HomeEntertainmentFilmNed ဟာ MCU ရဲ့ Venom ဖြစ်လာမယ်ဆိုတဲ့ Fan Theory

Ned ဟာ MCU ရဲ့ Venom ဖြစ်လာမယ်ဆိုတဲ့ Fan Theory

ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Spider-Man: No Way Home ရဲ့အဆုံးသတ်ဟာ အနာဂတ်မှာ ထွက်ရှိလာမယ့် Spider-Man ဇာတ်လမ်းတွေအတွက် ဖြစ်နိုင်ချေများစွာကို လမ်းဖွင့်ပေးခဲ့ပါတယ်။ အထူးသဖြင့် ဒီရုပ်ရှင်ထဲမှာ Venom လည်း ပါဝင်ခဲ့ပြီး သူ့ရဲ့ Universe ကို ပြန်လည်ရောက်ရှိသွားချိန်မှာတော့ Venom ရဲ့ အပိုင်းအစလေးတစ်ခုဟာ MCU ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ MCU ထဲမှာ ဘယ်သူက Venom ဖြစ်လာမလည်းဆိုတာဟာ မေးစရာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Ned ဟာ MCU ရဲ့ Venom ဖြစ်လာမယ်ဆိုတဲ့ သီအိုရီကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Ned နဲ့ Peter Parker တို့ဟာ Daily Bugle မှာ သတင်းထောက်အနေနဲ့ အလုပ်အတူလုပ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Betty Brandt ဆိုတဲ့ ကောင်မလေးကို အပြိုင်အဆိုင် ပိုးပန်းခဲ့ကြပြီး နောက်ဆုံးမှာတော့ Ned ဟာ Betty နဲ့ လက်ထပ်သွားပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ Spider-Man နဲ့ Hobgoblin တို့ဟာ တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Ned ဟာ Hobgoblin ရဲ့ ပုန်းကွယ်ရာနေရာကို ခြေရာခံလိုက်သွားရာက အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Ned ဟာ ဦးနှောက်ဆေးခံခဲ့ရပြီး Hobgoblin ရဲ့ ကြိုးကိုင်လှည့်စားမှုကို ခံခဲ့ရပါတယ်။

photo via screenrant

ဒီအချက်တွေကြောင့်ပဲ Ned ရဲ့ စိတ်ကျန်းမာရေးဟာလည်း မတည်ငြိမ်တော့ဘဲ Betty နဲ့ အိမ်ထောင်ရေးအပြင် သူ့ရဲ့အလုပ်အကိုင်တွေကိုပါ ထိခိုက်လာပါတယ်။ အဲဒီနောက်မှာတော့ New York ရဲ့ မြေအောက်လောကဟာ Ned က Hobgoblin ဖြစ်နေတယ်လို့ အထင်မှားသွားကြပါတယ်။ ဒီလိုနဲ့ Ned ဟာ Peter Parker နဲ့အတူ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ကို ရောက်ရှိနေတုန်းမှာပဲ အသတ်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Spider-Man နဲ့ Betty တို့ ပူးပေါင်းပြီး တကယ့် Hobgoblin အစစ်ကို လှည့်စားကာ Ned အပေါ် အပြစ်ပုံချခဲ့တဲ့အကြောင်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။

Ned နဲ့ Venom တို့ဟာ ကောမစ်ထဲမှာ ပတ်သက်မှု မရှိခဲ့ပေမယ့်လည်း MCU ဟာ အပြောင်းအလဲတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ သီအိုရီတစ်ခုကတော့ Ned ဟာ Venom ဖြစ်လာမယ်လို့ ဆိုပါတယ်။ Venom 2 ရဲ့ Credit Scene ထဲမှာတော့ Venom ဟာ Spider-Man ကို သိနေပြီး MCU ထဲမှာ ကျန်နေခဲ့တဲ့ Venom ရဲ့ အပိုင်းအစလေးကလည်း အဲဒီအချက်ကို သိရှိနေဆဲ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ Venom ဟာ Multiverse ထဲမှာရှိတဲ့ မရေတွက်နိုင်တဲ့ Symbiote တွေနဲ့ ချိတ်ဆက်ထားတဲ့ Hive Mind ရှိနေတာကြောင့် ဖြစ်ပါတယ်။

photo via screenrant

ဒါကြောင့်ပဲ အဲဒီ Venom အပိုင်းအစလေးဟာ Peter Parker ကို လိုက်ရှာပြီး ကောမစ်ထဲကလိုပဲ Peter နဲ့ ပေါင်းစပ်သွားနိုင်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Spider-Man 4 ထဲမှာတော့ Peter Parker နဲ့ Ned တို့ဟာ Daily Bugle မှာ အလုပ်အတူတူလုပ်နေတာကို ပြသသွားနိုင်ပြီး အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Ned ဟာ မရောက်ရှိသင့်တဲ့ နေရာကို ရောက်သွားပြီး Venom နဲ့ ပေါင်းစပ်သွားကာ MCU ရဲ့ Venom ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ သီအိုရီသပ်သပ်ပဲ ဖြစ်တာကြောင့် တကယ်ဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular