HomeEntertainmentFilmNaruto Shippuden ထဲက IMDb အမြင့်ဆုံးရရှိထားတဲ့ အပိုင်းများ

Naruto Shippuden ထဲက IMDb အမြင့်ဆုံးရရှိထားတဲ့ အပိုင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အော်ရီဂျင်နယ်လ် Naruto စီးရီးနောက်မှာ ထပ်ထွက်လာတဲ့ Naruto Shippuden ဟာ အပိုင်း(၅၀၀)ကျော်နဲ့ ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပါတယ်။ ဒီအတောအတွင်း ကမ္ဘာအနှံ့အပြားမှာ အမာခံပရိသတ်ပေါင်းများစွာ ရရှိထားခဲ့ပြီး Naruto Shippuden စီးရီးတစ်ခုလုံးအနေနဲ့လည်း IMDb rating (8.6) ရရှိထားပါတယ်။ စီးရီးထဲမှာ ကောင်းမွန်တဲ့အပိုင်းတွေ များစွာပါဝင်ခဲ့ပြီး ထိပ်ဆုံးက ရပ်တည်နေတဲ့ အပိုင်းတွေကတော့ အနည်းဆုံး IMDb rating (9) ပတ်ဝန်းကျင်ကို ရရှိထားတာ တွေ့ရပါတယ်။ ဒီထဲကမှ IMDb အမြင့်ဆုံး ရရှိထားတဲ့ အပိုင်း(၈)ပိုင်းကို ဖော်ပြပေးလိုက်ပါတယ်။

(8) Planetary Devastation, Episode 167 (IMDb 9.2)
photo via screenrant

Planetary Devastation လို့ နာမည်ပေးထားတဲ့ ဒီအပိုင်းမှာ Chibaku Tensei ဆိုတဲ့ နောက်ထပ်နာမည်တစ်ခုလည်း ရှိပါသေးတယ်။ ဒီအပိုင်းထဲမှာ Pain ရဲ့လက်ချက်ကြောင့် Hinata သေသွားပြီ ထင်ပြီးNaruto တစ်ယောက် ဒေါသတွေ ထွက်ခဲ့ပါတယ်။ ဒေါသတွေထွက်လွန်းလို့ ကိုးမြီးမြေခွေး ဖြစ်သွားပြီး Pain နဲ့ တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပါတယ်။

အင်မတန်ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ပြီး အမြီးတွေလည်း တစ်ချောင်းပြီးတစ်ချောင်း ပေါက်လာခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာပဲ Pain ဟာ Chibaku Tensei ကို မဖြစ်မနေ သုံးခဲ့ရပြီး Naruto ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အပိုင်းက ပြီးဆုံးဖို့ နီးစပ်လာတာနဲ့အမျှ ဒီလောက်နဲ့ မလုံလောက်သေးဘူးဆိုတာကို ပြသသွားခဲ့ပါတယ်။ ကြည့်ရှုသူ ပရိသတ်တွေအတွက်ကတော့ ရင်တထိတ်ထိတ်နဲ့ နောက်တစ်ပိုင်းကို အပြေးအလွှား ကြည့်ချင်စိတ်ပေါက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

(7) The Ties That Bind, Episode 364 (IMDb 9.2)
photo via screenrant

ဒီအပိုင်းကတော့ စိတ်ထိခိုက်ဖို့ကောင်းပြီး ဝမ်းနည်းဖို့လည်းကောင်းတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီအပိုင်းတစ်ပိုင်းတည်းမှာတင် ကာရိုက်တာသုံးယောက် သေသွားခဲ့တာကြောင့် ပရိသတ်တွေ မေ့နိုင်မယ်လို့တော့ မထင်ပါဘူး။

ဒီအပိုင်းထဲမှာ Shikaku နဲ့ Inoichi တို့ဟာ သူတို့ရဲ့စခန်းဆီကို တိုက်ရိုက်လာနေတဲ့ တိုက်ခိုက်မှုကို မရှောင်နိုင်မှန်းသိနေတဲ့အချိန်မှာ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ Shikamaru နဲ့ Ino တို့ကို Inoichi ရဲ့ ဆက်သွယ်နိုင်စွမ်းကိုသုံးပြီးတော့ နောက်ဆုံးနှုတ်ဆက်စကားကို ပြောခဲ့ပါတယ်။

အဲ့ဒါအပြင် Naruto ဆီကိုလာနေတဲ့ တိုက်ခိုက်မှုကို Hinata က ကာပေးထားတဲ့အချိန်မှာ Neji က ကြားထဲကနေ ဝင်ပြီးအသေခံပေးသွားခဲ့ပါတယ်။ ဒီအပိုင်းဟာ Naruto fan တွေအတွက် ဆုံးရှုံးမှုတွေ တော်တော်များခဲ့တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။

(6) Congratulations, Episode 474 (IMDb 9.2)
photo via screenrant

ဒီအပိုင်းကတော့ Team 7 နဲ့ Kaguya တို့ တိုက်ခိုက်မှု ပြီးသွားတဲ့အပိုင်းပါ။ တိုက်ခိုက်မှုတွေ ပြီးသွားတာကြောင့် သူတို့ကို ကူညီခဲ့တဲ့ Hokage လေးယောက်ကလည်း အေးအေးချမ်းချမ်း အနားယူနိုင်ဖို့အတွက် ပြန်လည်အသက်သွင်းထားတဲ့ သိုင်းကွက်ကနေ လွတ်မြောက်သွားကြပါတယ်။

Minato ထွက်မသွားခင်မှာ Naruto ဟာ သူ့အမေအတွက် အမှာစကားတွေ ပြောလိုက်နိုင်ပါတယ်။ အဲ့လိုနဲ့ပဲ စတုတ္ထမြောက် နင်ဂျာစစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီး Naruto နဲ့ Minato တို့ရဲ့ ခွဲခွာကာနီးလေး အခန်းကလည်း ကြည့်ရတဲ့သူကို ပြောမပြတတ်တဲ့ ခံစားမှုလေးကို ဖြစ်ပေါ်စေမှာပါ။

(5) The Tale of Jiraiya The Gallant, Episode 133 (IMDb 9.3)
photo via screenrant

ဒီအပိုင်းကတော့ fan တွေတော်တော်များများ ငိုခဲ့ရတဲ့အပိုင်းပါ။ ဒီအပိုင်းမှာ Jiraiya က Akatsuki အဖွဲ့ကို စုံစမ်းဖို့ ထွက်သွားပြီးမှာ Pain ခြောက်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့လည်း အသက်မထွက်ခင်မှာ Pain ခြောက်ယောက်ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး လျှို့ဝှက်စကားနဲ့ ကိုနိုဟာရွာကို အမှာစကားပါး လိုက်ပါသေးတယ်။

(4) The Sage of the Six Paths, Episode 421 (IMDb 9.3)
Photo via screenrant

ဒီအပိုင်းကတော့ Naruto နဲ့ Sasuke တို့ တကယ့် legend ကြီး Hagoromo Otsutsuki နဲ့ တွေ့ခဲ့ကြတဲ့အပိုင်း ဖြစ်ပါတယ်။ Hagoromo ဟာ Naruto တို့နှစ်ယောက်ကို အတိတ်ကအကြောင်းတွေ ပြန်ပြောပြခဲ့ပါတယ်။ Madara ကို တားဖို့အတွက်လည်း သူ့ရဲ့ စွမ်းအားတွေကို Naruto နဲ့ Sasuke တို့နှစ်ယောက်ဆီ တစ်ယောက်တစ်ဝက် ခွဲပေးလိုက်ပါတယ်။

ဒါ့အပြင် ဒီအပိုင်းထဲမှာ Might Guy က အတွင်းဂိတ်ရှစ်ခုကို ဖွင့်ပြီး Madara နဲ့ တစ်ယောက်ချင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အတွင်းရှစ်ခုလုံးကို ဖွင့်တာက အသုံးပြုတဲ့သူကို သေစေနိုင်တာမို့လို့ သေခါနီးဖြစ်နေတဲ့အချိန်မှာ Naruto က Hagoromo ရဲ့စွမ်းအားနဲ့ မသေဆုံးအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

(3) The Final Battle, Episode 476 (IMDb 9.3)
photo via screenrant

ဒီအပိုင်းကတော့ အပိုင်းရဲ့နာမည်နဲ့လိုက်အောင်ကို Naruto နဲ့ Sasuke ရဲ့ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်ပါတယ်။ Naruto ဟာ ငယ်ငယ်ထဲက Sasuke ကိုအတုယူပြီး လိုက်မီနိုင်အောင် ကြိုးစားခဲ့ပါတယ်။ Sasuke ရွာကထွက်သွားပြီးတဲ့နောက်မှာလည်း ဘယ်သူတွေ ဘာတွေပဲပြောပြော ရွာကို ပြန်ခေါ်ယူဖို့အတွက် ကြိုးစားနေခဲ့ပါတယ်။ ဒီတိုက်ပွဲမှာတော့ ကျွန်တော်တို့ အရင်က မြင်ဖူးခဲ့တဲ့ တိုက်ပွဲတွေနဲ့ လုံးဝမတူဘဲနဲ့ ထူးခြားတဲ့ တိုက်ပွဲကို မြင်တွေ့ရမှာပါ။

(2) Kakashi Vs. Obito, Episode 375 (IMDb 9.4)
photo via screenrant

ဒီအပိုင်းကတော့ Kakashi နဲ့ Obito တို့ တိုက်ခိုက်ကြတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ Kakashi အတွက် Obito ဟာ ငယ်သူငယ်ချင်းကြီး ဖြစ်နေပေမယ့်လည်း ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ရပါတော့တယ်။ Obito ဟာ Madara ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတာကြောင့် အမြင်မှန်ရနိုင်သေးတယ်လို့ Naruto က ယူဆပြီး Madara ရဲ့ ထိန်းချုပ်မှုအောက်က လွတ်အောင် လုပ်ပေးခဲ့ပါတယ်။

(1) Naruto and Sasuke, Episode 477 (IMDb 9.6)
photo via screenrant

ဒီအပိုင်းဟာ Naruto Shippuden ရဲ့ IMDb အများဆုံးရထားတဲ့ အပိုင်းဖြစ်ပြီး နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။ ဒီအပိုင်းကလည်း Naruto နဲ့ Sasuke တို့ရဲ့ နောက်ဆုံးတိုက်ပွဲပဲ ဖြစ်ပြီးတော့ နှစ်ယောက်စလုံးက မောပန်းပြီးတော့ လဲကျတဲ့အထိကို တိုက်ခိုက်ခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အမြင်တွေနဲ့ ကိုယ်ယုံကြည်ရာအတွက် တိုက်ခိုက်ခဲ့ကြရာမှာ ဘယ်လိုပြီးဆုံးသွားမလည်းဆိုပြီး ပရိသတ်တွေမှာ သိချင်စိတ်တွေနဲ့ ကျန်ရစ်ခဲ့ရတဲ့အပိုင်းလည်း ဖြစ်ပါတယ်။

ဒါကတော့ Naruto Shippuden စီးရီးရဲ့ IMDb အမြင့်ဆုံးရထားတဲ့ အပိုင်း(၈)ပိုင်းကို ဖော်ပြပေးခဲ့တာပါ။ ရှည်လျားလှတဲ့ စီးရီးဖြစ်ပြီး တကယ့် epic ဖြစ်တဲ့အပိုင်းတွေလည်း အများကြီးရှိတာမို့ ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အမှတ်ရနေတဲ့ episode တွေ အမြောက်အများပဲ ရှိနေကြမယ်ဆိုတာ ယုံကြည်လျက်….။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေအာ္ရီဂ်င္နယ္လ္ Naruto စီးရီးေနာက္မွာ ထပ္ထြက္လာတဲ့ Naruto Shippuden ဟာ အပိုင္း(၅၀၀)ေက်ာ္နဲ႔ ဆယ္စုႏွစ္တစ္ခု ၾကာျမင့္ခဲ့ပါတယ္။ ဒီအေတာအတြင္း ကမာၻအႏွံ႔အျပားမွာ အမာခံပရိသတ္ေပါင္းမ်ားစြာ ရရွိထားခဲ့ၿပီး Naruto Shippuden စီးရီးတစ္ခုလုံးအေနနဲ႔လည္း IMDb rating (8.6) ရရွိထားပါတယ္။ စီးရီးထဲမွာ ေကာင္းမြန္တဲ့အပိုင္းေတြ မ်ားစြာပါဝင္ခဲ့ၿပီး ထိပ္ဆုံးက ရပ္တည္ေနတဲ့ အပိုင္းေတြကေတာ့ အနည္းဆုံး IMDb rating (9) ပတ္ဝန္းက်င္ကို ရရွိထားတာ ေတြ႕ရပါတယ္။ ဒီထဲကမွ IMDb အျမင့္ဆုံး ရရွိထားတဲ့ အပိုင္း(၈)ပိုင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

(8) Planetary Devastation, Episode 167 (IMDb 9.2)
photo via screenrant

Planetary Devastation လို႔ နာမည္ေပးထားတဲ့ ဒီအပိုင္းမွာ Chibaku Tensei ဆိုတဲ့ ေနာက္ထပ္နာမည္တစ္ခုလည္း ရွိပါေသးတယ္။ ဒီအပိုင္းထဲမွာ Pain ရဲ႕လက္ခ်က္ေၾကာင့္ Hinata ေသသြားၿပီ ထင္ၿပီးNaruto တစ္ေယာက္ ေဒါသေတြ ထြက္ခဲ့ပါတယ္။ ေဒါသေတြထြက္လြန္းလို႔ ကိုးၿမီးေျမေခြး ျဖစ္သြားၿပီး Pain နဲ႔ တစ္ေယာက္တည္း တိုက္ခိုက္ခဲ့ပါတယ္။

အင္မတန္ႀကီးမားတဲ့ တိုက္ပြဲႀကီးတစ္ပြဲ ျဖစ္ခဲ့ၿပီး အၿမီးေတြလည္း တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္း ေပါက္လာခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္မွာပဲ Pain ဟာ Chibaku Tensei ကို မျဖစ္မေန သုံးခဲ့ရၿပီး Naruto ကို ထိန္းသိမ္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း အပိုင္းက ၿပီးဆုံးဖို႔ နီးစပ္လာတာနဲ႔အမွ် ဒီေလာက္နဲ႔ မလုံေလာက္ေသးဘူးဆိုတာကို ျပသသြားခဲ့ပါတယ္။ ၾကည့္ရႈသူ ပရိသတ္ေတြအတြက္ကေတာ့ ရင္တထိတ္ထိတ္နဲ႔ ေနာက္တစ္ပိုင္းကို အေျပးအလႊား ၾကည့္ခ်င္စိတ္ေပါက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

(7) The Ties That Bind, Episode 364 (IMDb 9.2)
photo via screenrant

ဒီအပိုင္းကေတာ့ စိတ္ထိခိုက္ဖို႔ေကာင္းၿပီး ဝမ္းနည္းဖို႔လည္းေကာင္းတဲ့ အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဒီအပိုင္းတစ္ပိုင္းတည္းမွာတင္ ကာ႐ိုက္တာသုံးေယာက္ ေသသြားခဲ့တာေၾကာင့္ ပရိသတ္ေတြ ေမ့ႏိုင္မယ္လို႔ေတာ့ မထင္ပါဘူး။

ဒီအပိုင္းထဲမွာ Shikaku နဲ႔ Inoichi တို႔ဟာ သူတို႔ရဲ႕စခန္းဆီကို တိုက္႐ိုက္လာေနတဲ့ တိုက္ခိုက္မႈကို မေရွာင္ႏိုင္မွန္းသိေနတဲ့အခ်ိန္မွာ သူတို႔ရဲ႕ သားသမီးေတြျဖစ္တဲ့ Shikamaru နဲ႔ Ino တို႔ကို Inoichi ရဲ႕ ဆက္သြယ္ႏိုင္စြမ္းကိုသုံးၿပီးေတာ့ ေနာက္ဆုံးႏႈတ္ဆက္စကားကို ေျပာခဲ့ပါတယ္။

အဲ့ဒါအျပင္ Naruto ဆီကိုလာေနတဲ့ တိုက္ခိုက္မႈကို Hinata က ကာေပးထားတဲ့အခ်ိန္မွာ Neji က ၾကားထဲကေန ဝင္ၿပီးအေသခံေပးသြားခဲ့ပါတယ္။ ဒီအပိုင္းဟာ Naruto fan ေတြအတြက္ ဆုံးရႈံးမႈေတြ ေတာ္ေတာ္မ်ားခဲ့တဲ့ အပိုင္းပဲ ျဖစ္ပါတယ္။

(6) Congratulations, Episode 474 (IMDb 9.2)
photo via screenrant

ဒီအပိုင္းကေတာ့ Team 7 နဲ႔ Kaguya တို႔ တိုက္ခိုက္မႈ ၿပီးသြားတဲ့အပိုင္းပါ။ တိုက္ခိုက္မႈေတြ ၿပီးသြားတာေၾကာင့္ သူတို႔ကို ကူညီခဲ့တဲ့ Hokage ေလးေယာက္ကလည္း ေအးေအးခ်မ္းခ်မ္း အနားယူႏိုင္ဖို႔အတြက္ ျပန္လည္အသက္သြင္းထားတဲ့ သိုင္းကြက္ကေန လြတ္ေျမာက္သြားၾကပါတယ္။

Minato ထြက္မသြားခင္မွာ Naruto ဟာ သူ႔အေမအတြက္ အမွာစကားေတြ ေျပာလိုက္ႏိုင္ပါတယ္။ အဲ့လိုနဲ႔ပဲ စတုတၳေျမာက္ နင္ဂ်ာစစ္ပြဲႀကီး ၿပီးဆုံးသြားခဲ့ၿပီး Naruto နဲ႔ Minato တို႔ရဲ႕ ခြဲခြာကာနီးေလး အခန္းကလည္း ၾကည့္ရတဲ့သူကို ေျပာမျပတတ္တဲ့ ခံစားမႈေလးကို ျဖစ္ေပၚေစမွာပါ။

(5) The Tale of Jiraiya The Gallant, Episode 133 (IMDb 9.3)
photo via screenrant

ဒီအပိုင္းကေတာ့ fan ေတြေတာ္ေတာ္မ်ားမ်ား ငိုခဲ့ရတဲ့အပိုင္းပါ။ ဒီအပိုင္းမွာ Jiraiya က Akatsuki အဖြဲ႕ကို စုံစမ္းဖို႔ ထြက္သြားၿပီးမွာ Pain ေျခာက္ေယာက္နဲ႔ ရင္ဆိုင္တိုက္ခိုက္ၿပီး အသက္ဆုံးရႈံးခဲ့ရပါတယ္။ ဒါေပမဲ့လည္း အသက္မထြက္ခင္မွာ Pain ေျခာက္ေယာက္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို သိသြားၿပီး လွ်ိဳ႕ဝွက္စကားနဲ႔ ကိုႏိုဟာ႐ြာကို အမွာစကားပါး လိုက္ပါေသးတယ္။

(4) The Sage of the Six Paths, Episode 421 (IMDb 9.3)
photo via screenrant

ဒီအပိုင္းကေတာ့ Naruto နဲ႔ Sasuke တို႔ တကယ့္ legend ႀကီး Hagoromo Otsutsuki နဲ႔ ေတြ႕ခဲ့ၾကတဲ့အပိုင္း ျဖစ္ပါတယ္။ Hagoromo ဟာ Naruto တို႔ႏွစ္ေယာက္ကို အတိတ္ကအေၾကာင္းေတြ ျပန္ေျပာျပခဲ့ပါတယ္။ Madara ကို တားဖို႔အတြက္လည္း သူ႔ရဲ႕ စြမ္းအားေတြကို Naruto နဲ႔ Sasuke တို႔ႏွစ္ေယာက္ဆီ တစ္ေယာက္တစ္ဝက္ ခြဲေပးလိုက္ပါတယ္။

ဒါ့အျပင္ ဒီအပိုင္းထဲမွာ Might Guy က အတြင္းဂိတ္ရွစ္ခုကို ဖြင့္ၿပီး Madara နဲ႔ တစ္ေယာက္ခ်င္း တိုက္ခိုက္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အတြင္းရွစ္ခုလုံးကို ဖြင့္တာက အသုံးျပဳတဲ့သူကို ေသေစႏိုင္တာမို႔လို႔ ေသခါနီးျဖစ္ေနတဲ့အခ်ိန္မွာ Naruto က Hagoromo ရဲ႕စြမ္းအားနဲ႔ မေသဆုံးေအာင္ ကာကြယ္ေပးႏိုင္ခဲ့ပါတယ္။

(3) The Final Battle, Episode 476 (IMDb 9.3)
photo via screenrant

ဒီအပိုင္းကေတာ့ အပိုင္းရဲ႕နာမည္နဲ႔လိုက္ေအာင္ကို Naruto နဲ႔ Sasuke ရဲ႕ ေနာက္ဆုံးတိုက္ပြဲလည္း ျဖစ္ပါတယ္။ Naruto ဟာ ငယ္ငယ္ထဲက Sasuke ကိုအတုယူၿပီး လိုက္မီႏိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။ Sasuke ႐ြာကထြက္သြားၿပီးတဲ့ေနာက္မွာလည္း ဘယ္သူေတြ ဘာေတြပဲေျပာေျပာ ႐ြာကို ျပန္ေခၚယူဖို႔အတြက္ ႀကိဳးစားေနခဲ့ပါတယ္။ ဒီတိုက္ပြဲမွာေတာ့ ကြၽန္ေတာ္တို႔ အရင္က ျမင္ဖူးခဲ့တဲ့ တိုက္ပြဲေတြနဲ႔ လုံးဝမတူဘဲနဲ႔ ထူးျခားတဲ့ တိုက္ပြဲကို ျမင္ေတြ႕ရမွာပါ။

(2) Kakashi Vs. Obito, Episode 375 (IMDb 9.4)
photo via screenrant

ဒီအပိုင္းကေတာ့ Kakashi နဲ႔ Obito တို႔ တိုက္ခိုက္ၾကတဲ့အပိုင္းပဲ ျဖစ္ပါတယ္။ Kakashi အတြက္ Obito ဟာ ငယ္သူငယ္ခ်င္းႀကီး ျဖစ္ေနေပမယ့္လည္း ကမာၻႀကီးကို ကာကြယ္ဖို႔အတြက္ တိုက္ခိုက္ရပါေတာ့တယ္။ Obito ဟာ Madara ရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္ေနတာေၾကာင့္ အျမင္မွန္ရႏိုင္ေသးတယ္လို႔ Naruto က ယူဆၿပီး Madara ရဲ႕ ထိန္းခ်ဳပ္မႈေအာက္က လြတ္ေအာင္ လုပ္ေပးခဲ့ပါတယ္။

(1) Naruto and Sasuke, Episode 477 (IMDb 9.6)
photo via screenrant

ဒီအပိုင္းဟာ Naruto Shippuden ရဲ႕ IMDb အမ်ားဆုံးရထားတဲ့ အပိုင္းျဖစ္ၿပီး နံပါတ္တစ္ေနရာမွာ ရပ္တည္ေနပါတယ္။ ဒီအပိုင္းကလည္း Naruto နဲ႔ Sasuke တို႔ရဲ႕ ေနာက္ဆုံးတိုက္ပြဲပဲ ျဖစ္ၿပီးေတာ့ ႏွစ္ေယာက္စလုံးက ေမာပန္းၿပီးေတာ့ လဲက်တဲ့အထိကို တိုက္ခိုက္ခဲ့ၾကပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့ အျမင္ေတြနဲ႔ ကိုယ္ယုံၾကည္ရာအတြက္ တိုက္ခိုက္ခဲ့ၾကရာမွာ ဘယ္လိုၿပီးဆုံးသြားမလည္းဆိုၿပီး ပရိသတ္ေတြမွာ သိခ်င္စိတ္ေတြနဲ႔ က်န္ရစ္ခဲ့ရတဲ့အပိုင္းလည္း ျဖစ္ပါတယ္။

ဒါကေတာ့ Naruto Shippuden စီးရီးရဲ႕ IMDb အျမင့္ဆုံးရထားတဲ့ အပိုင္း(၈)ပိုင္းကို ေဖာ္ျပေပးခဲ့တာပါ။ ရွည္လ်ားလွတဲ့ စီးရီးျဖစ္ၿပီး တကယ့္ epic ျဖစ္တဲ့အပိုင္းေတြလည္း အမ်ားႀကီးရွိတာမို႔ ပရိသတ္ေတြရဲ႕ ရင္ထဲမွာေတာ့ အမွတ္ရေနတဲ့ episode ေတြ အေျမာက္အမ်ားပဲ ရွိေနၾကမယ္ဆိုတာ ယုံၾကည္လ်က္….။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular