HomeCharacterMs. Marvel ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Ms. Marvel ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ms. Marvel ရဲ့ နာမည်အရင်းကတော့ Kamala Khan ဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ် နှစ်ဝက်လောက်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ့် The Marvels ရုပ်ရှင်ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Kamala Khan နေရာမှာတော့ Iman Vellani က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါကြောင့်ပဲ သူမရဲ့ ဇာတ်လမ်းတွဲ ထွက်မလာခင် သူမရဲ့အကြောင်း အနည်းငယ်ကို သိထားဖို့အတွက် ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ်ထဲက Origin
photo via screenrant

ကောမစ်ထဲမှာတော့ Kamala Khan ဟာ Inhuman တစ်ယောက် ဖြစ်ပါတယ်။ Inhuman တွေကတော့ Mutant တွေနဲ့ အနည်းငယ်ဆင်တူပြီး သူတို့တွေဟာ စွမ်းအားတစ်ခုစီ ပိုင်ဆိုင်ထားပါတယ်။ Inhuman တွေဟာ Kree တွေရဲ့ မျိူးရိုးဗီဇစမ်းသပ်မှု ပြုလုပ်ခံခဲ့ရတဲ့ လူတစ်စုဖြစ်ပြီး အဲ့ဒီလူတွေရဲ့ မျိူးဆက်တွေဟာလည်း Inhuman တွေ ဖြစ်လာပါတယ်။

Inhuman နဲ့ Mutant ရဲ့ ကွာခြားတဲ့ အချက်ကတော့ Mutant တွေဟာ မွေးလာကတည်းက စွမ်းအားတွေနဲ့ မွေးဖွားလာကြတာ ဖြစ်ပြီး Inhuman တွေကတော့ မွေးရာပါအစွမ်းတွေဟာ တိမ်မြှုပ်နေတာ ဖြစ်ပါတယ်။ Inhuman တွေဟာ Terrigen Mist နဲ့ ထိတွေ့ပြီးတဲ့အချိန်မှသာ တိမ်မြှုပ်နေတဲ့ စွမ်းအားတွေက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Terrigen Mist အကြောင်းကိုတော့ Inhuman ဇာတ်လမ်းတွဲနဲ့ Agents of Shield ဇာတ်လမ်းတွဲတွေမှာ မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့်ပဲ Kamala Khan ဟာ မူလတုန်းကတော့ Captain Marvel ကို လေးစားအားကျတဲ့ သာမန်ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှသာ Terrigen Mist ကြောင့် သူမဟာ စွမ်းအားတွေ ရရှိသွားပြီး Ms. Marvel ဖြစ်လာတာပါ။

ကောမစ်ထဲက စွမ်းအားများ
photo via screenrant

Kamala Khan ရရှိသွားတဲ့ စွမ်းအားကတော့ သူမရဲ့ ခန္ဓာကိုယ်ကို ကြီးမားသွားအောင် ပြုလုပ်လို့ ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမရဲ့ ခြေတွေ၊ လက်တွေကိုလည်း အရှည်ကြီး ဆွဲဆန့်နိုင်သလို ပုံမှန်အရွယ်အစားထက် ကြီးမားသွားအောင်လည်း ပြုလုပ်နိုင်ပါတယ်။

များသောအားဖြင့် သူမ အသုံးပြုတဲ့ အချက်ကတော့ သူမရဲ့လက်ကို အကြီးကြီး ဖြစ်သွားအောင် ပြုလုပ်ပြီး တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ခန္ဓာကိုယ်ကို တစ်ချိန်တည်းမှာ ကြီးသွားအောင်၊ ဒါမှမဟုတ် သေးသွားအောင် ပြုလုပ်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ အဲ့ဒီစွမ်းအားကြောင့်ပဲ သူမဟာ သူမရဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ၊ အမွေးအမျှင်တွေနဲ့ မျက်နှာသွင်ပြင်ကိုပါ ပြောင်းလဲပစ်နိုင်ပြီး ရုပ်ဖျက်ဖို့ လိုအပ်လာရင်လည်း ဒီအစွမ်းဟာ အလွန်အသုံးဝင်ပါတယ်။

သူမဟာ စူပါဟီးရိုးတွေအများစုလိုပဲ ဒဏ်ရာတွေကို အလိုလို ပြန်လည်ကုသနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့်လည်း သူမဟာ Superhuman Durability မရှိတာကြောင့် သေနတ်ဒဏ်ရာနဲ့တောင် သေသွားနိုင်ပါတယ်။ ဒဏ်ရာတွေက အလိုလို ပြန်လည်ကုသနိုင်တဲ့ အစွမ်းရှိတာကြောင့်သာ သူမဟာ ဒဏ်ရာအများစုကို ခံနိုင်ရည်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ သူ့ကိုယ်သူ ကြီးမားအောင် ပြုလုပ်ထားတဲ့အချိန်မှာ သေစေနိုင်လောက်တဲ့ဒဏ်ရာ ကြီးကြီးမားမား ရရှိသွားရင် ပုံမှန်အဖြစ် ပြန်ပြောင်းလိုက်တာနဲ့ အဲ့ဒီဒဏ်ရာကို ပျောက်ကင်းသွားစေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Ms. Marvel ရဲ့ နာမည္အရင္းကေတာ့ Kamala Khan ျဖစ္ၿပီး သူမရဲ့ ကိုယ္ပိုင္ဇာတ္လမ္းတြဲကေတာ့ ၂၀၂၂ ခုႏွစ္ ႏွစ္ဝက္ေလာက္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ ၂၀၂၃ ခုႏွစ္မွာ ထြက္ရွိလာမယ့္ The Marvels ႐ုပ္ရွင္ထဲမွာလည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ Kamala Khan ေနရာမွာေတာ့ Iman Vellani က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒါေၾကာင့္ပဲ သူမရဲ့ ဇာတ္လမ္းတြဲ ထြက္မလာခင္ သူမရဲ့အေၾကာင္း အနည္းငယ္ကို သိထားဖို႔အတြက္ ေကာမစ္ထဲက Origin နဲ႔ စြမ္းအားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ထဲက Origin
photo via screenrant

ေကာမစ္ထဲမွာေတာ့ Kamala Khan ဟာ Inhuman တစ္ေယာက္ ျဖစ္ပါတယ္။ Inhuman ေတြကေတာ့ Mutant ေတြနဲ႔ အနည္းငယ္ဆင္တူၿပီး သူတို႔ေတြဟာ စြမ္းအားတစ္ခုစီ ပိုင္ဆိုင္ထားပါတယ္။ Inhuman ေတြဟာ Kree ေတြရဲ့ မ်ိဴးရိုးဗီဇစမ္းသပ္မွု ျပဳလုပ္ခံခဲ့ရတဲ့ လူတစ္စုျဖစ္ၿပီး အဲ့ဒီလူေတြရဲ့ မ်ိဴးဆက္ေတြဟာလည္း Inhuman ေတြ ျဖစ္လာပါတယ္။

Inhuman နဲ႔ Mutant ရဲ့ ကြာျခားတဲ့ အခ်က္ကေတာ့ Mutant ေတြဟာ ေမြးလာကတည္းက စြမ္းအားေတြနဲ႔ ေမြးဖြားလာၾကတာ ျဖစ္ၿပီး Inhuman ေတြကေတာ့ ေမြးရာပါအစြမ္းေတြဟာ တိမ္ျမႇုပ္ေနတာ ျဖစ္ပါတယ္။ Inhuman ေတြဟာ Terrigen Mist နဲ႔ ထိေတြ႕ၿပီးတဲ့အခ်ိန္မွသာ တိမ္ျမႇုပ္ေနတဲ့ စြမ္းအားေတြက ထြက္ေပၚလာတာ ျဖစ္ပါတယ္။

Terrigen Mist အေၾကာင္းကိုေတာ့ Inhuman ဇာတ္လမ္းတြဲနဲ႔ Agents of Shield ဇာတ္လမ္းတြဲေတြမွာ ျမင္ေတြ႕နိုင္ပါတယ္။ ဒါေၾကာင့္ပဲ Kamala Khan ဟာ မူလတုန္းကေတာ့ Captain Marvel ကို ေလးစားအားက်တဲ့ သာမန္ဆယ္ေက်ာ္သက္ ေကာင္မေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွသာ Terrigen Mist ေၾကာင့္ သူမဟာ စြမ္းအားေတြ ရရွိသြားၿပီး Ms. Marvel ျဖစ္လာတာပါ။

ေကာမစ္ထဲက စြမ္းအားမ်ား
photo via screenrant

Kamala Khan ရရွိသြားတဲ့ စြမ္းအားကေတာ့ သူမရဲ့ ခႏၶာကိုယ္ကို ႀကီးမားသြားေအာင္ ျပဳလုပ္လို႔ ရတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူမရဲ့ ေျခေတြ၊ လက္ေတြကိုလည္း အရွည္ႀကီး ဆြဲဆန႔္နိုင္သလို ပုံမွန္အရြယ္အစားထက္ ႀကီးမားသြားေအာင္လည္း ျပဳလုပ္နိုင္ပါတယ္။

မ်ားေသာအားျဖင့္ သူမ အသုံးျပဳတဲ့ အခ်က္ကေတာ့ သူမရဲ့လက္ကို အႀကီးႀကီး ျဖစ္သြားေအာင္ ျပဳလုပ္ၿပီး တိုက္ခိုက္တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမရဲ့ ခႏၶာကိုယ္ကို တစ္ခ်ိန္တည္းမွာ ႀကီးသြားေအာင္၊ ဒါမွမဟုတ္ ေသးသြားေအာင္ ျပဳလုပ္နိုင္ပါတယ္။ ဒါတင္မကေသးဘဲ အဲ့ဒီစြမ္းအားေၾကာင့္ပဲ သူမဟာ သူမရဲ့ခႏၶာကိုယ္ ဖြဲ႕စည္းတည္ေဆာက္ပုံ၊ အေမြးအမၽွင္ေတြနဲ႔ မ်က္ႏွာသြင္ျပင္ကိုပါ ေျပာင္းလဲပစ္နိုင္ၿပီး ႐ုပ္ဖ်က္ဖို႔ လိုအပ္လာရင္လည္း ဒီအစြမ္းဟာ အလြန္အသုံးဝင္ပါတယ္။

သူမဟာ စူပါဟီးရိုးေတြအမ်ားစုလိုပဲ ဒဏ္ရာေတြကို အလိုလို ျပန္လည္ကုသနိုင္စြမ္း ရွိပါတယ္။ ဒါေပမယ့္လည္း သူမဟာ Superhuman Durability မရွိတာေၾကာင့္ ေသနတ္ဒဏ္ရာနဲ႔ေတာင္ ေသသြားနိုင္ပါတယ္။ ဒဏ္ရာေတြက အလိုလို ျပန္လည္ကုသနိုင္တဲ့ အစြမ္းရွိတာေၾကာင့္သာ သူမဟာ ဒဏ္ရာအမ်ားစုကို ခံနိုင္ရည္ရွိေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ သူ႔ကိုယ္သူ ႀကီးမားေအာင္ ျပဳလုပ္ထားတဲ့အခ်ိန္မွာ ေသေစနိုင္ေလာက္တဲ့ဒဏ္ရာ ႀကီးႀကီးမားမား ရရွိသြားရင္ ပုံမွန္အျဖစ္ ျပန္ေျပာင္းလိုက္တာနဲ႔ အဲ့ဒီဒဏ္ရာကို ေပ်ာက္ကင္းသြားေစပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular