HomeEntertainmentFilmMs. Marvel ဇာတ်သိမ်းပိုင်းရဲ့ Credit Scene က ဘာကိုပြောချင်တာလဲ?

Ms. Marvel ဇာတ်သိမ်းပိုင်းရဲ့ Credit Scene က ဘာကိုပြောချင်တာလဲ?

 

*** Spoiler Alert ***

ယခုဆိုရင်တော့ Ms. Marvel ဇာတ်လမ်းတွဲဟာ ဇာတ်သိမ်းသွားပြီ ဖြစ်ပြီး နောက်ဆုံးမှာ ပါဝင်လာတဲ့ Credit Scene ကတော့ ပရိသတ်တွေအတွက် မေးစရာတွေ ဖြစ်လာပါတယ်။ ဒီ Credit Scene ထဲမှာတော့ Captain Marvel Cameo ပါဝင်လာတာကို မြင်တွေ့ခဲ့ရပြီး သူမဟာ Kamala ရဲ့ အိမ်ထဲကို ရောက်လာပါတယ်။ အဲဒီနောက် Captain Marvel ကိုယ်တိုင်က ကြောင်တောင်တောင် ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ စာဖတ်သူတို့အတွက် ဒီ Credit Scene နဲ့ ပတ်သက်ပြီး အနည်းငယ် ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီ Credit Scene ကို စတင်ပြသတဲ့ အချိန်မှာတော့ Kamala က Captain Marvel အဖြစ် ပြောင်းလဲသွားသလိုပုံစံ  ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း တကယ်တော့ Kamala ဟာ Captain Marvel အဖြစ် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ကောမစ်ထဲမှာတော့ Kamala ဟာ ပုံသဏ္ဍာန်တွေကို ပြောင်းလဲနိုင်ပေမယ့်လည်း သူမရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားဟာ ဒီဇာတ်လမ်းတွဲထဲက ပုံစံနဲ့ မတူညီဘဲ ကွဲပြားနေပါတယ်။

ဒါကြောင့်ပဲ MCU ရဲ့ Kamala ဟာ ပုံသဏ္ဍာန် ပြောင်းလဲနိုင်စွမ်း ရှိဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ Kamala ဟာ Captain Marvel အဖြစ် ပြောင်းလဲသွားတာ မဟုတ်ကြောင်း သက်သေပြနိုင်တဲ့ ပထမဆုံး အချက်ကတော့ Captain Marvel ဟာ သူမရဲ့ကိုယ်ပိုင်ဝတ်စုံကို ဝတ်ဆင်ထားတာ ဖြစ်ပြီး Kamala ရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာ မဟုတ်ပါဘူး။

ဒုတိယအချက်ကတော့ အကယ်၍ Kamala ဟာ Captain Marvel နဲ့ တထေရာတည်းတူအောင် ပြောင်းလဲလိုက်တယ် ဆိုရင်တောင် သူမဟာ ချက်ချင်းပဲ မှန်ရှေ့ကို သွားကြည့်ပြီး ပျော်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုမဟုတ်ဘဲ Captain Marvel ဟာ သူမ ရောက်ရှိလာတဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေတာ တွေ့ရပါတယ်။ ဒီအချက်တွေကြောင့်ပဲ Kamala ဟာ Captain Marvel အဖြစ် ပြောင်းလဲသွားတာ မဟုတ်ဘဲ Kamala ရဲ့ လက်ကောက်ကြောင့် သူတို့နှစ်ယောက်ဟာ နေရာချင်းလဲသွားတာပဲ ဖြစ်ပါတယ်။

photo via screenrant

Captain Marvel ဟာ Kamala ရှိတဲ့နေရာကို ရောက်လာတာကြောင့် Kamala ဟာလည်း Captain Marvel တည်ရှိခဲ့တဲ့ နေရာကို ရောက်သွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိူး နှစ်ယောက် နေရာမလဲခင်လေးမှာတော့ Kamala ရဲ့ လက်ကောက်ဟာ ခရမ်းရောင်အလင်းတွေ ဖြာထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

Ms. Marvel အပိုင်း(၃)ထဲမှာတော့ Kamala ရဲ့ Great-Grandmother ဖြစ်သူ Aisha ဟာ လက်ကောက်နှစ်ခုမှာ တစ်ခုကိုပဲ ရှာတွေ့ခဲ့ပြီး ကျန်တဲ့တစ်ခုကိုတော့ ယခုအချိန်ထိ ရှာမတွေ့သေးပါဘူး။ ဒါကြောင့်ပဲ Captain Marvel ဟာ ပစ္စပ္ပုန်ကာလမှာ Kamala ရဲ့ လက်ကောက်နဲ့ ဆက်စပ်နေတဲ့ ကျန်တဲ့လက်ကောက် နောက်တစ်ခုကို ရှာတွေ့သွားတာ ဖြစ်နိုင်ပါတယ်။ Captain Marvel ဟာ အဲဒီလက်ကောက်ကို မတော်တဆ Activate လုပ်မိသွားတာ ဖြစ်နိုင်ပြီး ယခုလိုမျိူး နေရာချင်း လဲသွားတာ ဖြစ်ပါလိမ့်မယ်။

photo via screenrant

ဒါ့အပြင် နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ Aisha ဟာ ဒီလက်ကောက်ကို ရှာတွေ့တဲ့အချိန်မှာ အပြာရောင် အသားအရေရှိတဲ့ လက်တစ်ချောင်းဆီက တွေ့ခဲ့တာ ဖြစ်ပါတယ်။ MCU ထဲမှာ အပြာရောင် အသားအရေ ရှိတာကတော့ Kree ဂြိုဟ်သားတွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကပဲ Captain Marvel နဲ့ Kamala တို့ရဲ့ ကောမစ် Origin တွေနဲ့ ဆက်စပ်နေတာဖြစ်ပြီး MCU ထဲက Captain Marvel ကလည်း Kree တွေနဲ့ ပတ်သက်မှုတွေ ရှိနေပါတယ်။

လောလောဆယ်မှာတော့ ပရိသတ်အများစုက Kamala ရဲ့ လက်ကောက်ဟာ Kree တွေ ဖန်တီးထားတဲ့ Nega-Bands ဖြစ်နေမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီဇာတ်လမ်းတွဲ မတိုင်ခင်တုန်းက Captain Marvel ကို နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ အချိန်ကတော့ Shang-Chi and the Legend of Ten Rings ထဲမှာပဲ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားရဲ့ credit-scene ထဲမှာတော့ Captain Marvel ဟာ Shang-Chi ရဲ့ Ten Rings ကို ပထမဆုံး မြင်တွေ့ခဲ့ပြီး Ten Rings နဲ့ ပတ်သက်တဲ့ အရာတစ်ခုခုကို စကြဝဠာထဲမှာ ရှာဖွေနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Aisha တို့ လက်ကောက်ကို ရှာတွေ့ခဲ့တဲ့ ဘုရားကျောင်းဆောင်ရဲ့ ကြမ်းပြင်မှာလည်း Ten Rings အဖွဲ့ရဲ့ တံဆိပ်ကို မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါကြောင့်ပဲ Kamala ရဲ့ လက်ကောက်ဟာ Shang-Chi ရဲ့ Ten Rings နဲ့လည်း ပတ်သက်နေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular