HomeEntertainmentFilm50 Shades နဲ့ဆင်တူပြီး Netflix မှာ အရမ်းဟော့နေတဲ့ 365 Days ရုပ်ရှင်ဇာတ်ကား

50 Shades နဲ့ဆင်တူပြီး Netflix မှာ အရမ်းဟော့နေတဲ့ 365 Days ရုပ်ရှင်ဇာတ်ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

365 Days လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ပြီးခဲ့တဲ့ ဇွန်လ(၇)ရက်နေ့မှာ Netflix ပေါ်ကို ရောက်လာခဲ့တာဖြစ်ပြီး လူကြည့်အများဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေပါတယ်။ အဆိုပါဇာတ်ကားဟာ နာမည်ကျော် 50 Shades ဇာတ်ကားတွေလိုပဲ လူစိတ်ဝင်စားမှု မြင့်တက်နေပြီး ဇာတ်လမ်းသဘောတရားချင်း ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။

365 Days ဇာတ်ကားဟာ ပိုလန်စာရေးဆရာ Blanka Linpinska ရဲ့ သုံးအုပ်တွဲဝတ္ထုထဲက ပထမဆုံးစာအုပ်ကို ဇာတ်ကားအဖြစ် ဖန်တီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးဆရာတွေကတော့ ရုံတင်ပြသခဲ့တဲ့ 50 Shades ဇာတ်ကားတွေထက် ဒီဇာတ်ကားက ပိုပြီးအညှီအဟောက် အသားပေးထားတယ်လို့ ဆိုနေကြပါတယ်။

Photo Courtesy: NEXT Film

ဇာတ်လမ်းကတော့ Laura ဆိုတဲ့ မိန်းကလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကနေ စတင်ပါတယ်။ Laura ဟာ ကုမ္ပဏီတစ်ခုရဲ့ အရောင်းပိုင်းတာဝန်ခံ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သူမရဲ့အချစ်ရေးကို ပြန်အဖတ်ဆယ်ဖို့ ဆစ်စလီကို ခရီးသွားရာကနေ မထင်မှတ်ဘဲ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူမကို ပြန်ပေးဆွဲသွားတာကတော့ Massimo ဆိုတဲ့လူဖြစ်ပြီး သူဟာ မာဖီးယားအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒီမှာတင် Massimo ဟာ သူ့ကိုချစ်လာဖို့  Laura ကို အချိန်(၃၆၅)ရက် ပေးလိုက်ပါတော့တယ်။

ဒါရိုက်တာ Barbara Bialowas က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Michele Morronne ၊ Anna-Maria Sieklucka တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

Photo Courtesy: NEXT Film

ရုပ်ရှင်ကို ကြည့်ပြီးလို့ နောက်ထပ်ဇာတ်လမ်းအဆက်တွေကို မျှော်နေကြသူတွေအတွက်လည်း သတင်းကောင်းတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ စာအုပ်အနေနဲ့ သုံးအုပ်တွဲထွက်ထားပြီးဖြစ်လို့ နောက်ထပ် ဇာတ်လမ်းအဆက်ရုပ်ရှင်တွေ လာဖို့ကိုလည်း အခုတည်းက စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဇာတ်လမ်းထဲမှာ ပါဝင်ထားတဲ့ မင်းသားနဲ့ မင်းသမီးကလည်း နောက်ဆက်တွဲ ရုပ်ရှင်လာမယ့်အကြောင်းကို အတည်ပြုထားကြပါသေးတယ်။

နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးရေး စတင်ဖို့အတွက်ဆိုရင်တော့ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် ရိုက်ကွင်းမစနိုင်သေးဘူးလို့ သိရပါတယ်။ ရှေ့နှစ်လောက်ဆိုရင်တော့ ရိုက်ကူးရေး စနိုင်ဖို့ အခွင့်အရေးများပေမယ့် ဘယ်အချိန်လောက်မှာ စရိုက်ဖြစ်မယ်ဆိုတာကို အတိအကျ ပြောလို့မရသေးဘူးလို့ ကြေငြာထားပါတယ်။

LaNina

Source: people

(Zawgyi Version)

365 Days လို႔ အမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားဟာ ၿပီးခဲ့တဲ့ ဇြန္လ(၇)ရက္ေန႔မွာ Netflix ေပၚကို ေရာက္လာခဲ့တာျဖစ္ၿပီး လူၾကည့္အမ်ားဆုံး ႐ုပ္ရွင္ဇာတ္ကားတစ္ကားအျဖစ္ ရပ္တည္ေနပါတယ္။ အဆိုပါဇာတ္ကားဟာ နာမည္ေက်ာ္ 50 Shades ဇာတ္ကားေတြလိုပဲ လူစိတ္ဝင္စားမႈ ျမင့္တက္ေနၿပီး ဇာတ္လမ္းသေဘာတရားခ်င္း ဆင္တူေနတာကိုလည္း ေတြ႕ရပါတယ္။

365 Days ဇာတ္ကားဟာ ပိုလန္စာေရးဆရာ Blanka Linpinska ရဲ႕ သုံးအုပ္တြဲဝတၳဳထဲက ပထမဆုံးစာအုပ္ကို ဇာတ္ကားအျဖစ္ ဖန္တီး႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ေဝဖန္ေရးဆရာေတြကေတာ့ ႐ုံတင္ျပသခဲ့တဲ့ 50 Shades ဇာတ္ကားေတြထက္ ဒီဇာတ္ကားက ပိုၿပီးအညႇီအေဟာက္ အသားေပးထားတယ္လို႔ ဆိုေနၾကပါတယ္။

Photo Courtesy: NEXT Film

ဇာတ္လမ္းကေတာ့ Laura ဆိုတဲ့ မိန္းကေလးတစ္ေယာက္ ျပန္ေပးဆြဲခံရတာကေန စတင္ပါတယ္။ Laura ဟာ ကုမၸဏီတစ္ခုရဲ႕ အေရာင္းပိုင္းတာဝန္ခံ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕အခ်စ္ေရးကို ျပန္အဖတ္ဆယ္ဖို႔ ဆစ္စလီကို ခရီးသြားရာကေန မထင္မွတ္ဘဲ ျပန္ေပးဆြဲခံလိုက္ရပါတယ္။ သူမကို ျပန္ေပးဆြဲသြားတာကေတာ့ Massimo ဆိုတဲ့လူျဖစ္ၿပီး သူဟာ မာဖီးယားအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒီမွာတင္ Massimo ဟာ သူ႔ကိုခ်စ္လာဖို႔  Laura ကို အခ်ိန္(၃၆၅)ရက္ ေပးလိုက္ပါေတာ့တယ္။

ဒါ႐ိုက္တာ Barbara Bialowas က ႐ိုက္ကူးထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Michele Morronne ၊ Anna-Maria Sieklucka တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

Photo Courtesy: NEXT Film

႐ုပ္ရွင္ကို ၾကည့္ၿပီးလို႔ ေနာက္ထပ္ဇာတ္လမ္းအဆက္ေတြကို ေမွ်ာ္ေနၾကသူေတြအတြက္လည္း သတင္းေကာင္းတစ္ခု ရွိပါေသးတယ္။ အဲ့ဒါကေတာ့ စာအုပ္အေနနဲ႔ သုံးအုပ္တြဲထြက္ထားၿပီးျဖစ္လို႔ ေနာက္ထပ္ ဇာတ္လမ္းအဆက္႐ုပ္ရွင္ေတြ လာဖို႔ကိုလည္း အခုတည္းက စတင္ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဇာတ္လမ္းထဲမွာ ပါဝင္ထားတဲ့ မင္းသားနဲ႔ မင္းသမီးကလည္း ေနာက္ဆက္တြဲ ႐ုပ္ရွင္လာမယ့္အေၾကာင္းကို အတည္ျပဳထားၾကပါေသးတယ္။

ေနာက္ဆက္တြဲ ႐ုပ္ရွင္ကို ႐ိုက္ကူးေရး စတင္ဖို႔အတြက္ဆိုရင္ေတာ့ လက္ရွိမွာ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားေနတာေၾကာင့္ ႐ိုက္ကြင္းမစႏိုင္ေသးဘူးလို႔ သိရပါတယ္။ ေရွ႕ႏွစ္ေလာက္ဆိုရင္ေတာ့ ႐ိုက္ကူးေရး စႏိုင္ဖို႔ အခြင့္အေရးမ်ားေပမယ့္ ဘယ္အခ်ိန္ေလာက္မွာ စ႐ိုက္ျဖစ္မယ္ဆိုတာကို အတိအက် ေျပာလို႔မရေသးဘူးလို႔ ေၾကျငာထားပါတယ္။

LaNina

Source: people

RELATED ARTICLES

Most Popular