HomeEntertainmentFilmရုပ်ရှင်ချစ်သူတိုင်း ကြည့်သင့်တဲ့ Netflix original animated movie များ

ရုပ်ရှင်ချစ်သူတိုင်း ကြည့်သင့်တဲ့ Netflix original animated movie များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ကထွက်တဲ့ ရုပ်ရှင်ဆိုရင် တော်တော်များများဟာ ပြောစရာ မလို‌အောင် ကောင်းပြီးသား ဆိုတာ သိကြမှာပါ။ အင်္ဂလိပ်ကားတွေတင်မဟုတ်ဘဲ စပိန်ကား၊ ကိုရီးယားနဲ့ တစ်ခြားဇာတ်ကားမျိုးစုံကို ရိုက်ကူးကြပြီးတော့ ရုပ်ရှင်အမျိုးအစားတွေလည်း မျိုးစုံရှိတဲ့အပြင် animated movie တွေလည်း ရှိပါသေးတယ်။ အဲ့ဒါကြောင့် Netflix ကရိုက်ကူးခဲ့တဲ့အကောင်းဆုံး animated movie တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Flavors Of Youth
photo via screenrant

ဒီကားကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.5) ရထားပါတယ်။ မတူညီတဲ့ ဇာတ်လမ်းသုံးပုဒ်ကို ရိုက်ပြထားပြီးတော့ အကြိုက်တွေ့စေမယ့် Anime တစ်ခု ဖြစ်ပါတယ်။ လူငယ်လေးတစ်ယောက်ရဲ့ သူ့အဘွားလုပ်ကျွေးခဲ့တဲ့ ခေါက်ဆွဲတွေအကြောင်း အမှတ်တရတွေ၊ သူ့အဘွားနဲ့ အဆင်ပြေတဲ့ ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်အကြောင်းနဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းတို့ကို ဇာတ်လမ်းတစ်ခုဆီခွဲပြီးတော့ စိတ်ဝင်စားဖွယ်ရိုက်ထားတဲ့ ဒရာမာဇာတ်လမ်း ဖြစ်ပါတယ်။

(6) White Fang
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (6.9) ရထားပါတယ်။ ဒီကားဟာ Jack London ရဲ့ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝံပုလွေနဲ့ခွေးနဲ့ မျိုးစပ်ထားတဲ့ ခွေးတစ်ကောင်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပြီး သူ့ရဲ့ စူးစမ်းလိုတဲ့စိတ်ဆန္ဒကြောင့်ပဲ အဲ့ဒီခွေးလေးဟာ စွန့်စားခရီးထွက်လာခဲ့ရပြီးတော့ မတူညီတဲ့ သခင်သုံးယောက်ဆီမှာ အမှုထမ်းခဲ့ရပါတယ်။

(5) A Shaun The Sheep Movie: Farmageddon
photo via screenrant

ဒီကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.9) ရထားပါတယ်။ ဇာတ်လမ်းကတော့ ထူးဆန်းတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်က မွေးမြူရေးခြံတစ်ခုနားကို ယာဉ်ပျက်ကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီသိုးလေးဟာ အန္တရာယ်တွေဆီကနေ လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ သူငယ်ချင်းအသစ်တွေရသွားပြီးတော့ သူတို့သူငယ်ချင်းတစ်သိုက်ဟာ ဒီလိုအန္တရာယ်တွေဆီက လွတ်မြောက်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။

(4) Invader Zim: Enter The Florpus
photo via screenrant

ဒီကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.5) ရထားပါတယ်။ ZIM ဟာ သူ့ရဲ့ယုံကြည်အားကိုးရတဲ့ ခေါင်းဆောင်ဟာ ကမ္ဘာပေါ်ကို သွားဖို့အတွက် အစီအစဉ်လုံးဝကို မရှိခဲ့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ သူဟာ သူ့ကိုယ်သူ ယုံကြည်မှုတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူရဲ့လူသားပြိုင်ဘက်ဖြစ်သူ Dib ဟာ အဲ့လိုဖြစ်တဲ့ အချိန်ကို စောင့်နေတာ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။

(3) I Lost My Body
photo via screenrant

ဒီကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.6) ရထားပါတယ်။ ဇာတ်လမ်းကတော့ နည်းနည်းလေး ထူးဆန်းပြီးတော့ ကောင်လေးတစ်ယောက်ဟာ Gabrielle ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေခဲ့ကြပါတယ်။ သူတို့နေတဲ့ မြို့ရဲ့တစ်ဖက်ခြမ်းမှာတော့ သတ္တဝါတွေနဲ့ အပင်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့ ဓာတ်ခွဲခန်းကနေ ပြတ်နေတဲ့ လက်တစ်ဖက်ဟာ လွတ်မြောက်လာပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကိုဆီကို ပြန်ပြီးသွားဖို့အတွက် ကြိုးစားပါတော့တယ်။

(2) The Little Prince
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.7) ရထားပါတယ်။ ကောင်မလေးတစ်ယောက်ဟာ သူ့ရဲ့အမေနဲ့အတူ နေထိုင်ပြီးတော့ အခက်အခဲတွေကြောင့် အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့အိမ်နီးချင်းဖြစ်သူ Aviator ဟာ အဲ့ဒီကောင်မလေးကို သူ့ရဲ့ကလေးဘဝကို တစ်ဖန် ရရှိနိုင်ပြီး ဘာမဆို ဖြစ်နိုင်တဲ့ နေရာတစ်ခုကို ခေါ်သွားခဲ့ပါတယ်။

(1) Klaus
photo via screenrant

ဒီကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ထားပြီး IMDb (8.2) ရထားတဲ့ ခရစ်စမတ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဝေးလံလှတဲ့ မြို့လေးတစ်မြို့ကို စာပို့သမား အသစ်တစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့လေးမှာ ရှိတဲ့ မိသားစုနှစ်ခု ခေတ်တွေအဆက်ဆက် တိုက်ခိုက်လာကြပြီး လုံးဝကို မတည့်ကြပါဘူး။ နောက်ပိုင်းမှာတော့ အဲ့ဒီစာပို့သမားဟာ အရုပ်လုပ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီးတော့ ဒီလိုမြို့ကြီးကို ဘယ်လိုပြောင်းလဲပစ်နိုင်မလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Lego Les
(Zawgyi version)

Netflix ကထြက္တဲ့ ႐ုပ္ရွင္ဆိုရင္ ေတာ္ေတာ္မ်ားမ်ားဟာ ေျပာစရာ မလို‌ေအာင္ ေကာင္းၿပီးသား ဆိုတာ သိၾကမွာပါ။ အဂၤလိပ္ကားေတြတင္မဟုတ္ဘဲ စပိန္ကား၊ ကိုရီးယားနဲ႔ တစ္ျခားဇာတ္ကားမ်ိဳးစုံကို ႐ိုက္ကူးၾကၿပီးေတာ့ ႐ုပ္ရွင္အမ်ိဳးအစားေတြလည္း မ်ိဳးစုံရွိတဲ့အျပင္ animated movie ေတြလည္း ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ Netflix က႐ိုက္ကူးခဲ့တဲ့အေကာင္းဆုံး animated movie ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Flavors Of Youth
photo via screenrant

ဒီကားကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.5) ရထားပါတယ္။ မတူညီတဲ့ ဇာတ္လမ္းသုံးပုဒ္ကို ႐ိုက္ျပထားၿပီးေတာ့ အႀကိဳက္ေတြ႕ေစမယ့္ Anime တစ္ခု ျဖစ္ပါတယ္။ လူငယ္ေလးတစ္ေယာက္ရဲ႕ သူ႔အဘြားလုပ္ေကြၽးခဲ့တဲ့ ေခါက္ဆြဲေတြအေၾကာင္း အမွတ္တရေတြ၊ သူ႔အဘြားနဲ႔ အဆင္ေျပတဲ့ ဖက္ရွင္ဒီဇိုင္းနာတစ္ေယာက္အေၾကာင္းနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္အေၾကာင္းတို႔ကို ဇာတ္လမ္းတစ္ခုဆီခြဲၿပီးေတာ့ စိတ္ဝင္စားဖြယ္႐ိုက္ထားတဲ့ ဒရာမာဇာတ္လမ္း ျဖစ္ပါတယ္။

(6) White Fang
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (6.9) ရထားပါတယ္။ ဒီကားဟာ Jack London ရဲ႕ဝတၳဳကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ဝံပုေလြနဲ႔ေခြးနဲ႔ မ်ိဳးစပ္ထားတဲ့ ေခြးတစ္ေကာင္အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ၿပီး သူ႔ရဲ႕ စူးစမ္းလိုတဲ့စိတ္ဆႏၵေၾကာင့္ပဲ အဲ့ဒီေခြးေလးဟာ စြန႔္စားခရီးထြက္လာခဲ့ရၿပီးေတာ့ မတူညီတဲ့ သခင္သုံးေယာက္ဆီမွာ အမႈထမ္းခဲ့ရပါတယ္။

(5) A Shaun The Sheep Movie: Farmageddon
photo via screenrant

ဒီကားကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.9) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ထူးဆန္းတဲ့ စြမ္းအင္ေတြကို ပိုင္ဆိုင္ထားတဲ့ ၿဂိဳဟ္သားေတြဟာ ကမာၻေပၚက ေမြးျမဴေရးၿခံတစ္ခုနားကို ယာဥ္ပ်က္က်သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဒီသိုးေလးဟာ အႏၲရာယ္ေတြဆီကေန လြတ္ေျမာက္ဖို႔ ႀကိဳးစားရင္းနဲ႔ သူငယ္ခ်င္းအသစ္ေတြရသြားၿပီးေတာ့ သူတို႔သူငယ္ခ်င္းတစ္သိုက္ဟာ ဒီလိုအႏၲရာယ္ေတြဆီက လြတ္ေျမာက္ေအာင္ ဘယ္လိုႀကိဳးစားၾကမလဲဆိုတာကို ၾကည့္ရႈရမွာပါ။

(4) Invader Zim: Enter The Florpus
photo via screenrant

ဒီကားကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.5) ရထားပါတယ္။ ZIM ဟာ သူ႔ရဲ႕ယုံၾကည္အားကိုးရတဲ့ ေခါင္းေဆာင္ဟာ ကမာၻေပၚကို သြားဖို႔အတြက္ အစီအစဥ္လုံးဝကို မရွိခဲ့ဘူးဆိုတာကို သိလိုက္ရတဲ့အခါမွာေတာ့ သူဟာ သူ႔ကိုယ္သူ ယုံၾကည္မႈေတြ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒါေပမဲ့လည္း သူရဲ႕လူသားၿပိဳင္ဘက္ျဖစ္သူ Dib ဟာ အဲ့လိုျဖစ္တဲ့ အခ်ိန္ကို ေစာင့္ေနတာ ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာ ဘယ္လိုျဖစ္မလဲဆိုတာကို ၾကည့္ရႈရမွာပါ။

(3) I Lost My Body
photo via screenrant

ဒီကားကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ နည္းနည္းေလး ထူးဆန္းၿပီးေတာ့ ေကာင္ေလးတစ္ေယာက္ဟာ Gabrielle ဆိုတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ေနခဲ့ၾကပါတယ္။ သူတို႔ေနတဲ့ ၿမိဳ႕ရဲ႕တစ္ဖက္ျခမ္းမွာေတာ့ သတၱဝါေတြနဲ႔ အပင္ေတြကို ခြဲျခမ္းစိတ္ျဖာတဲ့ ဓာတ္ခြဲခန္းကေန ျပတ္ေနတဲ့ လက္တစ္ဖက္ဟာ လြတ္ေျမာက္လာၿပီးေတာ့ သူ႔ရဲ႕ခႏၶာကိုယ္ကိုဆီကို ျပန္ၿပီးသြားဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။

(2) The Little Prince
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.7) ရထားပါတယ္။ ေကာင္မေလးတစ္ေယာက္ဟာ သူ႔ရဲ႕အေမနဲ႔အတူ ေနထိုင္ၿပီးေတာ့ အခက္အခဲေတြေၾကာင့္ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္ေနခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ သူတို႔ရဲ႕အိမ္နီးခ်င္းျဖစ္သူ Aviator ဟာ အဲ့ဒီေကာင္မေလးကို သူ႔ရဲ႕ကေလးဘဝကို တစ္ဖန္ ရရွိႏိုင္ၿပီး ဘာမဆို ျဖစ္ႏိုင္တဲ့ ေနရာတစ္ခုကို ေခၚသြားခဲ့ပါတယ္။

(1) Klaus
photo via screenrant

ဒီကားကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ထားၿပီး IMDb (8.2) ရထားတဲ့ ခရစ္စမတ္ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ေဝးလံလွတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ကို စာပို႔သမား အသစ္တစ္ေယာက္ ေရာက္လာခဲ့ပါတယ္။ အဲ့ဒီၿမိဳ႕ေလးမွာ ရွိတဲ့ မိသားစုႏွစ္ခု ေခတ္ေတြအဆက္ဆက္ တိုက္ခိုက္လာၾကၿပီး လုံးဝကို မတည့္ၾကပါဘူး။ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီစာပို႔သမားဟာ အ႐ုပ္လုပ္တဲ့လူတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ၿပီးေတာ့ ဒီလိုၿမိဳ႕ႀကီးကို ဘယ္လိုေျပာင္းလဲပစ္ႏိုင္မလဲဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Lego Les
RELATED ARTICLES

Most Popular