HomeEntertainmentFilmScreen Time (၇)မိနစ်တည်းနဲ့ ကြောက်စရာဇာတ်ကောင် ဖြစ်လာခဲ့တဲ့ Freddy Krueger

Screen Time (၇)မိနစ်တည်းနဲ့ ကြောက်စရာဇာတ်ကောင် ဖြစ်လာခဲ့တဲ့ Freddy Krueger

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၈၄ခုနှစ်က ထွက်ရှိခဲ့တဲ့ A Nightmare on Elm Street ဇာတ်ကားဟာ အခုအချိန်ထိ horror ရုပ်ရှင်လောကမှာ နာမည်ကြီးနေဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ အလွန်အောင်မြင်ခဲ့တာကြောင့် ၂၀၁၀ခုနှစ်မှာလည်း ပြန်လည်ရိုက်ကူးထားပါသေးတယ်။ A Nightmare on Elm Street ဇာတ်ကားနဲ့ ပတ်သက်ရင် ပရိသတ်တေွကြားထဲမှာ အမှတ်ရဆုံးနဲ့ အကျော်ကြားဆုံး ဇာတ်ကောင်ကတော့ Freddy Krueger ပဲ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် Freddy Krueger ဟာ ပရိသတ်တွေ စိတ်ထဲမှာ စွဲနေသလောက် screen time အများကြီး ရခဲ့တာတော့ မဟုတ်ပါဘူး။

photo via screenrant

ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Freddy Krueger ကတော့ လူ့ဘဝမှာ ကလေးတစ်ယောက်ကို သတ်ခဲ့တာကြောင့် လက်စားချေလိုတဲ့ ကလေးမိဘတွေရဲ့ မီးရှို့သတ်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့မျက်နှာနဲ့ တစ်ကိုယ်လုံးဟာ မီးလောင်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ ဖြစ်နေတာပါ။

ဒီလိုနဲ့ သေဆုံးသွားပြီးနောက်မှာတော့ Freddy ဟာ  အကြောက်တရားနဲ့ သူ တကယ်တည်ရှိတယ်ဆိုတဲ့ ယုံကြည်မှုတွေကြောင့် ဝိဉာဉ်အဖြစ် ဆက်လက်နေထိုင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုသတ်ပစ်ခဲ့တဲ့ မိဘတွေကို ကလဲ့စားချေတဲ့အနေနဲ့ Ohio ပြည်နယ် Springwood မြို့မှာ နေထိုင်တဲ့ ဆယ်ကျော်သက်တွေကို အိပ်မက်ထဲကနေတစ်ဆင့် လိုက်လံခြောက်လှန့်ပြီး နောက်ဆုံးမှာတော့ သတ်ပစ်လေ့ရှိပါတယ်။

A Nightmare on Elm Street ဟာ ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ Freddy ဟာ Chucky ၊ Jason Voorhees နဲ့ Michael Myers တို့လိုမျိူး horror ရုပ်ရှင်လောကမှာ အလွန်ရေပန်းစားတဲ့ franchise တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၈၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ original ရုပ်ရှင်ထဲမှာတော့ Freddy Krueger ဟာ screen time (၇)မိနစ်ပဲ ရရှိခဲ့ပါတယ်။ ဒီလောက် နာမည်ကြီးတဲ့ franchise ရဲ့ အဓိကဇာတ်ကောင်က ဘာကြောင့် screen time နည်းနည်းလေးပဲ ရခဲ့တာလည်းဆိုတာဟာ ပရိသတ်တွေအတွက် မေးစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

photo via screenrant

၁၉၈၄ခုနှစ်က မူလရုပ်ရှင်ထဲမှာတော့ Robert Englund က Freddy အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာ Wes Craven က ရိုက်ကူးခဲ့ပါတယ်။ အဆိုပါဇာတ်ကားထဲမှာတော့ Freddy ဟာ screen time အနည်းငယ်ပဲ ရရှိခဲ့ပေမယ့်လည်း ကြည့်ရှုသူတွေကို ညဘက်ကောင်းကောင်း အိပ်မပျော်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီလို screen time အနည်းငယ်ပဲ ထည့်သွင်းခဲ့ရတဲ့ အကြောင်းရင်းကတော့ ဒါရိုက်တာ Wes ဟာ သူ့ရဲ့ပထမဆုံးဇာတ်ကားမှာ သူ့ရဲ့ဗီလိန်ကို အကောင်လိုက်ကြီး ပြလိုက်တာထက် ပရိသတ်တွေ ကိုယ်တိုင်က တဖြည်းဖြည်း စိတ်ကူးယဉ်ပြီး ကြောက်လာအောင် လုပ်ချင်ခဲ့လို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီလိန်ကို အချိန်အတော်ကြာ မပြဘဲ လျှို့ဝှက်ထားတာကြောင့် ပရိသတ်တွေကို ပိုပြီးတော့ ကြောက်ရွံ့လာစေခဲ့ပါတယ်။ ဒါကြောင့် ဗီလိန်နဲ့ ပတ်သက်လာရင် ကြည့်ရှုသူတွေကိုယ်တိုင် စိတ်ကူးယဉ် ပုံဖော်ခိုင်းတာဟာ ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတာကို သိသာစေပါတယ်။ ဒါ့အပြင် ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးကြတဲ့ ရုပ်ရှင်တွေအတွက်လည်း သူတို့ရဲ့ အထူးပြုလုပ်ချက်တွေနဲ့ မိတ်ကပ်တွေရဲ့ မပြည့်စုံမှုတွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း ဘတ်ဂျက် ဒေါ်လာ (၁.၈)သန်းပဲ အသုံးပြုခဲ့တာဖြစ်ပြီး ဒါရိုက်တာ Wes နဲ့ Robert Englund တို့ဟာ ဘတ်ဂျက်နည်းနည်းနဲ့ ပရိသတ်တွေကို အကြောက်ဆုံးဖြစ်အောင် လုပ်ပြသွားနိုင်ခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် အဲ့ဒီခေတ်တုန်းက horror ဇာတ်လမ်းတွေ အလွန်အောင်မြင်ခဲ့တဲ့ အချိန်တွေ ဖြစ်ပြီးတော့ Jason Voorhees နဲ့ Michael Myers တို့ဆိုရင်လည်း အလွန်အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီခေတ်က တစ်ခြားဗီလိန်တွေနဲ့ မတူတဲ့အချက်ကတော့ Freddy ဟာ တစ်ခြားလူသတ်ကောင် ဗီလိန်တွေလို စကားတစ်ခွန်းမှ မဆိုဘဲ နှုတ်ဆိတ်နေသူ မဟုတ်ဘဲ ဒိုင်ယာလော့ခ်တွေ ပြောတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်အဖွဲ့သားတွေ အားလုံးရဲ့ ကြိုးစားမှုနဲ့ ဒါရိုက်တာရဲ့ တီထွင်နိုင်စွမ်းတွေကြောင့် ပရိသတ်တွေဟာ ဒီဇာတ်ကားကို အလွန်နှစ်သက်ခဲ့ကြပြီး နောက်ထပ် sequel တွေကို ကြည့်ရှုခွင့် ရခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၁၉၈၄ခုႏွစ္က ထြက္ရွိခဲ့တဲ့ A Nightmare on Elm Street ဇာတ္ကားဟာ အခုအခ်ိန္ထိ horror ႐ုပ္ရွင္ေလာကမွာ နာမည္ႀကီးေနဆဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ အလြန္ေအာင္ျမင္ခဲ့တာေၾကာင့္ ၂၀၁၀ခုႏွစ္မွာလည္း ျပန္လည္႐ိုက္ကူးထားပါေသးတယ္။ A Nightmare on Elm Street ဇာတ္ကားနဲ႔ ပတ္သက္ရင္ ပရိသတ္ေတြၾကားထဲမွာ အမွတ္ရဆုံးနဲ႔ အေက်ာ္ၾကားဆုံး ဇာတ္ေကာင္ကေတာ့ Freddy Krueger ပဲ ျဖစ္ပါလိမ့္မယ္။ သို႔ေပမယ့္ Freddy Krueger ဟာ ပရိသတ္ေတြ စိတ္ထဲမွာ စြဲေနသေလာက္ screen time အမ်ားႀကီး ရခဲ့တာေတာ့ မဟုတ္ပါဘူး။

photo via screenrant

ဒီဇာတ္လမ္းထဲက အဓိကဇာတ္ေကာင္ျဖစ္တဲ့ Freddy Krueger ကေတာ့ လူ႔ဘဝမွာ ကေလးတစ္ေယာက္ကို သတ္ခဲ့တာေၾကာင့္ လက္စားေခ်လိုတဲ့ ကေလးမိဘေတြရဲ႕ မီးရႈိ႕သတ္တာကို ခံခဲ့ရသူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕မ်က္ႏွာနဲ႔ တစ္ကိုယ္လုံးဟာ မီးေလာင္ထားတဲ့ ဒဏ္ရာေတြအျပည့္နဲ႔ ျဖစ္ေနတာပါ။

ဒီလိုနဲ႔ ေသဆုံးသြားၿပီးေနာက္မွာေတာ့ Freddy ဟာ  အေၾကာက္တရားနဲ႔ သူ တကယ္တည္ရွိတယ္ဆိုတဲ့ ယုံၾကည္မႈေတြေၾကာင့္ ဝိဉာဥ္အျဖစ္ ဆက္လက္ေနထိုင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ကိုသတ္ပစ္ခဲ့တဲ့ မိဘေတြကို ကလဲ့စားေခ်တဲ့အေနနဲ႔ Ohio ျပည္နယ္ Springwood ၿမိဳ႕မွာ ေနထိုင္တဲ့ ဆယ္ေက်ာ္သက္ေတြကို အိပ္မက္ထဲကေနတစ္ဆင့္ လိုက္လံေျခာက္လွန႔္ၿပီး ေနာက္ဆုံးမွာေတာ့ သတ္ပစ္ေလ့ရွိပါတယ္။

A Nightmare on Elm Street ဟာ ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ ပရိသတ္ေတြၾကားမွာ အလြန္ေရပန္းစားလာခဲ့တာ ျဖစ္ပါတယ္။ သိပ္မၾကာခင္မွာပဲ Freddy ဟာ Chucky ၊ Jason Voorhees နဲ႔ Michael Myers တို႔လိုမ်ိဴး horror ႐ုပ္ရွင္ေလာကမွာ အလြန္ေရပန္းစားတဲ့ franchise တစ္ခု ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း ၁၉၈၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ original ႐ုပ္ရွင္ထဲမွာေတာ့ Freddy Krueger ဟာ screen time (၇)မိနစ္ပဲ ရရွိခဲ့ပါတယ္။ ဒီေလာက္ နာမည္ႀကီးတဲ့ franchise ရဲ႕ အဓိကဇာတ္ေကာင္က ဘာေၾကာင့္ screen time နည္းနည္းေလးပဲ ရခဲ့တာလည္းဆိုတာဟာ ပရိသတ္ေတြအတြက္ ေမးစရာတစ္ခု ျဖစ္ခဲ့ပါတယ္။

photo via screenrant

၁၉၈၄ခုႏွစ္က မူလ႐ုပ္ရွင္ထဲမွာေတာ့ Robert Englund က Freddy အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး ဒါ႐ိုက္တာ Wes Craven က ႐ိုက္ကူးခဲ့ပါတယ္။ အဆိုပါဇာတ္ကားထဲမွာေတာ့ Freddy ဟာ screen time အနည္းငယ္ပဲ ရရွိခဲ့ေပမယ့္လည္း ၾကည့္ရႈသူေတြကို ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ဒီလို screen time အနည္းငယ္ပဲ ထည့္သြင္းခဲ့ရတဲ့ အေၾကာင္းရင္းကေတာ့ ဒါ႐ိုက္တာ Wes ဟာ သူ႔ရဲ႕ပထမဆုံးဇာတ္ကားမွာ သူ႔ရဲ႕ဗီလိန္ကို အေကာင္လိုက္ႀကီး ျပလိုက္တာထက္ ပရိသတ္ေတြ ကိုယ္တိုင္က တျဖည္းျဖည္း စိတ္ကူးယဥ္ၿပီး ေၾကာက္လာေအာင္ လုပ္ခ်င္ခဲ့လို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ ဗီလိန္ကို အခ်ိန္အေတာ္ၾကာ မျပဘဲ လွ်ိဳ႕ဝွက္ထားတာေၾကာင့္ ပရိသတ္ေတြကို ပိုၿပီးေတာ့ ေၾကာက္႐ြံ႕လာေစခဲ့ပါတယ္။ ဒါေၾကာင့္ ဗီလိန္နဲ႔ ပတ္သက္လာရင္ ၾကည့္ရႈသူေတြကိုယ္တိုင္ စိတ္ကူးယဥ္ ပုံေဖာ္ခိုင္းတာဟာ ပိုၿပီးေၾကာက္ဖို႔ေကာင္းတယ္ဆိုတာကို သိသာေစပါတယ္။ ဒါ့အျပင္ ဘတ္ဂ်က္နည္းနည္းနဲ႔ ႐ိုက္ကူးၾကတဲ့ ႐ုပ္ရွင္ေတြအတြက္လည္း သူတို႔ရဲ႕ အထူးျပဳလုပ္ခ်က္ေတြနဲ႔ မိတ္ကပ္ေတြရဲ႕ မျပည့္စုံမႈေတြကို ေကာင္းေကာင္းဖုံးကြယ္ထားႏိုင္တဲ့ နည္းစနစ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားကလည္း ဘတ္ဂ်က္ ေဒၚလာ (၁.၈)သန္းပဲ အသုံးျပဳခဲ့တာျဖစ္ၿပီး ဒါ႐ိုက္တာ Wes နဲ႔ Robert Englund တို႔ဟာ ဘတ္ဂ်က္နည္းနည္းနဲ႔ ပရိသတ္ေတြကို အေၾကာက္ဆုံးျဖစ္ေအာင္ လုပ္ျပသြားႏိုင္ခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ အဲ့ဒီေခတ္တုန္းက horror ဇာတ္လမ္းေတြ အလြန္ေအာင္ျမင္ခဲ့တဲ့ အခ်ိန္ေတြ ျဖစ္ၿပီးေတာ့ Jason Voorhees နဲ႔ Michael Myers တို႔ဆိုရင္လည္း အလြန္ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီေခတ္က တစ္ျခားဗီလိန္ေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ Freddy ဟာ တစ္ျခားလူသတ္ေကာင္ ဗီလိန္ေတြလို စကားတစ္ခြန္းမွ မဆိုဘဲ ႏႈတ္ဆိတ္ေနသူ မဟုတ္ဘဲ ဒိုင္ယာေလာ့ခ္ေတြ ေျပာတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ ႐ုပ္ရွင္အဖြဲ႕သားေတြ အားလုံးရဲ႕ ႀကိဳးစားမႈနဲ႔ ဒါ႐ိုက္တာရဲ႕ တီထြင္ႏိုင္စြမ္းေတြေၾကာင့္ ပရိသတ္ေတြဟာ ဒီဇာတ္ကားကို အလြန္ႏွစ္သက္ခဲ့ၾကၿပီး ေနာက္ထပ္ sequel ေတြကို ၾကည့္ရႈခြင့္ ရခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular