HomeEntertainmentFilmNetflix ရဲ့ ကြည့်ရှုသူစံချိန်ကို ချိုးဖျက်လိုက်တဲ့ Stranger Things Season 4

Netflix ရဲ့ ကြည့်ရှုသူစံချိန်ကို ချိုးဖျက်လိုက်တဲ့ Stranger Things Season 4

Stranger Things Season 4 ကတော့ ထွက်ရှိပြီး ပထမဆုံးပိတ်ရက်မှာပဲ ကြည့်ရှုချိန် နာရီ(၂၈၇)သန်းနဲ့ Netflix ရဲ့ ကြည့်ရှုသူ စံချိန်တွေကို ချိုးဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ Duffer Brothers ညီအစ်ကိုက ဖန်တီးထားတာ ဖြစ်ပြီး Netflix ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခုဆိုရင်လည်း မမှားပါဘူး။ Season 4 ထဲမှာတော့ ဇာတ်ကောင်တွေဟာ တစ်ယောက်တစ်နေရာစီ ဖြစ်နေကြပြီး Upside-Down ထဲက Vecna နဲ့ ရင်ဆိုင်ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Season 4 ထဲမှာတော့ Millie Bobby Brown ၊ Winona Ryder ၊ David Harbour ၊ Finn Wolfhard ၊ Gaten Matarazzo ၊ Caleb McLaughlin ၊ Noah Schnapp နဲ့ Sadie Sink တို့ ပြန်လည်ပါဝင်လာတဲ့အပြင် သရုပ်ဆောင်အသစ်တွေလည်း ပါဝင်ထားပါသေးတယ်။ ဒီ Season ကတော့ ကိုဗစ်ကြောင့် ထင်မှတ်ထားတာထက် ပိုမိုကြာမြင့်သွားပြီး ပရိသတ်တွေအတွက်တော့ ဒီ Season ကို ကြည့်ရှုဖို့အတွက် သုံးနှစ်တောင် စောင့်ဆိုင်းခဲ့ရပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Stranger Things Season 4 ဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပထမဆုံး ပိတ်ရက်အတွင်းက ကြည့်ရှုသူ စံချိန်ကို ချိူးဖျက်ခဲ့တယ်လို့ သိရပါတယ်။ မူလတုန်းက ပထမဆုံးပိတ်ရက်မှာ ကြည့်ရှုသူအများဆုံး ဖြစ်နေတဲ့ အင်္ဂလိပ်ဇာတ်လမ်းတွဲကတော့ Bridgerton ပဲ ဖြစ်ပါတယ်။ Stranger Things Season 4 ကတော့ ထွက်ရှိလာပြီး သုံးရက်အကြာမှာပဲ ပိတ်ရက်ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး အဲဒီသုံးရက်အတွင်းမှာတင် ကြည့်ရှုချိန် နာရီပေါင်း (၂၈၇)သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

Bridgerton Season 2 ကတော့ ပထမဆုံးပိတ်ရက်မှာ ကြည့်ရှုချိန် နာရီပေါင်း (၁၉၃)သန်း ရှိနေပြီး Stranger Things Season 4 ထွက်မလာခင်အထိ ပထမနေရာမှာ ရှိနေပါတယ်။ Bridgerton season 2 ကတော့ မတ်လ (၂၅)ရက်နေ့မှာ ထွက်ရှိခဲ့ပြီး အဲဒီနောက် လအနည်းငယ် အကြာမှာ‌ Stranger Things Season 4 ထွက်ရှိလာပြီး ပထမဆုံးပိတ်ရက်မှာ ကြည့်ရှုသူအများဆုံး စံချိန်ကို ချိုးဖျက်သွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေဟာ Season 4 ကို ကြည့်ရှုဖို့အတွက် ဒီဇာတ်လမ်းတွဲရဲ့ အစကနေ ပြန်လည် ကြည့်ရှုကြတာတွေလည်း ရှိတာကြောင့် Stranger Things ရဲ့ အရင် Season တွေဟာလည်း Netflix ရဲ့ ကြည့်ရှုသူအများဆုံး Top 10 ထဲမှာ ပြန်လည်ပါဝင်လာပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular