HomeEntertainmentFilmဇွန်လမှာ ထွက်ရှိလာမယ်လို့ သတင်းထွက်နေတဲ့ Ms. Marvel ဇာတ်လမ်းတွဲ

ဇွန်လမှာ ထွက်ရှိလာမယ်လို့ သတင်းထွက်နေတဲ့ Ms. Marvel ဇာတ်လမ်းတွဲ

Moon Knight ဇာတ်လမ်းတွဲ နောက်မှာ ထွက်ရှိလာမယ့် Ms. Marvel ဇာတ်လမ်းတွဲကတော့ လာမယ့် ဇွန်လအစောပိုင်းမှာ စတင်ပြသသွားမယ်လို့ သတင်းထွက်နေပါတယ်။ ဇာတ်လမ်းကတော့ Captain Marvel ကို အလွန်လေးစားအားကျတဲ့ Kamala Khan တဖြစ်လည်း Ms. Marvel ဆိုတဲ့ အသက် (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်ကောင်ကတော့ Marvel ကောမစ်ထဲက နာမည်ကြီး ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ကောမစ်ပရိသတ်တွေကလည်း ဒီဇာတ်လမ်းတွဲကို ကြည့်ရှုဖို့ စောင့်မျှော်နေကြပါတယ်။ လောလောဆယ်မှာတော့ MCU ဟာ Ms. Marvel ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ စွမ်းအားတို့ကို ပြောင်းလဲထားပုံ ရတာကြောင့် ပရိသတ်တွေအကြား အငြင်းပွားဖွယ်ရာ ဖြစ်နေပေမယ့်လည်း ဒါဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။

Ms. Marvel ဇာတ်လမ်းတွဲဟာ Moon Knight ဇာတ်လမ်းတွဲနောက်မှာ ထွက်ရှိလာမယ်လို့ Disney Investor Call မှာ CEO ဖြစ်သူ Bob Chapek က ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကို ဇွန်လ (၂)ရက်နေ့မှာ ကော်ဇောနီအထူးပွဲ ပြသသွားမယ်လို့ သိရတာကြောင့် ဇွန်လ (၈)ရက်နေ့မှာ စတင်ထွက်ရှိလာနိုင်ပါတယ်။ လောလောဆယ်အထိတော့ Disney ကရော၊ Marvel ကပါ ဒီသတင်းနဲ့ ပတ်သက်ပြီး တရားဝင် ပြောကြားထားတာမျိူး မရှိသေးပါဘူး။

photo via screenrant

Moon Knight ဇာတ်လမ်းတွဲကတော့ ယခုလ (၃၀)ရက်နေ့မှာ စတင်ထွက်ရှိလာမှာ ဖြစ်ပြီး အပိုင်း(၆)ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။ Ms. Marvel ဇာတ်လမ်းတွဲကလည်း အပိုင်း(၆)ပိုင်း ပါဝင်လာမှာ ဖြစ်ပြီး ဇွန်လ (၈)ရက်နေ့မှာ စတင်ပြသသွားမယ်ဆိုရင် ဇူလိုင်လ (၁၃)ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Thor: Love and Thunder ကလည်း ဇူလိုင်လ (၈)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ပရိသတ်တွေအနေနဲ့ အချိန်အနည်းငယ် စောင့်မျှော်ပြီးရင် MCU ပရောဂျက်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular