HomeCharacterအနာဂတ် MCU ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်လာနိုင်တဲ့ God များ

အနာဂတ် MCU ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်လာနိုင်တဲ့ God များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel Cinematic Universe ထဲမှာတော့ ကောမစ်ထဲက ဇာတ်ကောင်အမျိူးမျိူးကို မြင်တွေ့ခဲ့ရပြီး မကြာခင်မှာလည်း Eternal တွေကို ကြည့်ရှုရဦးမှာပါ။ လောလောဆယ်မှာ Disney+ က ထုတ်လွှင့်ပြသနေတဲ့ Loki ဇာတ်လမ်းတွဲထဲမှာလည်း Time-Keeper တွေ ပါဝင်လာပါသေးတယ်။ ဒါတွေတင်မကဘဲ MCU ဟာ ကောမစ်ထဲက တခြား God တွေကိုလည်း အနာဂတ်မှာ ပါဝင်လာဖို့အတွက် အရိပ်အမြွက် ဖော်ပြထားတာတွေ ရှိပါသေးတယ်။

(1) Ares
photo via cbr

ဂရိနတ်ဘုရားတစ်ပါးဖြစ်တဲ့ Ares ဟာ အနာဂတ်မှာ ထွက်ရှိလာမယ့် MCU ရုပ်ရှင်တွေထဲမှာ ပါဝင်လာနိုင်ချေ ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ Marvel ကောမစ်ထဲမှာဆိုရင် Athena နဲ့ Hercules တို့ဟာ ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်။

Thor: Ragnarok ထဲမှာဆိုရင် စစ်ပွဲရဲ့ နတ်ဘုရားဖြစ်သူ Ares ကို Easter Egg အနေနဲ့ ထည့်သွင်းထားတာ တွေ့ရပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ Thor ဟာ Sakaar ဂြိုဟ်ပေါ်ကို ရောက်ရှိသွားပြီး Hulk နဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ Sakaar ဂြိုဟ်ပေါ်က အဆောက်အဦးတွေကို ရိုက်ပြသွားပြီး အမြင့်ဆုံးအဆောက်အဦးမှာတော့ Easter Egg တွေ ပါဝင်ခဲ့ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပဲ အဲ့ဒီအဆောက်အဦးမှာတော့ မျက်နှာတွေကို မြင်ရပြီး အဲ့ဒီမျက်နှာတွေရဲ့ ပိုင်ရှင်တွေကတော့ Man-Thing ၊ Beta Ray Bill နဲ့ Ares တို့ပဲ ဖြစ်ပါတယ်။

(2) Uatu The Watcher
photo via cbr

Guardians of the Galaxy Vol. 2 ထွက်အပြီးမှာတော့ Stan Lee ဟာ MCU ရဲ့ Watcher ဖြစ်နေနိုင်တယ်ဆိုတဲ့ သီအိုရီတစ်ခု ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ Watcher တွေကတော့ မသေနိုင်တဲ့ cosmic being တွေ ဖြစ်ကြပြီး သူတို့စောင့်ကြည့်နေတဲ့ reality ကို နှောက်ယှက်မှုတွေ မရှိအောင် စောင့်ကြည့်ကြသူတွေ ဖြစ်ကြပါတယ်။

Disney+ ကနေ ပြသသွားမယ့် Marvel’s What If? ဇာတ်လမ်းတွဲထဲမှာတော့ Uatu The Watcher ကို ကျွန်တော်တို့တွေ ပထမဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Jeffrey Wright ကတော့ Uatu နေရာမှာ အသံသရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ရှေ့လာမယ့် အနာဂတ်မှာတော့ Watcher တွေကို animation အနေနဲ့တင် မဟုတ်ဘဲ Live Action အနေနဲ့ပါ မြင်တွေ့ရနိုင်ပါတယ်။

(3) Death
photo via cbr

ကောမစ်ထဲမှာတော့ Thanos ဟာ Death ကို စွဲလန်းနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Death ရဲ့ အထင်ကြီးမှုကို ရယူဖို့အတွက် Infinity Stone တွေကို ရှာဖွေပြီး Universe တစ်ဝက်ကို ဖြစ်တည်မှုကနေ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ Death ကတော့ သေခြင်းတရားရဲ့ Entity (ဖြစ်တည်မှု)တစ်ခုလို့ ပြောလို့ရပါတယ်။ MCU ထဲမှာတော့ ဒီအချက်တွေ မပါဝင်သေးပေမယ့်လည်း နောက်ပိုင်းကျရင်တော့ Marvel ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး Death ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်တွေ့ရနိုင်ပါတယ်။

(4) Khonshu
photo via cbr

Marvel ဟာ လောလောဆယ်မှာတော့ Moon Knight ဇာတ်လမ်းတွဲကို ပြသဖို့ ပြင်ဆင်နေပြီး ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပါတယ်။ Moon Knight ရဲ့ နာမည်အရင်းကတော့ Marc Spector ဖြစ်ပြီး သူဟာ ရှေးဟောင်း အီဂျစ်နတ်ဘုရား Khonshu ကြောင့် Moon Knight ဆိုတဲ့ ဟီးရိုး ဖြစ်လာတာပါ။ Moon Knight နဲ့ ပတ်သက်တဲ့ အချို့အကြောင်းအရာတွေကိုတော့ အရင်တုန်းက တင်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ Moon Knight ဇာတ်လမ်းတွဲထဲမှာတော့ အီဂျစ်နတ်ဘုရား Khonshu ပါဝင်လာနိုင်ချေ အတော်လေး များပါတယ်။

(5) Kly’Bn
photo via cbr

Nick Fury နဲ့ Skrull ဖြစ်သူ Talos တို့ အဓိက ပါဝင်သရုပ်ဆောင်သွားမယ့် Secret Invasion ဇာတ်လမ်းတွဲကိုတော့ Disney+ မှာ ပြသသွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ကောမစ်ထဲက Secret Invasion ဇာတ်လမ်းကို ပုံဖော်သွားမှာ ဖြစ်ပြီး Skrull God ဖြစ်သူ Kly’Bn ကတော့ အဓိကကျတဲ့ နေရာမှာ ပါဝင်နေပါတယ်။ Kly’Bn ကတော့ Skrull တွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး အလွန် စွမ်းအားကြီးမားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Skrull တွေအတွက် ဘာသာရေးဟာ အလွန်အရေးပါပြီး သူတို့ဘုရားသခင်ရဲ့ နာမတော်နဲ့ ကမ္ဘာပေါ်ကို ကျူးကျော်တိုက်ခိုက်ခဲ့ကြပါတယ်။

(6) Knull
photo via cbr

MCU နဲ့ Sony တို့ရဲ့ ဆက်ဆံရေးဟာ အခုချိန်မှာ အတော်လေးကို ရှုပ်ထွေးလှပါတယ်။ Morbius ရုပ်ရှင်ရဲ့ ထွေလာထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Spider-Man: No Way Home တို့ရဲ့ ဇာတ်လမ်းတွေကို ခန့်မှန်းထားပုံအရဆိုရင် နောက်ပိုင်းမှာတော့ Venom နဲ့ Spider-Man တို့ရဲ့ universe ဟာ ပူးပေါင်းသွားနိုင်ပါတယ်။

လောလောဆယ်မှာတော့ Marvel ကောမစ်ဟာ King In The Black ဇာတ်လမ်း ထွက်ရှိနေပြီး ကောမစ်ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာတော့ Knull ဆိုတဲ့ Symbiote God ပါဝင်ပြီး လောလောဆယ်မှာတော့ Venom ရုပ်ရှင်တွေမှာ Knull နဲ့ ပတ်သက်တဲ့ အချက်တွေကို မတွေ့ရသေးပါဘူး။ အကယ်၍ Spider-Man နဲ့ Venom တို့ တကယ်ပဲ crossover ဖြစ်လာခဲ့မယ်ဆိုရင်တော့ Knull ဟာ သူတို့နှစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ ဗီလိန် ဖြစ်လာမှာပါ။

(7) Dracula
photo via cbr

ယခင်ကတော့ သွေးစုပ်ဖုတ်ကောင်တွေဟာ Marvel ကောမစ်တွေထဲမှာ အရေးပါတဲ့ မကောင်းဆိုးဝါးတွေ ဖြစ်ခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ သွေးစုပ်ဖုတ်ကောင်နဲ့ ပတ်သက်နေတဲ့ Blade နဲ့ Morbius တို့ရဲ့ ဇာတ်လမ်းတွေကို မကြာခင်မှာ Live Action အဖြစ် မြင်တွေ့ရတော့မှာပါ။

ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွေထဲမှာတော့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဘုရင်နဲ့ ဘုရားသခင်ဖြစ်သူ Dracula လည်း ပါဝင်လာနိုင်ပါတယ်။ Marvel Universe ထဲက Dracula ကတော့ ကျွန်တော်တို့ အရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲကထက် များစွာ စွမ်းအားကြီးပါတယ်။ တကယ်လို့ Blade နဲ့ Morbius ဇာတ်ကားတွေမှာ မပါဝင်သေးရင် အဲ့ဒီဇာတ်ကောင်တွေနဲ့ ပတ်သက်နေတဲ့ တခြားဇာတ်လမ်းတွေမှာလည်း ပါဝင်လာနိုင်ပါသေးတယ်။

(8) The Mighty Thor(Jane Foster)
photo via cbr

၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Thor: Love and Thunder ထဲမှာတော့ Jane Foster ဟာ Mjolnir ကို ကိုင်ဆွဲကာ Thor ဖြစ်လာမယ်လို့ သိရပါတယ်။ ကောမစ်ထဲမှာဆိုရင်လည်း Jane Foster ဟာ Thor ဖြစ်လာပြီး အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ အခုကြည့်နေတဲ့ Thor ကို Odinson လို့ ခေါ်ခဲ့ပါတယ်။ Jane Foster က Thor ဖြစ်လာမယ်ဆိုတာကိုတော့ သရုပ်ဆောင် Natalie Portman ကိုယ်တိုင်က အတည်ပြုခဲ့တာကြောင့် Thor: Love and Thunder ထဲမှာတော့ သေချာပေါက် မြင်တွေ့ရမှာပါ။

(9) The Living Tribunal
photo via cbr

Doctor Strange ရုပ်ရှင်ထဲမှာတော့ မှော်လက်နက်တွေ အမျိူးမျိူးကို မြင်တွေ့ခဲ့ရပြီး တချို့လက်နက်တွေဆိုရင် အလွန်စွမ်းအားကြီးတဲ့ Cosmic Being တွေက ဖန်တီးထားတာတွေတောင် ပါဝင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာပဲ Doctor Strange လေ့ကျင့်နေတဲ့အချိန်မှာ The Living Tribunal ရဲ့ တောင်ဝှေးလို့ခေါ်တဲ့ လက်နက်ကို မြင်တွေ့ခဲ့ရပါသေးတယ်။

The Living Tribunal ကတော့ Marvel ကောမစ်ထဲက Cosmic Being တစ်ယောက် ဖြစ်ပြီး Omniverse တစ်ခုလုံးရဲ့ စွမ်းအားအကြီးဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။ Omniverse ဆိုတာကတော့ universe တွေ၊ multiverse တွေ၊ dimension တွေအားလုံး စုပေါင်းထားတာကို ခေါ်ပါတယ်။ အခုချိန်မှာတော့ Loki ဇာတ်လမ်းတွဲထဲမှာ Time-Keeper တွေကိုတောင် မြင်ခဲ့ရပြီ ဖြစ်တာကြောင့် တစ်ချိန်ချိန်မှာတော့ The Living Tribunal ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

(10) Mephisto
photo via cbr

Disney+ က ထုတ်လွှင့်ခဲ့တဲ့ ပထမဆုံး Marvel ဇာတ်လမ်းတွဲ WandaVision ကနေ ယခု ထွက်ရှိနေဆဲဖြစ်တဲ့ Loki ဇာတ်လမ်းတွဲတွေမှာ Mephisto ပါဝင်လာမယ်ဆိုပြီး ပရိသတ်တွေက သီအိုရီတွေ ထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ Mephisto ဟာ WandaVision မှာလည်း မပါဝင်ခဲ့သလို Loki ဇာတ်လမ်းတွဲမှာလည်း ပါဝင်လာမှာ မဟုတ်ဘူးလို့ ဒါရိုက်တာ ကိုယ်တိုင်က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း Marvel ဟာ Mephisto နဲ့ သက်ဆိုင်တဲ့ Easter Egg တွေကို ထည့်သွင်းထားတာကြောင့် အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာတော့ Mephisto ဟာ ပါဝင်လာနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel Cinematic Universe ထဲမွာေတာ့ ေကာမစ္ထဲက ဇာတ္ေကာင္အမ်ိဴးမ်ိဴးကို ျမင္ေတြ႕ခဲ့ရၿပီး မၾကာခင္မွာလည္း Eternal ေတြကို ၾကည့္ရႈရဦးမွာပါ။ ေလာေလာဆယ္မွာ Disney+ က ထုတ္လႊင့္ျပသေနတဲ့ Loki ဇာတ္လမ္းတြဲထဲမွာလည္း Time-Keeper ေတြ ပါဝင္လာပါေသးတယ္။ ဒါေတြတင္မကဘဲ MCU ဟာ ေကာမစ္ထဲက တျခား God ေတြကိုလည္း အနာဂတ္မွာ ပါဝင္လာဖို႔အတြက္ အရိပ္အႁမြက္ ေဖာ္ျပထားတာေတြ ရွိပါေသးတယ္။

(1) Ares
photo via cbr

ဂရိနတ္ဘုရားတစ္ပါးျဖစ္တဲ့ Ares ဟာ အနာဂတ္မွာ ထြက္ရွိလာမယ့္ MCU ႐ုပ္ရွင္ေတြထဲမွာ ပါဝင္လာႏိုင္ေခ် ရွိသူ တစ္ေယာက္ ျဖစ္ပါတယ္။ Marvel ေကာမစ္ထဲမွာဆိုရင္ Athena နဲ႔ Hercules တို႔ဟာ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ဇာတ္ေကာင္ေတြ ျဖစ္ပါတယ္။

Thor: Ragnarok ထဲမွာဆိုရင္ စစ္ပြဲရဲ႕ နတ္ဘုရားျဖစ္သူ Ares ကို Easter Egg အေနနဲ႔ ထည့္သြင္းထားတာ ေတြ႕ရပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ Thor ဟာ Sakaar ၿဂိဳဟ္ေပၚကို ေရာက္ရွိသြားၿပီး Hulk နဲ႔ တိုက္ခိုက္ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာ Sakaar ၿဂိဳဟ္ေပၚက အေဆာက္အဦးေတြကို ႐ိုက္ျပသြားၿပီး အျမင့္ဆုံးအေဆာက္အဦးမွာေတာ့ Easter Egg ေတြ ပါဝင္ခဲ့ပါတယ္။ ပုံမွာျမင္ရတဲ့အတိုင္းပဲ အဲ့ဒီအေဆာက္အဦးမွာေတာ့ မ်က္ႏွာေတြကို ျမင္ရၿပီး အဲ့ဒီမ်က္ႏွာေတြရဲ႕ ပိုင္ရွင္ေတြကေတာ့ Man-Thing ၊ Beta Ray Bill နဲ႔ Ares တို႔ပဲ ျဖစ္ပါတယ္။

(2) Uatu The Watcher
photo via cbr

Guardians of the Galaxy Vol. 2 ထြက္အၿပီးမွာေတာ့ Stan Lee ဟာ MCU ရဲ႕ Watcher ျဖစ္ေနႏိုင္တယ္ဆိုတဲ့ သီအိုရီတစ္ခု ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။ Watcher ေတြကေတာ့ မေသႏိုင္တဲ့ cosmic being ေတြ ျဖစ္ၾကၿပီး သူတို႔ေစာင့္ၾကည့္ေနတဲ့ reality ကို ေႏွာက္ယွက္မႈေတြ မရွိေအာင္ ေစာင့္ၾကည့္ၾကသူေတြ ျဖစ္ၾကပါတယ္။

Disney+ ကေန ျပသသြားမယ့္ Marvel’s What If? ဇာတ္လမ္းတြဲထဲမွာေတာ့ Uatu The Watcher ကို ကြၽန္ေတာ္တို႔ေတြ ပထမဆုံး ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Jeffrey Wright ကေတာ့ Uatu ေနရာမွာ အသံသ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ ေရွ႕လာမယ့္ အနာဂတ္မွာေတာ့ Watcher ေတြကို animation အေနနဲ႔တင္ မဟုတ္ဘဲ Live Action အေနနဲ႔ပါ ျမင္ေတြ႕ရႏိုင္ပါတယ္။

(3) Death
photo via cbr

ေကာမစ္ထဲမွာေတာ့ Thanos ဟာ Death ကို စြဲလန္းေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Death ရဲ႕ အထင္ႀကီးမႈကို ရယူဖို႔အတြက္ Infinity Stone ေတြကို ရွာေဖြၿပီး Universe တစ္ဝက္ကို ျဖစ္တည္မႈကေန ပယ္ဖ်က္ခဲ့တာ ျဖစ္ပါတယ္။ Death ကေတာ့ ေသျခင္းတရားရဲ႕ Entity (ျဖစ္တည္မႈ)တစ္ခုလို႔ ေျပာလို႔ရပါတယ္။ MCU ထဲမွာေတာ့ ဒီအခ်က္ေတြ မပါဝင္ေသးေပမယ့္လည္း ေနာက္ပိုင္းက်ရင္ေတာ့ Marvel ရဲ႕ ဆုံးျဖတ္ခ်က္ေပၚ မူတည္ၿပီး Death ကို ႐ုပ္ရွင္ပိတ္ကားေပၚမွာ ျမင္ေတြ႕ရႏိုင္ပါတယ္။

(4) Khonshu
photo via cbr

Marvel ဟာ ေလာေလာဆယ္မွာေတာ့ Moon Knight ဇာတ္လမ္းတြဲကို ျပသဖို႔ ျပင္ဆင္ေနၿပီး ႐ိုက္ကူးေရး စတင္ေနၿပီ ျဖစ္ပါတယ္။ Moon Knight ရဲ႕ နာမည္အရင္းကေတာ့ Marc Spector ျဖစ္ၿပီး သူဟာ ေရွးေဟာင္း အီဂ်စ္နတ္ဘုရား Khonshu ေၾကာင့္ Moon Knight ဆိုတဲ့ ဟီး႐ိုး ျဖစ္လာတာပါ။ Moon Knight နဲ႔ ပတ္သက္တဲ့ အခ်ိဳ႕အေၾကာင္းအရာေတြကိုေတာ့ အရင္တုန္းက တင္ေပးခဲ့ဖူးပါတယ္။ ဒါေၾကာင့္ပဲ Moon Knight ဇာတ္လမ္းတြဲထဲမွာေတာ့ အီဂ်စ္နတ္ဘုရား Khonshu ပါဝင္လာႏိုင္ေခ် အေတာ္ေလး မ်ားပါတယ္။

(5) Kly’Bn
photo via cbr

Nick Fury နဲ႔ Skrull ျဖစ္သူ Talos တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမယ့္ Secret Invasion ဇာတ္လမ္းတြဲကိုေတာ့ Disney+ မွာ ျပသသြားမွာ ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ ျပင္ဆင္ေနဆဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ေကာမစ္ထဲက Secret Invasion ဇာတ္လမ္းကို ပုံေဖာ္သြားမွာ ျဖစ္ၿပီး Skrull God ျဖစ္သူ Kly’Bn ကေတာ့ အဓိကက်တဲ့ ေနရာမွာ ပါဝင္ေနပါတယ္။ Kly’Bn ကေတာ့ Skrull ေတြရဲ႕ ေခါင္းေဆာင္ျဖစ္ၿပီး အလြန္ စြမ္းအားႀကီးမားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ Skrull ေတြအတြက္ ဘာသာေရးဟာ အလြန္အေရးပါၿပီး သူတို႔ဘုရားသခင္ရဲ႕ နာမေတာ္နဲ႔ ကမာၻေပၚကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၾကပါတယ္။

(6) Knull
photo via cbr

MCU နဲ႔ Sony တို႔ရဲ႕ ဆက္ဆံေရးဟာ အခုခ်ိန္မွာ အေတာ္ေလးကို ရႈပ္ေထြးလွပါတယ္။ Morbius ႐ုပ္ရွင္ရဲ႕ ေထြလာထဲက စိတ္ဝင္စားစရာအခ်က္ေတြနဲ႔ Spider-Man: No Way Home တို႔ရဲ႕ ဇာတ္လမ္းေတြကို ခန႔္မွန္းထားပုံအရဆိုရင္ ေနာက္ပိုင္းမွာေတာ့ Venom နဲ႔ Spider-Man တို႔ရဲ႕ universe ဟာ ပူးေပါင္းသြားႏိုင္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Marvel ေကာမစ္ဟာ King In The Black ဇာတ္လမ္း ထြက္ရွိေနၿပီး ေကာမစ္ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈေတြ ရရွိေနပါတယ္။ အဲ့ဒီဇာတ္လမ္းထဲမွာေတာ့ Knull ဆိုတဲ့ Symbiote God ပါဝင္ၿပီး ေလာေလာဆယ္မွာေတာ့ Venom ႐ုပ္ရွင္ေတြမွာ Knull နဲ႔ ပတ္သက္တဲ့ အခ်က္ေတြကို မေတြ႕ရေသးပါဘူး။ အကယ္၍ Spider-Man နဲ႔ Venom တို႔ တကယ္ပဲ crossover ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ Knull ဟာ သူတို႔ႏွစ္ေယာက္အတြက္ ၿပီးျပည့္စုံတဲ့ ဗီလိန္ ျဖစ္လာမွာပါ။

(7) Dracula
photo via cbr

ယခင္ကေတာ့ ေသြးစုပ္ဖုတ္ေကာင္ေတြဟာ Marvel ေကာမစ္ေတြထဲမွာ အေရးပါတဲ့ မေကာင္းဆိုးဝါးေတြ ျဖစ္ခဲ့ဖူးပါတယ္။ ေလာေလာဆယ္မွာေတာ့ ေသြးစုပ္ဖုတ္ေကာင္နဲ႔ ပတ္သက္ေနတဲ့ Blade နဲ႔ Morbius တို႔ရဲ႕ ဇာတ္လမ္းေတြကို မၾကာခင္မွာ Live Action အျဖစ္ ျမင္ေတြ႕ရေတာ့မွာပါ။

ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းေတြထဲမွာေတာ့ ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ ဘုရင္နဲ႔ ဘုရားသခင္ျဖစ္သူ Dracula လည္း ပါဝင္လာႏိုင္ပါတယ္။ Marvel Universe ထဲက Dracula ကေတာ့ ကြၽန္ေတာ္တို႔ အရင္တုန္းက ၾကည့္ခဲ့ဖူးတဲ့ ႐ုပ္ရွင္ေတြထဲကထက္ မ်ားစြာ စြမ္းအားႀကီးပါတယ္။ တကယ္လို႔ Blade နဲ႔ Morbius ဇာတ္ကားေတြမွာ မပါဝင္ေသးရင္ အဲ့ဒီဇာတ္ေကာင္ေတြနဲ႔ ပတ္သက္ေနတဲ့ တျခားဇာတ္လမ္းေတြမွာလည္း ပါဝင္လာႏိုင္ပါေသးတယ္။

(8) The Mighty Thor(Jane Foster)
photo via cbr

၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Thor: Love and Thunder ထဲမွာေတာ့ Jane Foster ဟာ Mjolnir ကို ကိုင္ဆြဲကာ Thor ျဖစ္လာမယ္လို႔ သိရပါတယ္။ ေကာမစ္ထဲမွာဆိုရင္လည္း Jane Foster ဟာ Thor ျဖစ္လာၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔ အခုၾကည့္ေနတဲ့ Thor ကို Odinson လို႔ ေခၚခဲ့ပါတယ္။ Jane Foster က Thor ျဖစ္လာမယ္ဆိုတာကိုေတာ့ သ႐ုပ္ေဆာင္ Natalie Portman ကိုယ္တိုင္က အတည္ျပဳခဲ့တာေၾကာင့္ Thor: Love and Thunder ထဲမွာေတာ့ ေသခ်ာေပါက္ ျမင္ေတြ႕ရမွာပါ။

(9) The Living Tribunal
photo via cbr

Doctor Strange ႐ုပ္ရွင္ထဲမွာေတာ့ ေမွာ္လက္နက္ေတြ အမ်ိဴးမ်ိဴးကို ျမင္ေတြ႕ခဲ့ရၿပီး တခ်ိဳ႕လက္နက္ေတြဆိုရင္ အလြန္စြမ္းအားႀကီးတဲ့ Cosmic Being ေတြက ဖန္တီးထားတာေတြေတာင္ ပါဝင္ပါတယ္။ ဒီဇာတ္လမ္းထဲမွာပဲ Doctor Strange ေလ့က်င့္ေနတဲ့အခ်ိန္မွာ The Living Tribunal ရဲ႕ ေတာင္ေဝွးလို႔ေခၚတဲ့ လက္နက္ကို ျမင္ေတြ႕ခဲ့ရပါေသးတယ္။

The Living Tribunal ကေတာ့ Marvel ေကာမစ္ထဲက Cosmic Being တစ္ေယာက္ ျဖစ္ၿပီး Omniverse တစ္ခုလုံးရဲ႕ စြမ္းအားအႀကီးဆုံးသူေတြထဲမွာ ပါဝင္ပါတယ္။ Omniverse ဆိုတာကေတာ့ universe ေတြ၊ multiverse ေတြ၊ dimension ေတြအားလုံး စုေပါင္းထားတာကို ေခၚပါတယ္။ အခုခ်ိန္မွာေတာ့ Loki ဇာတ္လမ္းတြဲထဲမွာ Time-Keeper ေတြကိုေတာင္ ျမင္ခဲ့ရၿပီ ျဖစ္တာေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာေတာ့ The Living Tribunal ကိုလည္း ျမင္ေတြ႕ရႏိုင္ပါတယ္။

(10) Mephisto
photo via cbr

Disney+ က ထုတ္လႊင့္ခဲ့တဲ့ ပထမဆုံး Marvel ဇာတ္လမ္းတြဲ WandaVision ကေန ယခု ထြက္ရွိေနဆဲျဖစ္တဲ့ Loki ဇာတ္လမ္းတြဲေတြမွာ Mephisto ပါဝင္လာမယ္ဆိုၿပီး ပရိသတ္ေတြက သီအိုရီေတြ ထုတ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစြာနဲ႔ပဲ Mephisto ဟာ WandaVision မွာလည္း မပါဝင္ခဲ့သလို Loki ဇာတ္လမ္းတြဲမွာလည္း ပါဝင္လာမွာ မဟုတ္ဘူးလို႔ ဒါ႐ိုက္တာ ကိုယ္တိုင္က အတည္ျပဳခဲ့ပါတယ္။ ဒါေပမယ့္လည္း Marvel ဟာ Mephisto နဲ႔ သက္ဆိုင္တဲ့ Easter Egg ေတြကို ထည့္သြင္းထားတာေၾကာင့္ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြမွာေတာ့ Mephisto ဟာ ပါဝင္လာႏိုင္ပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular