HomeEntertainmentFilmအရင် Thor နဲ့မတူတဲ့ စွမ်းအားတွေကို မြင်တွေ့ရမယ့် Natalie Portman ရဲ့ Thor

အရင် Thor နဲ့မတူတဲ့ စွမ်းအားတွေကို မြင်တွေ့ရမယ့် Natalie Portman ရဲ့ Thor

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယခု အသစ်ထွက်ရှိလာမယ့် Thor: Love and Thunder ထဲမှာတော့ Jane Foster ဟာ အမျိူးသမီး Thor ဗားရှင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာမယ့်အကြောင်းကိုလည်း Natalie Portman က အင်တာဗျူးတစ်ခုမှာ ပြောသွားပြီးပြီ ဖြစ်ပါတယ်။

ဒါ့အပြင် MCU ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Chris Hemsworth ရဲ့ Thor နဲ့ ယခုထပ်မံ မြင်တွေ့ရမယ့် Natalie Portman ရဲ့ Thor ဟာ စွမ်းအားတွေချင်းလည်း မတူညီဘူးလို့ ဆိုထားပါတယ်။ Natalie ဟာ Thor: Ragnarok ထဲမှာ မပါဝင်ခဲ့ပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် Thor 4 ထဲမှာတော့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီလို ပြန်လည်ပါဝင်လာရာမှာ သူမဟာ အမျိူးသမီး Thor ဗားရှင်း ဖြစ်လာမယ့်အကြောင်းကိုလည်း အတည်ပြုခဲ့ပါသေးတယ်။

Natalie ဟာ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor မှာ Jane Foster အဖြစ်နဲ့ စတင်ပါဝင်ခဲ့ပြီး Thor: The Dark World ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရုပ်ရှင်မှာ ပါဝင်ပြီးတဲ့ အချိန်ကတည်းက အခုချိန်ထိ MCU မှာ မမြင်ခဲ့ရပါဘူး။ ယခု အသစ်ထွက်ရှိလာမယ့် Thor: Love and Thunder ထဲမှာတော့ သူမဟာ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး Mjolnir ကို ကိုင်ဆွဲကာ အမျိူးသမီး Thor ဗားရှင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Natalie ဟာ Kelly Clarkson ရဲ့ Talk Show ကို အလည်လာတဲ့အချိန်မှာ Thor: Love and Thunder နဲ့ ပတ်သက်တဲ့ အကြောင်းအရာအချို့ကို ပြောပြပေးသွားပါတယ်။ အဲ့ဒါကတော့ သူမအနေနဲ့ ဒီရုပ်ရှင်အကြောင်းနဲ့ သူမရဲ့ ဇာတ်ကောင်အကြောင်းတွေကို အများကြီး ပြောပြလို့မရပေမယ့်လည်း သူမရဲ့ Thor ဟာ Chris Hemsworth ရဲ့ Thor နဲ့ စွမ်းအားချင်း တူညီမှာ မဟုတ်ပါဘူးလို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ အမျိုးသမီးဗားရှင်း Thor ကိုလည်း Lady Thor လို့ မခေါ်ဘဲ Mighty Thor လို့ ခေါ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

သူမ ပြောပြသွားတဲ့ အကြောင်းအရာ အပြည့်အစုံကတော့ “သူမမှာ စွမ်းအားတွေ ရှိပေမယ့်လည်း Chris Hemsworth ရဲ့ Thor နဲ့တော့ စွမ်းအားတွေချင်း မတူညီပါဘူး။ အခုမြင်ရမယ့် Thor ကတော့ ဗားရှင်းအသစ် ဖြစ်ပြီး Mighty Thor လို့ ခေါ်ပါတယ်… ” ဆိုပြီး ပြောပြထားပါတယ်။ Thor ဟာ စွမ်းအားအကြီးဆုံး Avenger တွေထဲမှာ ပါဝင်သလို သူ့ရဲ့ခွန်အားကလည်း သာမန်လူတွေထက် သာလွန်ပါတယ်။ အကြောင်းကတော့ သူဟာ Asgardian တစ်ယောက် ဖြစ်တာကြောင့် သာမန်လူတွေထက်လည်း အချိန်တွေအကြာကြီး အသက်ရှင်သန်နိုင်ပါတယ်။ သူဟာ ဒီလိုစွမ်းအားကြီးတဲ့ လူတစ်ယောက် ဖြစ်တဲ့အပြင် Mjolnir ကြောင့်လည်း ပိုပြီးတော့ အစွမ်းထက်လာပါတယ်။

photo via screenrant

ဒါပေမယ့်လည်း Jane ဟာ သာမန်လူသားတစ်ယောက် ဖြစ်တာကြောင့် Thor ရဲ့ စွမ်းအားတွေနဲ့တော့ တူညီမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Endgame ထဲမှာလည်း Jane ကင်ဆာဖြစ်နေတဲ့ ကောမစ်ထဲက ဇာတ်လမ်းအကြောင်းကို အနည်းငယ် အရိပ်အမြွက် ပြသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် Jane ရဲ့ Thor ဗားရှင်းကို ဘယ်လိုမျိူး ရိုက်ပြသွားမလည်း ဆိုတာကတော့ စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပါပြီ။ အခုချိန်မှာတော့ Thor: Love and Thunder ဟာ ကိုဗစ်ကြောင့် ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်တွေ့ရမယ့်အချိန်က နောက်ကျနေပေမယ့်လည်း စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

ယခု အသစ္ထြက္ရွိလာမယ့္ Thor: Love and Thunder ထဲမွာေတာ့ Jane Foster ဟာ အမ်ိဴးသမီး Thor ဗားရွင္း ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒီလို ျဖစ္လာမယ့္အေၾကာင္းကိုလည္း Natalie Portman က အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားၿပီးၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ MCU ထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ Chris Hemsworth ရဲ႕ Thor နဲ႔ ယခုထပ္မံ ျမင္ေတြ႕ရမယ့္ Natalie Portman ရဲ႕ Thor ဟာ စြမ္းအားေတြခ်င္းလည္း မတူညီဘူးလို႔ ဆိုထားပါတယ္။ Natalie ဟာ Thor: Ragnarok ထဲမွာ မပါဝင္ခဲ့ေပမယ့္လည္း အသစ္ထြက္ရွိလာမယ့္ Thor 4 ထဲမွာေတာ့ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီလို ျပန္လည္ပါဝင္လာရာမွာ သူမဟာ အမ်ိဴးသမီး Thor ဗားရွင္း ျဖစ္လာမယ့္အေၾကာင္းကိုလည္း အတည္ျပဳခဲ့ပါေသးတယ္။

Natalie ဟာ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor မွာ Jane Foster အျဖစ္နဲ႔ စတင္ပါဝင္ခဲ့ၿပီး Thor: The Dark World ထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီ႐ုပ္ရွင္မွာ ပါဝင္ၿပီးတဲ့ အခ်ိန္ကတည္းက အခုခ်ိန္ထိ MCU မွာ မျမင္ခဲ့ရပါဘူး။ ယခု အသစ္ထြက္ရွိလာမယ့္ Thor: Love and Thunder ထဲမွာေတာ့ သူမဟာ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး Mjolnir ကို ကိုင္ဆြဲကာ အမ်ိဴးသမီး Thor ဗားရွင္း ျဖစ္လာမွာ ျဖစ္ပါတယ္။

photo via screenrant

Natalie ဟာ Kelly Clarkson ရဲ႕ Talk Show ကို အလည္လာတဲ့အခ်ိန္မွာ Thor: Love and Thunder နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာအခ်ိဳ႕ကို ေျပာျပေပးသြားပါတယ္။ အဲ့ဒါကေတာ့ သူမအေနနဲ႔ ဒီ႐ုပ္ရွင္အေၾကာင္းနဲ႔ သူမရဲ႕ ဇာတ္ေကာင္အေၾကာင္းေတြကို အမ်ားႀကီး ေျပာျပလို႔မရေပမယ့္လည္း သူမရဲ႕ Thor ဟာ Chris Hemsworth ရဲ႕ Thor နဲ႔ စြမ္းအားခ်င္း တူညီမွာ မဟုတ္ပါဘူးလို႔ ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕ အမ်ိဳးသမီးဗားရွင္း Thor ကိုလည္း Lady Thor လို႔ မေခၚဘဲ Mighty Thor လို႔ ေခၚတဲ့အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

သူမ ေျပာျပသြားတဲ့ အေၾကာင္းအရာ အျပည့္အစုံကေတာ့ “သူမမွာ စြမ္းအားေတြ ရွိေပမယ့္လည္း Chris Hemsworth ရဲ႕ Thor နဲ႔ေတာ့ စြမ္းအားေတြခ်င္း မတူညီပါဘူး။ အခုျမင္ရမယ့္ Thor ကေတာ့ ဗားရွင္းအသစ္ ျဖစ္ၿပီး Mighty Thor လို႔ ေခၚပါတယ္… ” ဆိုၿပီး ေျပာျပထားပါတယ္။ Thor ဟာ စြမ္းအားအႀကီးဆုံး Avenger ေတြထဲမွာ ပါဝင္သလို သူ႔ရဲ႕ခြန္အားကလည္း သာမန္လူေတြထက္ သာလြန္ပါတယ္။ အေၾကာင္းကေတာ့ သူဟာ Asgardian တစ္ေယာက္ ျဖစ္တာေၾကာင့္ သာမန္လူေတြထက္လည္း အခ်ိန္ေတြအၾကာႀကီး အသက္ရွင္သန္ႏိုင္ပါတယ္။ သူဟာ ဒီလိုစြမ္းအားႀကီးတဲ့ လူတစ္ေယာက္ ျဖစ္တဲ့အျပင္ Mjolnir ေၾကာင့္လည္း ပိုၿပီးေတာ့ အစြမ္းထက္လာပါတယ္။

photo via screenrant

ဒါေပမယ့္လည္း Jane ဟာ သာမန္လူသားတစ္ေယာက္ ျဖစ္တာေၾကာင့္ Thor ရဲ႕ စြမ္းအားေတြနဲ႔ေတာ့ တူညီမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ Endgame ထဲမွာလည္း Jane ကင္ဆာျဖစ္ေနတဲ့ ေကာမစ္ထဲက ဇာတ္လမ္းအေၾကာင္းကို အနည္းငယ္ အရိပ္အႁမြက္ ျပသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Jane ရဲ႕ Thor ဗားရွင္းကို ဘယ္လိုမ်ိဴး ႐ိုက္ျပသြားမလည္း ဆိုတာကေတာ့ စိတ္ဝင္စားစရာတစ္ခု ျဖစ္လာပါၿပီ။ အခုခ်ိန္မွာေတာ့ Thor: Love and Thunder ဟာ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္ပိတ္ကားေပၚမွာ ျမင္ေတြ႕ရမယ့္အခ်ိန္က ေနာက္က်ေနေပမယ့္လည္း စိတ္ဝင္တစား ေစာင့္ၾကည့္ရမယ့္ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular