HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Prime Video ရဲ့ My Best Friend's Exorcism ရုပ်ရှင်

ထွေလာအသစ် ထွက်ရှိလာတဲ့ Prime Video ရဲ့ My Best Friend’s Exorcism ရုပ်ရှင်

Prime Video က ပြသသွားမယ့် My Best Friend’s Exorcism ရုပ်ရှင်အတွက် ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Grady Hendrix ရဲ့ဝတ္ထုကို ပြန်လည်ဖန်တီးထားတာဖြစ်ပြီး Freaky နဲ့ Happy Death Day တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Christopher Landon နဲ့ ဒါရိုက်တာ Damon Thomas တို့က ရိုက်ကူးပေးထားပါတယ်။

ဇာတ်လမ်းကတော့ ၁၉၈၀ ကျော်လောက်မှာ ဇာတ်အိမ်တည်ထားပြီး Gretchen နဲ့ Abby ဆိုတဲ့ ကောင်မလေးနှစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီး တစ်ရက်မှာတော့ နှစ်ယောက်သား တောထဲမှာရှိတဲ့ သစ်လုံးအိမ်တစ်ခုထဲကို ဝင်သွားကြပါတယ်။ အဲဒီနောက်မှာတော့ Gretchen ဟာ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ လက္ခဏာတွေ ပြသနေတာကြောင့် Abby ဟာ သူမရဲ့သူငယ်ချင်းကို ကူညီဖို့ ကြိုးစားရပါတော့တယ်။

Prime Video ကတော့ မကြာခင်ကပဲ ဒီရုပ်ရှင်အတွက် ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီထွေလာရဲ့ အစမှာတော့ Gretchen နဲ့ Abby တို့ဟာ တောထဲက သစ်လုံးအိမ်ကို ဝင်သွားတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ Gretchen ရဲ့ အမူအရာတွေဟာ ထူးဆန်းလာပြီး ကြောက်ဖို့ကောင်းလာတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် စက်တင်ဘာလ (၃၀)ရက်နေ့မှာ Prime Video ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ The Texas Chainsaw Massacre ထဲမှာ ပါဝင်ခဲ့တဲ့ Elsie Fisher က Abby နေရာက သရုပ်ဆောင်ထားပြီး War for the Planet of Apes ထဲမှာ ပါဝင်ခဲ့တဲ့ Amiah Miller ကတော့ Gretchen နေရာက သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Rachel Ogechi Kanu (Cheer for Your Life) ၊ Cathy Ang (And Just Like that) နဲ့ Clayton Royal Johnson (Stranger Things) တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular