HomeEntertainmentFilm၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမယ့် Ms. Marvel ဇာတ်လမ်းတွဲထဲမှာ ပါဝင်မယ့် သရုပ်ဆောင်များ

၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမယ့် Ms. Marvel ဇာတ်လမ်းတွဲထဲမှာ ပါဝင်မယ့် သရုပ်ဆောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ms. Marvel ဇာတ်လမ်းတွဲဟာ ၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပြီး ပါဝင်လာမယ့် သရုပ်ဆောင်တွေကိုလည်း Marvel က ကြေညာထားပါတယ်။ ၂၀၁၉ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ D23 အခမ်းအနားမှာတော့ Ms. Marvel ဇာတ်လမ်းတွဲ ထွက်ရှိလာမှာ ဖြစ်ပြီး Iman Vellani က ပါဝင်လာမယ်လို့ပဲ သိခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒီဇာတ်လမ်းတွဲဟာ Disney+ က ပြသသွားမယ်လို့ သိခဲ့ရပြီး ၂၀၂၂ လောက်ထိ ကြည့်ရဦးမယ်လို့ မထင်ခဲ့ကြပါဘူး။

photo via IMDb

ဒါပေမယ့်လည်း အခုချိန်မှာတော့ ဒီဇာတ်လမ်းတွဲဟာ Disney+ ကနေ ၂၀၂၁ ခုနှစ်မှာပဲ ထုတ်လွှင့်သွားမယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ရက်အတိအကျကိုတော့ မသိရသေးပေမယ့်လည်း ၂၀၂၁ နှစ်ကုန်ပိုင်းလောက် ဖြစ်မယ်လို့ မျှော်လင့်လို့ ရပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ တစ်ခြားအသေးစိတ် အချက်တွေကိုတော့ အခုထိ မသိရသေးပါဘူး။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင်တွေကိုတော့ ကြေညာထားပါတယ်။

photo via IMDb

Iman Vellani နဲ့ အတူ တွဲဖက်ပြီး သရုပ်ဆောင်သွားမယ့်သူတွေကတော့ Aramis Knight ၊ Saagar Shaikh ၊ Rish Shah ၊ Zenobia Shroff ၊ Mohan Kapur ၊ Matt Lintz ၊ Yasmeen Fletcher ၊ Laith Naki ၊ Azher Usman ၊ Travina Springer နဲ့ Nimra Bucha တို့ ဖြစ်ပါတယ်။

မကြာခင်မှာ ရောက်ရှိလာတော့မယ့် ၂၀၂၁ ခုနှစ်ဟာ အရင်လို ပုံမှန်နှစ်တွေနဲ့ မတူညီတော့ပါဘူး။ အကြောင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်တွေအများစုဟာ ရုံတင်ရက်တွေ ပြောင်းရွှေ့ကုန်တာကြောင့် ၂၀၂၁ မှာ ကြည့်ရှုရမယ့် ရုပ်ရှင်တွေ အများကြီး ဖြစ်နေပါတယ်။ Marvel က အသစ်ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲတွေဆိုရင်လည်း Falcon and Winter Solider ၊ Hawkeye ၊ Loki နဲ့ Marvel’s What If…? တို့ကလည်း လောလောဆယ်မှာတော့ ၂၀၂၁ အတွင်းမှာ ကြည့်ရှုရမယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၂၀ မှာ မကြည့်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို ၂၀၂၁ မှာတော့ အတိုးချပြီး ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Ms. Marvel ဇာတ္လမ္းတြဲဟာ ၂၀၂၁ခုႏွစ္မွာ ထြက္ရွိလာမွာ ျဖစ္ၿပီး ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကိုလည္း Marvel က ေၾကညာထားပါတယ္။ ၂၀၁၉ခုႏွစ္တုန္းက ျပဳလုပ္ခဲ့တဲ့ D23 အခမ္းအနားမွာေတာ့ Ms. Marvel ဇာတ္လမ္းတြဲ ထြက္ရွိလာမွာ ျဖစ္ၿပီး Iman Vellani က ပါဝင္လာမယ္လို႔ပဲ သိခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ ဒီဇာတ္လမ္းတြဲဟာ Disney+ က ျပသသြားမယ္လို႔ သိခဲ့ရၿပီး ၂၀၂၂ ေလာက္ထိ ၾကည့္ရဦးမယ္လို႔ မထင္ခဲ့ၾကပါဘူး။

photo via IMDb

ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ ဒီဇာတ္လမ္းတြဲဟာ Disney+ ကေန ၂၀၂၁ ခုႏွစ္မွာပဲ ထုတ္လႊင့္သြားမယ္လို႔ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ ရက္အတိအက်ကိုေတာ့ မသိရေသးေပမယ့္လည္း ၂၀၂၁ ႏွစ္ကုန္ပိုင္းေလာက္ ျဖစ္မယ္လို႔ ေမွ်ာ္လင့္လို႔ ရပါတယ္။ ဒီဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ တစ္ျခားအေသးစိတ္ အခ်က္ေတြကိုေတာ့ အခုထိ မသိရေသးပါဘူး။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းထဲမွာ ပါဝင္သြားမယ့္ သ႐ုပ္ေဆာင္ေတြကိုေတာ့ ေၾကညာထားပါတယ္။

photo via IMDb

Iman Vellani နဲ႔ အတူ တြဲဖက္ၿပီး သ႐ုပ္ေဆာင္သြားမယ့္သူေတြကေတာ့ Aramis Knight ၊ Saagar Shaikh ၊ Rish Shah ၊ Zenobia Shroff ၊ Mohan Kapur ၊ Matt Lintz ၊ Yasmeen Fletcher ၊ Laith Naki ၊ Azher Usman ၊ Travina Springer နဲ႔ Nimra Bucha တို႔ ျဖစ္ပါတယ္။

မၾကာခင္မွာ ေရာက္ရွိလာေတာ့မယ့္ ၂၀၂၁ ခုႏွစ္ဟာ အရင္လို ပုံမွန္ႏွစ္ေတြနဲ႔ မတူညီေတာ့ပါဘူး။ အေၾကာင္းကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ုပ္ရွင္ေတြအမ်ားစုဟာ ႐ုံတင္ရက္ေတြ ေျပာင္းေ႐ႊ႕ကုန္တာေၾကာင့္ ၂၀၂၁ မွာ ၾကည့္ရႈရမယ့္ ႐ုပ္ရွင္ေတြ အမ်ားႀကီး ျဖစ္ေနပါတယ္။ Marvel က အသစ္ထြက္ရွိလာမယ့္ ဇာတ္လမ္းတြဲေတြဆိုရင္လည္း Falcon and Winter Solider ၊ Hawkeye ၊ Loki နဲ႔ Marvel’s What If…? တို႔ကလည္း ေလာေလာဆယ္မွာေတာ့ ၂၀၂၁ အတြင္းမွာ ၾကည့္ရႈရမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ၂၀၂၀ မွာ မၾကည့္ခဲ့ရတဲ့ ဇာတ္လမ္းေတြကို ၂၀၂၁ မွာေတာ့ အတိုးခ်ၿပီး ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular