HomeEntertainmentFilm၂၀၂၄ ခုနှစ်မှာ ထွက်ရှိလာမယ့် The Lion King Prequel ရုပ်ရှင် Mufasa

၂၀၂၄ ခုနှစ်မှာ ထွက်ရှိလာမယ့် The Lion King Prequel ရုပ်ရှင် Mufasa

ယခုလက်ရှိမှာတော့ Disney ဟာ D23 ပွဲကို ကျင်းပနေပါတယ်။ အဆိုပါပွဲမှာ‌တော့ Live Action ဖြစ်တဲ့ The Lion King ရဲ့ Prequel ရုပ်ရှင်ကိုလည်း အတည်ပြုသွားပါတယ်။ ဒီ Prequel ရုပ်ရှင်ကိုတော့ Mufasa လို့ နာမည်ပေးထားပါတယ်။ The Lion King Animation ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ Live Action ရုပ်ရှင်ကို ဖန်တီးခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ အတော်လေး အောင်မြင်ခဲ့ပြီး box-office မှာလည်း ဝင်ငွေ ဒေါ်လာ(၁.၆)ဘီလျံကျော် ရရှိခဲ့ပါတယ်။

photo via screenrant

The Lion King ရုပ်ရှင်ရဲ့ Prequel ထွက်ရှိလာမယ့်အကြောင်းကိုတော့ Disney ဟာ ၂၀၂၀ ခုနှစ်မှာ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Mufasa နဲ့ Scar တို့ရဲ့ Origin ကို မြင်တွေ့ရမယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။ ဒါရိုက်တာ Barry Jenkins က ရိုက်ကူးပေးထားပြီး ယခုအချိန်မှာတော့ ထွက်ရှိလာမယ့် ရက်နဲ့ ရုပ်ရှင်နာမည်ကိုပါ ကြေညာသွားပါတယ်။

Walt Disney စတူဒီယိုဟာ Prequel ရုပ်ရှင်ရဲ့အမည်ဟာ Mufasa: The Lion King ဖြစ်ကြောင်း တွစ်တာကနေ ဖော်ပြခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ထွက်ရှိလာမယ်လို့လည်း အတည်ပြုထားပါတယ်။ ဒါပေမယ့်လည်း ၂၀၂၄ ခုနှစ်အတွင်း ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတဲ့ နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ ရုပ်ရှင်ရုံတွေမှာ ရုံတင်သွားမှာလား၊ ဒါမှမဟုတ် Disney+ က streaming ပြသသွားမှာလား ဆိုတာကိုလည်း မသိရသေးပါဘူး။

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီရုပ်ရှင်ထဲမှာတော့ Simba ရဲ့ အဖေဖြစ်သူ Mufasa ရဲ့ နောက်ကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး သူဟာ တောအုပ်ကို အုပ်စိုးတဲ့ ဘုရင်တစ်ယောက် ဘယ်လိုဖြစ်လာတယ် ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Mufasa နဲ့ Scar တို့ဟာ ဘယ်လိုကိစ္စတွေကြောင့် အဆင်မပြေတော့တာလည်း ဆိုတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular