HomeEntertainmentFilmDisney ကနေ အသစ်ထွက်ရှိလာမယ့် animation ဇာတ်လမ်းတွဲများ

Disney ကနေ အသစ်ထွက်ရှိလာမယ့် animation ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney’s Investor Day မှာတော့ Disney ဟာ အသစ်ထွက်လာမယ့် ဇာတ်လမ်းတွေ အများကြီးကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေကလည်း ပိတ်ထားရတာ ကြာပြီဖြစ်တာကြောင့် Disney ကလည်း ထပ်မံမစောင့်နိုင်တော့ပါဘူး။ အဲ့ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် ဇာတ်လမ်းအများစုကတော့ Disney+ က ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနေ့တုန်းကတော့ Disney အပါအဝင် သူ့ရဲ့လက်အောက်မှာရှိတဲ့ တစ်ခြားရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက်ပါ အားလုံးပေါင်းလိုက်ရင် ဇာတ်လမ်းပေါင်း (၆၁) ခု အသစ်ထွက်လာမယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Disney ကနေ အသစ်ထွက်ရှိလာမယ့် animation ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

Baymax!
photo via screenrant

၂၀၂၁ ခုနှစ် စက်တင်ဘာလောက်မှာတော့ Disney ရဲ့ ပထမဆုံး animation ဇာတ်လမ်းတွဲဖြစ်တဲ့ Baymax! ထွက်လာမယ်လို့ သိရပါတယ်။ Baymax ကတော့ Big Hero 6 ရဲ့ spin-off ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ Baymax ဟာ Big Hero 6 ထဲက ချစ်ဖို့ကောင်းပြီး လူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတတ်တဲ့ စက်ရုပ်ကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ တစ်ပိုင်းဆီမှာတော့ Baymax ဟာ San Fransokyo ဆိုတဲ့ စိတ်ကူးယဉ်မြို့တော်မှာ လူနာတွေကို ကုသပေးတာကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ့် အသံသရုပ်ဆောင်တွေကိုတော့ မသိရသေးပါဘူး။

Zootopia+
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ်လို့ သိထားရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲထဲမှာတော့ Fru Fru ၊ Flash နဲ့ Gazelle’s Tiger Dancers တို့လို Zootopia ရုပ်ရှင်ထဲက အရံဇာတ်ကောင်တွေ အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Fru Fru ကတော့ Zootopia ရုပ်ရှင်ထဲမှာ Judy Hopps က ဒိုးနတ်အကြီးကြီးဆီက ကယ်တင်ခဲ့တဲ့ ကြွက်ကလေးရဲ့ နာမည် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ တစ်ခြားအချက်တွေကို မသိရသေးပါဘူး။

Tiana
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ အရင်တုန်းက Disney က ထုတ်လုပ်ခဲ့တဲ့ The Princess and the Frog ထဲက မင်းသမီးလေးကို ပြန်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလည်း အရင်တုန်းက သုံးခဲ့တဲ့ နောက်ခံတေးဂီတတွေ ပြန်ပါဝင်လာမယ်လို့ သိရထားပါသေးတယ်။ ဒါပေမယ့်လည်း အသံသရုပ်ဆောင်တွေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကို အရင်တုန်းက ဖန်တီးခဲ့တဲ့ 2D နဲ့ ဖန်တီးသွားမှာလား ဒါမှမဟုတ် 3D နဲ့ ဖန်တီးသွားမှာလား ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒီဇာတ်လမ်းတွဲကလည်း ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ်လို့ သိရပါတယ်။

Moana
photo via screenrant

သိပ်မကြာတုန်းက ထွက်ရှိထားတဲ့ Moana ကလည်း ၂၀၂၃ ခုနှစ်မှာတော့ သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Moana ဟာ သမုဒ္ဒရာကြီးကို သွားလာနေပြီးတော့ ပစ္စိဖိတ်သမုဒ္ဒရာရဲ့ တောင်ပိုင်းမှာရှိတဲ့ ကျွန်းတွေကို လေ့လာတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရင်ကထွက်ခဲ့တဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေ ပြန်လည်ပါဝင်လာဦးမှာလား ဆိုတာကတော့ မသေချာသေးပါဘူး။

Iwaju
photo via screenrant

Disney ဟာ sci-fi အမျိူးအစား animation ဇာတ်လမ်းတွဲဖြစ်တဲ့ Iwaju ကလည်း ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်လာဦးမယ်ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Disney နဲ့ Kugali Media တို့က ပူးပေါင်းဖန်တီးသွားမှာ ဖြစ်ပြီးတော့ Kugali Media ရဲ့ ကောမစ်တစ်ခုကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ အသစ်ထွက်လာမယ့်အထဲမှာ တစ်ခုတည်းသော ဇာတ်လမ်းအသစ်စက်စက် ဖြစ်ပါတယ်။ တစ်ခြားဇာတ်လမ်းတွဲတွေကတော့ ရှိပြီးသားဇာတ်လမ်းတွေကို ထပ်မံချဲ့ထွင်ပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Disney’s Investor Day မွာေတာ့ Disney ဟာ အသစ္ထြက္လာမယ့္ ဇာတ္လမ္းေတြ အမ်ားႀကီးကို ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ုပ္ရွင္႐ုံေတြကလည္း ပိတ္ထားရတာ ၾကာၿပီျဖစ္တာေၾကာင့္ Disney ကလည္း ထပ္မံမေစာင့္ႏိုင္ေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ အသစ္ထြက္ရွိလာမယ့္ ဇာတ္လမ္းအမ်ားစုကေတာ့ Disney+ က ျပသသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီေန႔တုန္းကေတာ့ Disney အပါအဝင္ သူ႔ရဲ႕လက္ေအာက္မွာရွိတဲ့ တစ္ျခား႐ုပ္ရွင္ထုတ္လုပ္ေရးေတြအတြက္ပါ အားလုံးေပါင္းလိုက္ရင္ ဇာတ္လမ္းေပါင္း (၆၁) ခု အသစ္ထြက္လာမယ္လို႔ ေၾကညာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Disney ကေန အသစ္ထြက္ရွိလာမယ့္ animation ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Baymax!
photo via screenrant

၂၀၂၁ ခုႏွစ္ စက္တင္ဘာေလာက္မွာေတာ့ Disney ရဲ႕ ပထမဆုံး animation ဇာတ္လမ္းတြဲျဖစ္တဲ့ Baymax! ထြက္လာမယ္လို႔ သိရပါတယ္။ Baymax ကေတာ့ Big Hero 6 ရဲ႕ spin-off ဇာတ္လမ္းတြဲတစ္ခုျဖစ္ကာ Baymax ဟာ Big Hero 6 ထဲက ခ်စ္ဖို႔ေကာင္းၿပီး လူေတြရဲ႕ က်န္းမာေရးကို ဂ႐ုစိုက္ေပးတတ္တဲ့ စက္႐ုပ္ႀကီးပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ တစ္ပိုင္းဆီမွာေတာ့ Baymax ဟာ San Fransokyo ဆိုတဲ့ စိတ္ကူးယဥ္ၿမိဳ႕ေတာ္မွာ လူနာေတြကို ကုသေပးတာကို ေတြ႕ရမွာပါ။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမယ့္ အသံသ႐ုပ္ေဆာင္ေတြကိုေတာ့ မသိရေသးပါဘူး။

Zootopia+
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၂၂ ခုႏွစ္အတြင္းမွာပဲ ထြက္ရွိလာမယ္လို႔ သိထားရပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Fru Fru ၊ Flash နဲ႔ Gazelle’s Tiger Dancers တို႔လို Zootopia ႐ုပ္ရွင္ထဲက အရံဇာတ္ေကာင္ေတြ အေၾကာင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Fru Fru ကေတာ့ Zootopia ႐ုပ္ရွင္ထဲမွာ Judy Hopps က ဒိုးနတ္အႀကီးႀကီးဆီက ကယ္တင္ခဲ့တဲ့ ႂကြက္ကေလးရဲ႕ နာမည္ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ တစ္ျခားအခ်က္ေတြကို မသိရေသးပါဘူး။

Tiana
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ အရင္တုန္းက Disney က ထုတ္လုပ္ခဲ့တဲ့ The Princess and the Frog ထဲက မင္းသမီးေလးကို ျပန္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကလည္း အရင္တုန္းက သုံးခဲ့တဲ့ ေနာက္ခံေတးဂီတေတြ ျပန္ပါဝင္လာမယ္လို႔ သိရထားပါေသးတယ္။ ဒါေပမယ့္လည္း အသံသ႐ုပ္ေဆာင္ေတြကိုေတာ့ မသိရေသးပါဘူး။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲကို အရင္တုန္းက ဖန္တီးခဲ့တဲ့ 2D နဲ႔ ဖန္တီးသြားမွာလား ဒါမွမဟုတ္ 3D နဲ႔ ဖန္တီးသြားမွာလား ဆိုတာကိုလည္း မသိရေသးပါဘူး။ ဒီဇာတ္လမ္းတြဲကလည္း ၂၀၂၂ ခုႏွစ္အတြင္းမွာပဲ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

Moana
photo via screenrant

သိပ္မၾကာတုန္းက ထြက္ရွိထားတဲ့ Moana ကလည္း ၂၀၂၃ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ဇာတ္လမ္းတြဲ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Moana ဟာ သမုဒၵရာႀကီးကို သြားလာေနၿပီးေတာ့ ပစၥိဖိတ္သမုဒၵရာရဲ႕ ေတာင္ပိုင္းမွာရွိတဲ့ ကြၽန္းေတြကို ေလ့လာတာကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အရင္ကထြက္ခဲ့တဲ့ ႐ုပ္ရွင္ထဲမွာ ပါဝင္ထားတဲ့ အသံသ႐ုပ္ေဆာင္ေတြ ျပန္လည္ပါဝင္လာဦးမွာလား ဆိုတာကေတာ့ မေသခ်ာေသးပါဘူး။

Iwaju
photo via screenrant

Disney ဟာ sci-fi အမ်ိဴးအစား animation ဇာတ္လမ္းတြဲျဖစ္တဲ့ Iwaju ကလည္း ၂၀၂၂ ခုႏွစ္အတြင္းမွာ ထြက္လာဦးမယ္ဆိုၿပီးေတာ့ ေၾကညာခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ Disney နဲ႔ Kugali Media တို႔က ပူးေပါင္းဖန္တီးသြားမွာ ျဖစ္ၿပီးေတာ့ Kugali Media ရဲ႕ ေကာမစ္တစ္ခုကို အေျခခံထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲဟာ အသစ္ထြက္လာမယ့္အထဲမွာ တစ္ခုတည္းေသာ ဇာတ္လမ္းအသစ္စက္စက္ ျဖစ္ပါတယ္။ တစ္ျခားဇာတ္လမ္းတြဲေတြကေတာ့ ရွိၿပီးသားဇာတ္လမ္းေတြကို ထပ္မံခ်ဲ႕ထြင္ၿပီး ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular