HomeCelebs Update NewsInternationalကားအက်ဆီးဒင့်ကြောင့် Netflix ဇာတ်လမ်းတွဲ သရုပ်ဆောင်နှစ်ယောက် ကွယ်လွန်

ကားအက်ဆီးဒင့်ကြောင့် Netflix ဇာတ်လမ်းတွဲ သရုပ်ဆောင်နှစ်ယောက် ကွယ်လွန်

Netflix ရဲ့ ဇာတ်လမ်းတွဲအသစ် The Chosen One ရဲ့ ရိုက်ကွင်းအဖွဲ့သားတွေဟာ ကားမတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး သရုပ်ဆောင်(၂)ယောက် သေဆုံးကာ ရုပ်ရှင်အဖွဲ့သား(၆)ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ Netflix မှာတော့ The Chosen One ဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခု ရှိပြီးသား ဖြစ်ပြီး ယခုရိုက်ကူးနေတဲ့ The Chosen One ကတော့ တခြားဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ American Jesus ဆိုတဲ့ကောမစ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက်(၁၂)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ တစ်ရက်မှာတော့ သူဟာ Jesus Christ ပြန်လည်ဝင်စားတာကို သိသွားပါတယ်။ ဒီမှာတင် အဲဒီကောင်လေးဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းတွဲကိုတော့ မက္ကစီကိုနိုင်ငံမှာ ရိုက်ကူးနေတာဖြစ်ပြီး Redrum ဆိုတဲ့ Production Company က ဒီရိုက်ကူးရေးကို တာဝန်ယူ စီစဉ်ထားတယ်လို့ သိရပါတယ်။

photo via screenrant

အခင်းဖြစ်ပွားပုံကတော့ The Chosen One အဖွဲ့သားတွေဟာ ရိုက်ကွင်းတည်ရှိရာ ဒေသတွင်းက လေဆိပ်တစ်ခုကိုအသွားမှာ မတော်တဆ ကားတိမ်းမှောက်ခဲ့တာလို့ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဖွဲ့သားတွေ စီးနင်းလိုက်ပါလာတဲ့ ဗန်ကားဟာ တိမ်းမှောက်ပြီး ဒလိမ့်ကောက်ကွေး လိမ့်သွားတယ်လို့ သိရပါတယ်။ ဒီမတော်တဆမှုကြောင့်ပဲ သရုပ်ဆောင်(၂)ယောက် သေဆုံးသွားပြီး ရုပ်ရှင်အဖွဲ့သား(၆)ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ သရုပ်ဆောင်နှစ်ယောက်ကတော့ Raymundo Garduno Cruz နဲ့ Francisco Gonzalez Aguilar တို့ ဖြစ်တယ်လို့ သိရပါတယ်။ အခြားဒဏ်ရာရသွားတဲ့ အဖွဲ့သားတွေကတော့ ဘယ်သူတွေလည်းဆိုတာ မထုတ်ပြန်သေးပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Netflix ကတော့ တရားဝင်ထုတ်ပြန်ချက် တစုံတရာမှ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါဟာ ရိုက်ကွင်းပေါ်မှာ ဖြစ်ပျက်ခဲ့တာတော့ မဟုတ်ပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေအနေနဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ လုံခြုံရေး၊ အန္တရာယ်ကင်းရေးကို ဘယ်လောက်ထိ အလေးထား ဆောင်ရွက်ထားတယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာစေမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ တလောကလည်း နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ Rust ရုပ်ရှင်ရဲ့ ရိုက်ကွင်းမှာ safety သတ်မှတ်ချက်တွေကို မလိုက်နာထားတာကြောင့် သေနတ်ကနေ ကျည်ဆန်အစစ် ထွက်သွားပြီး Cinematographer Halyna Hutchins ကွယ်လွန်သွားခဲ့ရပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular