HomeEntertainmentFilmမကြာခင်ကြည့်ရှုရတော့မယ့် Netflix ရဲ့Wednesday ဇာတ်လမ်းတွဲ

မကြာခင်ကြည့်ရှုရတော့မယ့် Netflix ရဲ့Wednesday ဇာတ်လမ်းတွဲ

Netflix ဟာ မကြာသေးခင် အချိန်ပိုင်းကပဲ ပရိသတ်တွေ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတဲ့ Wednesday ဇာတ်လမ်းတွဲရဲ့ ထွေလာကို ထွက်ရှိပေးလိုက်ပါတယ်။ Wednesday ကတော့ နာမည်ကြီး The Addams Family ထဲက ကောင်မလေး Wednesday ရဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ spin-off ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

The Addams Family ကတော့ အမေရိကရဲ့ နာမည်ကျော် စိတ်ကူးယဉ်မိသားစုတစ်ခု ဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ Charles Addams က New Yorker cartoon ထဲမှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ sit-com ဇာတ်လမ်းတွဲအနေနဲ့ရော၊ animated ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ အဖြစ်နဲ့ပါ ပုံစံမျိုးစုံနဲ့ ဖန်တီးတင်ဆက်ခဲ့ကြပါတယ်။

Photo Credit: Netflix

ယခုနောက်ဆုံး ထွက်ရှိလာမယ့် The Addams Family ရဲ့ဇာတ်လမ်းကတော့ Wednesday ရဲ့အကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Alfred Gough နဲ့ Miles Millar တို့က ပူးတွဲဖန်တီးပေးထားပြီး ဒါရိုက်တာကြီး Tim Burton က ရိုက်ကူးပေးထားပါတယ်။ Wednesday ဇာတ်လမ်းတွဲကိုတော့ ယခုနှစ် နှောင်းပိုင်းကာလမှာ Netflix က ထုတ်လွှင့် ပြသသွားမယ်လို့ သိရပေမယ့် ရက်အတိအကျတော့ မကြေညာသေးပါဘူး။

ဇာတ်လမ်းကတော့ Addams Family ရဲ့သမီးဖြစ်သူ Wednesday ဟာ သူမရဲ့စိတ်စွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်း Nevermore Academy ကို ရောက်လာတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီနောက် သူမ မွေးဖွားလာတဲ့အချိန်တည်းက သူမတို့မိသားစုကို ခြောက်လှန့်နေခဲ့တဲ့ ပဟေဠိတစ်ခုနဲ့ ဆက်စပ်နေမယ့် လူသတ်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားတာလည်း မြင်တွေ့ရမှာပါ။

သရုပ်ဆောင်တွေအနေနဲ့ကတော့ Wednesday အဖြစ် Jenna Ortega ၊ Morticia အဖြစ် Catherine Zeta-Jones ၊ Pugsley အဖြစ် Isaac Ordonez ၊ Gomez အဖြစ် Luis Guzman တို့ ပါဝင်ထားတဲ့အပြင် အခြားနာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ Riki Lindhome ၊ Hunter Doohan ၊ Christian Ricci နဲ့ Gwendoline Christie တို့လည်း ပါဝင်ထားပါသေးတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular