HomeEntertainmentFilmဘေးအန္တရာယ်အကြောင်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

ဘေးအန္တရာယ်အကြောင်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတွေဟာ အလုပ်ကြောင့်ပဲဖြစ်ဖြစ် ၊ တစ်ခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ပင်ပန်းလာတဲ့အချိန်မှာတော့ စိတ်ထွက်ပေါက်တစ်ခုကို လိုအပ်ပါတယ်။ အဲ့လိုအချိန်တွေမှာ ရုပ်ရှင်ကြည့်ပြီး အနားယူလိုက်ရတဲ့အချိန်မှာ ရလာတဲ့ခံစားချက်ကတော့ ပြောမပြတတ်လောက်အောင်ပါပဲ။ ဒီတစ်ခါတော့ ရုပ်ရှင် အမျိုးအစားမျိုးစုံထဲက ဘေးအန္တရာယ်တွေအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့လိုဇာတ်ကားတွေထဲမှာမှ တစ်ချို့ကကားတွေက happy ending ဖြစ်ကြပြီးတော့ happy ending မဟုတ်ကြတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ပုဒ်မှာတော့ happy ending မဟုတ်တဲ့ ဘေးအန္တရာယ်အကြောင်းတွေကို ရိုက်ထားတဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Pompeii
photo via screenrant

ဒီကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (5.5) ရရှိထားပါတယ်။ Milo ဆိုတဲ့စစ်သည်တော်တစ်ယောက်ဟာ Cassia ဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်နေ့မှာတော့ အဲ့ဒီကောင်မလေးဟာ ရောမမြို့ရဲ့ အကျင့်ပျက်နေတဲ့ အရာရှိတစ်ယောက်နဲ့ စေ့စပ်လိုက်ရပါတယ်။ အဲ့ဒါကြောင့် Milo ဟာ သူ့ရဲ့ချစ်သူကို ကယ်တင်ဖို့အတွက် အချိန်ကာလတစ်ခုအတွင်းမှာ တိုက်ခိုက်ပြီး ကယ်တင်ဖို့အတွက် ကြိုးစားရပါတော့တယ်။

(6) Ladder 49
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၄ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDb (6.5) ရထားပါတယ်။ မီးသတ်သမားတစ်ယောက်ဟာ တစ်ရက်မှာတော့ ကံမကောင်းစွာနဲ့ပဲ မီးလောင်နေတဲ့ အဆောက်အဦးတစ်ခုထဲမှာ ဒဏ်ရာရပြီးတော့ ပိတ်မိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ တစ်ခြားမီးသတ်သမားတွေဟာ သူ့ကိုကယ်တင်ဖို့အတွက် ကြိုးစားနေချိန်မှာ သူကတော့ တဖြည်းဖြည်းနဲ့ သတိလစ်သွားပြီးတော့ သူ့ရဲ့အတိတ်က အကြောင်းတွေကို ပြန်ပြီးတော့ မြင်နေခဲ့ပါတယ်။

(5) Life
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့ပြီးတော့ IMDb (6.6) ရခဲ့ပါတယ်။ အာကာသယာဉ်မှူးတစ်စုဟာ တစ်ရက်မှာတော့ မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိတွေရှိတယ်ဆိုတဲ့ အထောက်အထားကို သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ ထပ်ပြီးတော့ စုံစမ်းမှုတွေကို လုပ်နေရင်းနဲ့ သိလိုက်ရတာတစ်ခုကတော့ အဲ့ဒီသက်ရှိတွေဟာ အရမ်းကိုဉာဏ်ရည်မြင့်မားကြတဲ့အပြင် ရန်လိုတတ်တဲ့စိတ်လည်း ရှိနေတာပဲ ဖြစ်ပါတယ်။

(4) Cloverfield
photo via screenrant

ဒီကားကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.0) ရထားပါတယ်။ တစ်ရက်မှာတော့ New York မြို့ကြီးကို အရမ်းကိုကြီးမားတဲ့ မွန်းစတားကြီးတွေဟာ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ Beth လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ သူ့ရဲ့တိုက်ခန်းထဲမှာ ပိတ်မိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့သူငယ်ချင်းတစ်သိုက်ဟာ အဲ့ဒီကောင်မလေးကို ကယ်တင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရပါတော့တယ်။

(3) The Day After Tomorrow
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၄ ခုနှစ်က ထွက်ခဲ့ပြီးတော့ IMDb (6.4) ရရှိခဲ့ပါတယ်။ တစ်ရက်မှာတော့ ထူးဆန်းတဲ့မုန်တိုင်းတစ်ခုဟာ တစ်ကမ္ဘာလုံးကို တိုက်ခတ်သွားခဲ့ပြီးတော့ တစ်ကမ္ဘာလုံးဟာ ချက်ချင်းပဲ ရေခဲခေတ်လိုမျိုး အခြေအနေဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Jack Hall ဟာ အန္တရာယ်အရမ်းများတဲ့အခြေအနေမှာတောင် သူ့ရဲ့သားကို ကယ်တင်ဖို့အတွက် New York မြို့ကို ထွက်လာခဲ့ပါတယ်။

(2) Deep Impact
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၈ ခုနှစ်က ထွက်ခဲ့တာ ဖြစ်ပြီး IMDb (6.2) ရထားပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ကြယ်တံခွန်ဟာ ကမ္ဘာပေါ်ကို မကြာခင်မှာ ကြွေကျလာတော့မယ်လို့ သိခဲ့ရပါတယ်။ အဲ့ဒီအဖြစ်အပျက်ဟာ လူသားမျိုးနွယ်တစ်ခုလုံးတောင် မျိုးသုန်းပျက်စီးသွားနိုင်တာကြောင့် လူသားအားလုံးဟာ အဆိုးဆုံးအတွက် ပြင်ဆင်ထားရပါတော့တယ်။

(1) 28 Weeks Later
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.0) ရခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ လူဦးရေတော်တော်များများဟာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်တာကို ခံလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ပြီးလို့ ခြောက်လလောက်ကြာတဲ့အချိန်မှာတော့ အမေရိကန်စစ်တပ်ဟာ လန်ဒန်မြို့မှာရှိတဲ့ အသက်ရှင်ကျန်ခဲ့တဲ့သူတွေကို ရှာဖွေပြီးတော့ ကယ်တင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အချိန်မှာတော့……။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူေတြဟာ အလုပ္ေၾကာင့္ပဲျဖစ္ျဖစ္ ၊ တစ္ျခားအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ပင္ပန္းလာတဲ့အခ်ိန္မွာေတာ့ စိတ္ထြက္ေပါက္တစ္ခုကို လိုအပ္ပါတယ္။ အဲ့လိုအခ်ိန္ေတြမွာ ႐ုပ္ရွင္ၾကည့္ၿပီး အနားယူလိုက္ရတဲ့အခ်ိန္မွာ ရလာတဲ့ခံစားခ်က္ကေတာ့ ေျပာမျပတတ္ေလာက္ေအာင္ပါပဲ။ ဒီတစ္ခါေတာ့ ႐ုပ္ရွင္ အမ်ိဳးအစားမ်ိဳးစုံထဲက ေဘးအႏၲရာယ္ေတြအေၾကာင္းကို ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ အဲ့လိုဇာတ္ကားေတြထဲမွာမွ တစ္ခ်ိဳ႕ကကားေတြက happy ending ျဖစ္ၾကၿပီးေတာ့ happy ending မဟုတ္ၾကတဲ့ ဇာတ္ကားေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ပုဒ္မွာေတာ့ happy ending မဟုတ္တဲ့ ေဘးအႏၲရာယ္အေၾကာင္းေတြကို ႐ိုက္ထားတဲ့ ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Pompeii
photo via screenrant

ဒီကားကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (5.5) ရရွိထားပါတယ္။ Milo ဆိုတဲ့စစ္သည္ေတာ္တစ္ေယာက္ဟာ Cassia ဆိုတဲ့ေကာင္မေလးနဲ႔ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ေန႔မွာေတာ့ အဲ့ဒီေကာင္မေလးဟာ ေရာမၿမိဳ႕ရဲ႕ အက်င့္ပ်က္ေနတဲ့ အရာရွိတစ္ေယာက္နဲ႔ ေစ့စပ္လိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ Milo ဟာ သူ႔ရဲ႕ခ်စ္သူကို ကယ္တင္ဖို႔အတြက္ အခ်ိန္ကာလတစ္ခုအတြင္းမွာ တိုက္ခိုက္ၿပီး ကယ္တင္ဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။

(6) Ladder 49
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၄ ခုႏွစ္က ထြက္ခဲ့တာျဖစ္ၿပီး IMDb (6.5) ရထားပါတယ္။ မီးသတ္သမားတစ္ေယာက္ဟာ တစ္ရက္မွာေတာ့ ကံမေကာင္းစြာနဲ႔ပဲ မီးေလာင္ေနတဲ့ အေဆာက္အဦးတစ္ခုထဲမွာ ဒဏ္ရာရၿပီးေတာ့ ပိတ္မိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ တစ္ျခားမီးသတ္သမားေတြဟာ သူ႔ကိုကယ္တင္ဖို႔အတြက္ ႀကိဳးစားေနခ်ိန္မွာ သူကေတာ့ တျဖည္းျဖည္းနဲ႔ သတိလစ္သြားၿပီးေတာ့ သူ႔ရဲ႕အတိတ္က အေၾကာင္းေတြကို ျပန္ၿပီးေတာ့ ျမင္ေနခဲ့ပါတယ္။

(5) Life
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၇ ခုႏွစ္တုန္းက ထြက္ခဲ့ၿပီးေတာ့ IMDb (6.6) ရခဲ့ပါတယ္။ အာကာသယာဥ္မႉးတစ္စုဟာ တစ္ရက္မွာေတာ့ မားစ္ၿဂိဳဟ္ေပၚမွာ သက္ရွိေတြရွိတယ္ဆိုတဲ့ အေထာက္အထားကို သိလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဟာ ထပ္ၿပီးေတာ့ စုံစမ္းမႈေတြကို လုပ္ေနရင္းနဲ႔ သိလိုက္ရတာတစ္ခုကေတာ့ အဲ့ဒီသက္ရွိေတြဟာ အရမ္းကိုဉာဏ္ရည္ျမင့္မားၾကတဲ့အျပင္ ရန္လိုတတ္တဲ့စိတ္လည္း ရွိေနတာပဲ ျဖစ္ပါတယ္။

(4) Cloverfield
photo via screenrant

ဒီကားကေတာ့ ၂၀၀၈ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.0) ရထားပါတယ္။ တစ္ရက္မွာေတာ့ New York ၿမိဳ႕ႀကီးကို အရမ္းကိုႀကီးမားတဲ့ မြန္းစတားႀကီးေတြဟာ လာေရာက္တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ Beth လို႔ေခၚတဲ့ ေကာင္မေလးတစ္ေယာက္ဟာ သူ႔ရဲ႕တိုက္ခန္းထဲမွာ ပိတ္မိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕သူငယ္ခ်င္းတစ္သိုက္ဟာ အဲ့ဒီေကာင္မေလးကို ကယ္တင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားရပါေတာ့တယ္။

(3) The Day After Tomorrow
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၄ ခုႏွစ္က ထြက္ခဲ့ၿပီးေတာ့ IMDb (6.4) ရရွိခဲ့ပါတယ္။ တစ္ရက္မွာေတာ့ ထူးဆန္းတဲ့မုန္တိုင္းတစ္ခုဟာ တစ္ကမာၻလုံးကို တိုက္ခတ္သြားခဲ့ၿပီးေတာ့ တစ္ကမာၻလုံးဟာ ခ်က္ခ်င္းပဲ ေရခဲေခတ္လိုမ်ိဳး အေျခအေနျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Jack Hall ဟာ အႏၲရာယ္အရမ္းမ်ားတဲ့အေျခအေနမွာေတာင္ သူ႔ရဲ႕သားကို ကယ္တင္ဖို႔အတြက္ New York ၿမိဳ႕ကို ထြက္လာခဲ့ပါတယ္။

(2) Deep Impact
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၈ ခုႏွစ္က ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (6.2) ရထားပါတယ္။ ပညာရွင္ေတြရဲ႕ ခန႔္မွန္းခ်က္အရ ၾကယ္တံခြန္ဟာ ကမာၻေပၚကို မၾကာခင္မွာ ေႂကြက်လာေတာ့မယ္လို႔ သိခဲ့ရပါတယ္။ အဲ့ဒီအျဖစ္အပ်က္ဟာ လူသားမ်ိဳးႏြယ္တစ္ခုလုံးေတာင္ မ်ိဳးသုန္းပ်က္စီးသြားႏိုင္တာေၾကာင့္ လူသားအားလုံးဟာ အဆိုးဆုံးအတြက္ ျပင္ဆင္ထားရပါေတာ့တယ္။

(1) 28 Weeks Later
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.0) ရခဲ့ပါတယ္။ အဂၤလန္ႏိုင္ငံရဲ႕ လူဦးေရေတာ္ေတာ္မ်ားမ်ားဟာ ဗိုင္းရပ္စ္တစ္မ်ိဳး ကူးစက္တာကို ခံလိုက္ရပါတယ္။ ဒီအျဖစ္အပ်က္ၿပီးလို႔ ေျခာက္လေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ အေမရိကန္စစ္တပ္ဟာ လန္ဒန္ၿမိဳ႕မွာရွိတဲ့ အသက္ရွင္က်န္ခဲ့တဲ့သူေတြကို ရွာေဖြၿပီးေတာ့ ကယ္တင္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း စီစဥ္ထားတဲ့အတိုင္း ျဖစ္မလာတဲ့အခ်ိန္မွာေတာ့……။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular