HomeEntertainmentFilmMoana ရဲ့ဒါရိုက်တာ ရိုက်ကူးပေးထားတဲ့ Netflix Animation အသစ် Sea Beast

Moana ရဲ့ဒါရိုက်တာ ရိုက်ကူးပေးထားတဲ့ Netflix Animation အသစ် Sea Beast

Netflix ကတော့ မကြာသေးခင်ကပဲ Animation အသစ် ဖြစ်တဲ့ Sea Beast ရဲ့ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီ Animation ကိုတော့ Moana နဲ့ Big Hero 6 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chris Williams က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကြီး မွန်းစတားအမဲလိုက်သူ ဖြစ်တဲ့ Jacob Holland ဟာ သူ့ရဲ့လှေပေါ်မှာ ခိုးလိုက်လာတဲ့ Maisie Brumble ဆိုတဲ့ ကောင်မလေးကို မွန်းစတားတွေရဲ့ရန်က ကာကွယ်ပြီး လေ့ကျင့်ပေးရတဲ့အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

အဲဒီနာမည်ကြီး မွန်းစတား အမဲလိုက်သူနေရာမှာတော့ The Boys ဇာတ်လမ်းတွဲထဲက Butcher နေရာမှာ သရုပ်ဆောင်ထားတဲ့ Karl Urban က အသံသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ လှေပေါ်မှာ ခိုးလိုက်လာတဲ့ ကောင်မလေးနေရာမှာတော့ Zaris-Angel Hator က အသံသရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Jared Harris ၊ Marianne Jean-Baptiste ၊ Dan Stevens နဲ့ Kathy Burke တို့လည်း အသံသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။

Netflix က ထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းရဲ့ ထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ဒီထွေလာထဲမှာတော့ သူတို့တွေ ရင်ဆိုင်ရမယ့် မွန်းစတားတွေများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Maisie ရဲ့ အိမ်မွေးတိရိစ္ဆာန် ဖြစ်လာနိုင်တဲ့ အကောင်လေးတစ်ကောင်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ထွေလာထဲမှာတော့ Jacob ဟာ အဲဒီအကောင်လေးကို မမွေးဖို့ ပြောနေတာ မြင်တွေ့ခဲ့ရပေမယ့်လည်း နောက်ဆုံးမှာတော့ သူဟာ Maisie ရဲ့ဆန္ဒကို မလွန်ဆန်နိုင်တော့ဘဲ ခွင့်ပြုလိုက်ရမယ်လို့ ယူဆရပါတယ်။

ဒါရိုက်တာ Chris Williams ကတော့ ဒီ Animation ကို ဖန်တီးဖို့အတွက် King Kong နဲ့ Raiders of the Lost Ark တို့လိုရုပ်ရှင်တွေကို အခြေခံပြီး စိတ်ကူးရယူထားတယ်လို့ ပြောထားပါတယ်။ ဒီထွေလာအရ ဆိုရင်တော့ ဒီ Animation ဟာလည်း Netflix ရဲ့ အောင်မြင်တဲ့ Animation တစ်ခု ဖြစ်လာမယ်လို့ ယူဆရပြီး လာမယ့် ဇူလိုင်လ (၈)ရက်နေ့မှာတော့ Netflix မှာ စတင်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular