HomeHealthေန႔ခင္းေန႔လယ္ တေရးအိပ္ျခင္းက ေသြးတိုးက်ေစဟု ေဆးပညာဆို

ေန႔ခင္းေန႔လယ္ တေရးအိပ္ျခင္းက ေသြးတိုးက်ေစဟု ေဆးပညာဆို

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

American College of Cardiology ရဲ႕ ေလ့လာစမ္းသပ္မႈအရ ေန႔ခင္းေန႔လယ္မွာ တေရးတေမာ အိပ္စက္အနားယူျခင္းဟာ ေဆး၀ါးမွီ၀ဲျခင္း၊ လူေနမႈဘ၀ ေျပာင္းလဲျခင္းတို႔လိုပဲ ေသြးတိုးေရာဂါအေပၚမွာ သက္ေရာက္မႈ ရိွေစတယ္လို႔ သိရပါတယ္။

ေန႔လယ္ခင္း တေရးအိပ္လိုက္ျခင္းအားျဖင့္ အားေတြျပန္ျပည့္သြားသလို ခံစားရေစသလို စိတ္ကိုလည္း ၾကည္လင္လန္းဆန္းေစပါတယ္။ ဒါထက္ပိုတဲ့ အက်ိဳးေက်းဇူးကို မၾကာေသးခင္က တင္ျပခဲ့တဲ့ American College of Cardiology ရဲ႕ (၆၈)ႏွစ္ေျမာက္ သိပၸံေဆြးေႏြးပြဲရဲ႕ စမ္းသပ္ရွာေဖြမႈကေန သိရိွခဲ့ရပါတယ္။ အဲ့ဒီ့ စမ္းသပ္မႈအရ ေန႔လယ္ခင္း အားတဲ့အခ်ိန္ေလးမွာ တေရးတေမာ အိပ္စက္သူေတြဟာ မအိပ္စက္သူေတြထက္ သိသိသာသာ ေသြးတိုးက်ေစတယ္လို႔ သိရပါတယ္။

Photo: pixabay

အဆိုပါ စမ္းသပ္မႈမွာ ပါ၀င္ခဲ့တဲ့ ေဒါက္တာ Manolis Kallistratos က အခုလိုမ်ိဳး ႏိႈင္းယွဥ္ၿပီး ရွင္းျပထားပါတယ္။ ဆား၊အငန္ေလွ်ာ႔စားတာ၊ အယ္လ္ကိုေဟာ ေလွ်ာ႔ၿပီး ေသာက္သုံးတာေတြလိုမ်ိဳး ေန႔စဥ္လူေနမႈဘ၀ပုံစံကို ေျပာင္းလဲလိုက္ျခင္းဟာ 3 mm Hg ကေန 5 mm Hg အထိ ေသြးတိုးက်ေစၿပီး ေသြးတိုးက်ေစတဲ့ ေဆး၀ါးေတြကို ေန႔စဥ္ အနည္းငယ္စီ မွီ၀ဲတာကေတာ့ 5 mm Hg ကေန 7 mm Hg အထိ ပ်မ္းမွ်အားျဖင့္ က်ေစတယ္လို႔ ဆိုပါတယ္။

ေန႔ခင္းပိုင္းမွာ တစ္နာရီေလာက္ အိပ္စက္ေပးမယ္ဆိုရင္ေတာ့ ပ်မ္းမွ်အားျဖင့္ 5 mm Hg ခန္႔ ေသြးတိုးက်ေစတယ္ဆိုတာကို ေတြ႕ရိွခဲ့ၾကတာ ျဖစ္ပါတယ္။ ေဒါက္တာ Manolis ရဲ႕ေျပာစကားအရ “အခု ေတြ႕ရိွခ်က္ဟာ အေရးႀကီးပါတယ္။ ေသြးတိုးေရာဂါမွာ 2 mm Hg ေလာက္ ပမာဏေလးပဲ ေလ်ာ႔က်သြားေစတယ္ဆိုရင္ေတာင္ အေရးေပၚ ႏွလုံးေဖာက္တာလိုမ်ိဳး ႏွလုံးေသြးေၾကာေရာဂါေတြ ျဖစ္ႏိုင္ေခ်ကို (၁၀)ရာခိုင္ႏႈန္းအထိ ေလ်ာ႔က်သြားေစႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ေတြ႕ရိွခ်က္ကို အေျခခံၿပီး ေျပာရမယ္ဆိုရင္ေတာ့ ေန႔ခင္းေန႔လယ္မွာ တစ္နာရီေလာက္ အနားယူ၊ အိပ္စက္ႏိုင္ဖို႔ အခ်ိန္ရိွရုံနဲ႔ ေသြးတိုးေရာဂါသမားေတြအတြက္ အမ်ားႀကီး အက်ိဳးထူးေစမွာပါ။ ဒီနည္းလမ္းက တအားလြယ္ကူတဲ့ နည္းလမ္းျဖစ္ၿပီး အခေၾကးေငြလည္း တစ္ျပားတစ္ခ်ပ္မွ မကုန္တာမို႔လို႔ အလြယ္တကူ အက်င့္လုပ္လို႔ရမယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားထားပါတယ္။

ေသြးတိုးေရာဂါကို ခံစားေနရသူေတြအတြက္ ဒီေတြ႕ရိွခ်က္ဟာ အသုံး၀င္ေစမယ္လို႔ ယုံၾကည္ေမွ်ာ္လင့္လ်က္ …။

Xei

Ref: sciencedaily

(Unicode Version)

American College of Cardiology ရဲ့ လေ့လာစမ်းသပ်မှုအရ နေ့ခင်းနေ့လယ်မှာ တရေးတမော အိပ်စက်အနားယူခြင်းဟာ ဆေးဝါးမှီဝဲခြင်း၊ လူနေမှုဘ၀ ပြောင်းလဲခြင်းတို့လိုပဲ သွေးတိုးရောဂါအပေါ်မှာ သက်ရောက်မှု ရှိစေတယ်လို့ သိရပါတယ်။

နေ့လယ်ခင်း တရေးအိပ်လိုက်ခြင်းအားဖြင့် အားတွေပြန်ပြည့်သွားသလို ခံစားရစေသလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ဒါထက်ပိုတဲ့ အကျိုးကျေးဇူးကို မကြာသေးခင်က တင်ပြခဲ့တဲ့ American College of Cardiology ရဲ့ (၆၈)နှစ်မြောက် သိပ္ပံဆွေးနွေးပွဲရဲ့ စမ်းသပ်ရှာဖွေမှုကနေ သိရှိခဲ့ရပါတယ်။ အဲ့ဒီ့ စမ်းသပ်မှုအရ နေ့လယ်ခင်း အားတဲ့အချိန်လေးမှာ တရေးတမော အိပ်စက်သူတွေဟာ မအိပ်စက်သူတွေထက် သိသိသာသာ သွေးတိုးကျစေတယ်လို့ သိရပါတယ်။

Photo: pixabay

အဆိုပါ စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ Manolis Kallistratos က အခုလိုမျိုး နှိုင်းယှဉ်ပြီး ရှင်းပြထားပါတယ်။ ဆား၊အငန်လျှော့စားတာ၊ အယ်လ်ကိုဟော လျှော့ပြီး သောက်သုံးတာတွေလိုမျိုး နေ့စဉ်လူနေမှုဘဝပုံစံကို ပြောင်းလဲလိုက်ခြင်းဟာ 3 mm Hg ကနေ 5 mm Hg အထိ သွေးတိုးကျစေပြီး သွေးတိုးကျစေတဲ့ ဆေးဝါးတွေကို နေ့စဉ် အနည်းငယ်စီ မှီဝဲတာကတော့ 5 mm Hg ကနေ 7 mm Hg အထိ ပျမ်းမျှအားဖြင့် ကျစေတယ်လို့ ဆိုပါတယ်။

နေ့ခင်းပိုင်းမှာ တစ်နာရီလောက် အိပ်စက်ပေးမယ်ဆိုရင်တော့ ပျမ်းမျှအားဖြင့် 5 mm Hg ခန့် သွေးတိုးကျစေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါက်တာ Manolis ရဲ့ပြောစကားအရ “အခု တွေ့ရှိချက်ဟာ အရေးကြီးပါတယ်။ သွေးတိုးရောဂါမှာ 2 mm Hg လောက် ပမာဏလေးပဲ လျော့ကျသွားစေတယ်ဆိုရင်တောင် အရေးပေါ် နှလုံးဖောက်တာလိုမျိုး နှလုံးသွေးကြောရောဂါတွေ ဖြစ်နိုင်ချေကို (၁၀)ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ကို အခြေခံပြီး ပြောရမယ်ဆိုရင်တော့ နေ့ခင်းနေ့လယ်မှာ တစ်နာရီလောက် အနားယူ၊ အိပ်စက်နိုင်ဖို့ အချိန်ရှိရုံနဲ့ သွေးတိုးရောဂါသမားတွေအတွက် အများကြီး အကျိုးထူးစေမှာပါ။ ဒီနည်းလမ်းက တအားလွယ်ကူတဲ့ နည်းလမ်းဖြစ်ပြီး အခကြေးငွေလည်း တစ်ပြားတစ်ချပ်မှ မကုန်တာမို့လို့ အလွယ်တကူ အကျင့်လုပ်လို့ရမယ်လို့ ထင်ပါတယ်”လို့ ပြောကြားထားပါတယ်။

သွေးတိုးရောဂါကို ခံစားနေရသူတွေအတွက် ဒီတွေ့ရှိချက်ဟာ အသုံးဝင်စေမယ်လို့ ယုံကြည်မျှော်လင့်လျက် …။

Xei

Ref: sciencedaily

 

RELATED ARTICLES

Most Popular