ ေထာင္ထဲမွာ အႏွစ္(၃၀)ေလာက္ ၾကာသြားတဲ့အခါမွာေတာ့ သူဟာ လူတစ္ကိုယ္စိတ္ႏွစ္မ်ိဴးလို႔ ေျပာလို႔ရတဲ့ စိတ္ေရာဂါတစ္ခု ခံစားလာရပါေတာ့တယ္။

ျဖစ္ရပ္မွန္ကို အေျခခံ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားမွာေတာ့ Tom Hardy ၊ Juliet Oldfield ၊ Matt King တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ႐ိုက္ကူးေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ Nicholas Winding Refn ျဖစ္ပါတယ္။

(5) Brawl in Cell Block 99
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.1) ရရွိထားပါတယ္။ Bradley Thomas ဆိုတဲ့ လက္ေဝွ႔သမားေဟာင္းတစ္ေယာက္ဟာ စက္ျပင္ဆရာအလုပ္ကေန အလုပ္ျပဳတ္ခဲ့တဲ့အျပင္ သူ႔ရဲ႕အိမ္ေထာင္ေရးကလည္း အဆင္မေျပျဖစ္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ မူးယစ္ေဆးေရာင္းသူေတြအတြက္ အေစာင့္အေနနဲ႔ အလုပ္လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ေန႔မွာေတာ့ ကံမေကာင္းစြာနဲ႔ မူးယစ္ေဆးေရာင္းသူေတြနဲ႔ ရဲေတြဟာ အျပန္အလွန္ တိုက္ခိုက္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Bradley ဟာ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရသြားၿပီး ေထာင္ထဲ အထည့္ခံလိုက္ရပါေတာ့တယ္။

Vince Vaughn ၊ Jennifer Carpenter ၊ Don Jonson တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာ S. Craig Zahler က ႐ိုက္ကူးေပးထားပါတယ္။

(4) Starred Up
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.4) ရရွိထားပါတယ္။ Eric Love လို႔ေခၚတဲ့ အသက္ (၁၉)ႏွစ္အ႐ြယ္ စိတ္ျမန္လက္ျမန္နဲ႔ လူငယ္တစ္ေယာက္ဟာ ေထာင္က်ေနခဲ့ပါတယ္။ သူ႔ရဲ႕ပထမဆုံးေန႔မွာတင္ တစ္ျခားေထာင္သားေတြနဲ႔ ေထာင္ေစာင့္ေတြကို တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေထာင္တစ္ခုထဲမွာ အက်ဥ္းက်ေနတဲ့ သူ႔ရဲ႕အေဖနဲ႔ တစ္ျခားစိတ္ကုထုံးဆရာဝန္ေတြဟာ သူ႔ရဲ႕စိတ္ကို အၾကမ္းမဖက္ဘဲ ပုံမွန္အတိုင္းျဖစ္ေအာင္ ႀကိဳးစားရပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Jack O’ Connell ၊ Ben Mendelsohn နဲ႔ Rupert Friend တို႔က အဓိက ပါဝင္ထားၿပီး ဒါ႐ိုက္တာ David Mackenzie က ႐ိုက္ကူးေပးထားပါတယ္။

(3) American History X
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Derek ဟာ အမုန္းတရားကို အေျခခံတဲ့ ရာဇဝတ္မႈတစ္ခုကို ျပဳလုပ္ခဲ့လို႔ ေထာင္သုံးႏွစ္ က်သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕ညီျဖစ္သူ Danny ဟာလည္း သူ႔လိုမ်ိဴး လမ္းမွားကိုေလွ်ာက္ဖို႔ ႀကိဳးစားေနတာေၾကာင့္ သူ႔ရဲ႕ညီကို သူ႔လိုမ်ိဴး ထပ္မျဖစ္ရေအာင္ လမ္းမွန္ကို ျပေပးဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားရပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Edward Norton ၊ Edward Furlong နဲ႔ Ethan Suplee တို႔က အဓိကပါဝင္ထားၿပီး ဒါ႐ိုက္တာ Tony Kaye က ႐ိုက္ကူးေပးထားပါတယ္။ ဒီဇာတ္ကားမွာ Edward Norton ဟာ အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုနဲ႔ ေအာ္စကာ စံကာတင္ဝင္ခဲ့ပါေသးတယ္။

(2) The Green Mile
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၉ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.6) ရရွိထားပါတယ္။ Paul Edgecomb ဟာ ေထာင္တစ္ခုရဲ႕ ေထာင္မႉးတစ္ေယာက္ ျဖစ္ၿပီး တစ္ရက္မွာေတာ့ John Coffey ဆိုတဲ့ လူမည္းအက်ဥ္းသားတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ John ဟာ ေကာင္မေလးႏွစ္ေယာက္ကို အဓမၼက်င့္ၿပီး သတ္ပစ္လိုက္တဲ့အမႈနဲ႔ စြပ္စြဲခံရၿပီး ေထာင္က်လာသူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း John မွာ ထူးျခားတဲ့အရာတစ္ခု ရွိေနတယ္ဆိုတာကို သိလိုက္ရတဲ့အခ်ိန္မွာ Paul ရဲ႕ဘဝဟာလည္း ေျပာင္းလဲသြားခဲ့ပါတယ္။

ဒါ႐ိုက္တာ Frank Darabont ႐ိုက္ကူးေပးထားတဲ့ ဇာတ္လမ္းကို Michael Clarke Duncan ၊ Tom Hanks ၊ David Morse နဲ႔ Sam Rockwell တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) Shawshank Redemption
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (9.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Andy Dufresne ဆိုသူဟာ သူ႔ရဲ႕အမ်ိဴးသမီးနဲ႔အတူ ေဖာက္ျပန္ေနတဲ့ ေယာက္်ားကို သတ္ျဖတ္မႈမွာ ျပစ္မႈထင္ရွားတယ္ဆိုၿပီး Shawshank ေထာင္မွာ တစ္သက္တစ္ကြၽန္း အက်ဥ္းက်သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Ellis Boyd Redding ဆိုသူနဲ႔ ေထာင္ထဲမွာ ေတြ႕ဆုံခဲ့ၿပီး အခင္ဆုံးမိတ္ေဆြေတြ ျဖစ္သြားပါတယ္။ ဒီလိုနဲ႔ Andy ဟာ ေထာင္ေဖာက္ေျပးမယ့္ အစီအစဥ္ကို စီစဥ္ၿပီးတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အျပင္မွာ ျပန္ေတြ႕ၾကမယ္ ဆိုၿပီးေတာ့ ကတိျပဳလိုက္ၾကပါတယ္။

Morgan Freeman ၊ Tim Robbins ၊ Bob Gunton နဲ႔ William Sadler တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာ Frank Darabont ႐ိုက္ကူးေပးထားပါတယ္။ ေအာ္စံကာ စံကာတင္(၇)ဆု ဝင္ထားတဲ့ ဇာတ္ကားႀကီးတစ္ကားလည္း ျဖစ္ပါတယ္။

ဒါကေတာ့ အက်ဥ္းေထာင္ကို အေျခခံထားတဲ့ မႈခင္း၊ ဒရာမာ၊ အက္ရွင္ ဇာတ္ကားေကာင္းေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားအက်ဥ္းေထာင္ဇာတ္ကားေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular