HomeEntertainmentFilmအသစ်ထွက်ရှိလာဦးမယ့် Disney ရဲ့ Live Action ရုပ်ရှင်များ

အသစ်ထွက်ရှိလာဦးမယ့် Disney ရဲ့ Live Action ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ဟာ မကြာသေးခင်ကပဲ 101 Dalmatians ဇာတ်လမ်းရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Cruella ကို Live-Action ရုပ်ရှင်အဖြစ် ထုတ်လုပ်ထားပါတယ်။ လောလောဆယ်မှာတော့ Cruella ဟာ ကောင်းမွန်တဲ့ ဝေဖန်မှုတွေ ရရှိထားသလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားပါတယ်။ Disney ကတော့ ဒီရုပ်ရှင်နဲ့တင် ရပ်တန့်နေမှာ မဟုတ်ဘဲ နောက်ထပ် Live Action ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်သွားဖို့ ရှိပါသေးတယ်။ အတိအကျ ပြောရရင်တော့ Disney ဟာ နောက်ထပ် Live Action (၁၄)ကား ထုတ်လုပ်သွားဖို့ အစီအစဉ် ရှိပါသေးတယ်။

(1) The Little Mermaid
photo via screenrant

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ကြတဲ့ The Little Mermaid ကိုလည်း Disney ဟာ Live Action အဖြစ် ဖန်တီးဦးမှာ ဖြစ်ပါတယ်။ Halle Bailey ကတော့ Ariel အနေနဲ့ ပါဝင်လာမှာ ဖြစ်ပြီး Melissa McCarthy ကတော့ ဗီလိန် Ursula အဖြစ် ပါဝင်လာမှာပါ။ တခြားပါဝင်လာဦးမယ့် သရုပ်ဆောင်တွေကတော့ Daveed Diggs ၊ Awkwafina နဲ့ Jonah Hauer-King တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း ထုံးစံအတိုင်း ကိုဗစ်ကြောင့် နှောင့်နှေးခဲ့တာဖြစ်ပြီး အခုချိန်ထိတော့ ရုံတင်ရက်ကို မကြေညာသေးပါဘူး။

(2) Peter Pan & Wendy
photo via screenrant

Disney ဟာ Peter Pan နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေကို အရင်တုန်းကလည်း ရိုက်ကူးခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာတော့ J.M. Barrie ရဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ David Lowery က ၂၀၂၁ နှစ်ဝက်လောက်မှာ ရိုက်ကူးရေး စတင်သွားမှာ ဖြစ်ပါတယ်။ Alexander Molony ကတော့ Peter နေရာမှာ ပါဝင်လာမှာ ဖြစ်ပြီး Ever Anderson ကတော့ Wendy အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း Disney+ ကနေ ပြသသွားမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

(3) Jungle Book Sequel
photo via screenrant

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Jungle Book ရဲ့ sequel ရုပ်ရှင်ဟာလည်း ထပ်မံထွက်ရှိလာဦးမယ်လို့ Disney က ကြေညာထားပါတယ်။ ပထမရုပ်ရှင်မှာ တာဝန်ယူခဲ့တဲ့ ဒါရိုက်တာ Jon Favreau နဲ့ ဇာတ်ညွှန်းရေးသူ Justin Marks တို့ကပဲ ဒုတိယမြောက်ရုပ်ရှင်မှာ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမရုပ်ရှင်မှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့ Bill Murray ၊ Ben Kingsley ၊ Idris Elba ၊ Lupita Nyong’o နဲ့ Scarlett Johansson တို့လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(4) Lion King Prequel
photo via screenrant

Lion King ရဲ့ Live Action ရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Disney Investors Day မှာတော့ prequel ထပ်မံ ထွက်လာဦးမယ်လို့ ကြေညာခဲ့ပါတယ်။ ပထမရုပ်ရှင်ကိုတော့ Jon Favreau က ရိုက်ကူးခဲ့ပြီး prequel ရုပ်ရှင်ကိုတော့ Barry Jenkins က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဇာတ်လမ်းအကျဉ်းနဲ့ ပါဝင်လာမယ့် သရုပ်ဆောင်တွေကို မသိရသေးသလို ဘယ်အချိန်မှာ ထွက်ရှိလာမလည်း ဆိုတာကိုလည်း မသိရသေးပါဘူး။

(5) Snow White and the Seven Dwarves
photo via screenrant

နာမည်ကျော်ဇာတ်ကောင် Snow White နဲ့ ပတ်သက်ပြီး Snow White and the Huntsman နဲ့ The Huntsman: Winter’s War ရုပ်ရှင်တို့ ထွက်ရှိခဲ့ပြီး ဖြစ်ကာ အဲ့ဒီနှစ်ကားလုံးဟာ Brothers Grimm ရဲ့ ဇာတ်လမ်းကို အခြေခံထားတာ ဖြစ်ပါတယ်။

ယခုအသစ်ထွက်ရှိလာမယ့် Snow White ကတော့ ၁၉၃၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Snow White ကားကို အခြေခံပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီရုပ်ရှင်ဟာလည်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ ထွက်ရှိလာမယ့် ရက်ကို မသိရသေးပါဘူး။ ဒီရုပ်ရှင်ကိုတော့ The Amazing Spider-Man ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Marc Webb က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

(6) Aladdin Sequel
photo via screenrant

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Aladdin ရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် အခုချိန်မှာတော့ sequel ရုပ်ရှင် ထပ်မံရိုက်ကူးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Aladdin animation ဟာလည်း စုစုပေါင်း နှစ်ကား ထွက်ရှိခဲ့သလိုပဲ Disney ဟာ Live Action ကိုလည်း အလားတူပဲ ဖန်တီးသွားမှာပါ။ ဒါ့အပြင် ပထမကားထဲမှာ ပါဝင်ခဲ့ကြတဲ့ Mena Massoud ၊ Naomi Scott နဲ့ Will Smith တို့ ပြန်လည် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(7) Hunchback
photo via screenrant

၁၉၉၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Hunchback of Notre Dame ဟာ Disney ရဲ့ နာမည်အကြီးဆုံး animation တစ်ကား မဟုတ်ပေမယ့်လည်း Live Action အနေနဲ့ ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ ဒီဇာတ်လမ်းကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ ကြေညာခဲ့ပြီး အဓိကဇာတ်ကောင်နေရာမှာတော့ Josh Gad က သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်ရောက်တဲ့ အချိန်မှာတော့ Josh Gad ကိုယ်တိုင်က ဒီဇာတ်လမ်းဟာ မဖျက်သိမ်းသေးဘဲ ဆက်လက်ဖန်တီးနေဆဲပါလို့ အတည်ပြုပေးခဲ့ပါတယ်။

(8) Bambi
photo via screenrant

Lion King နဲ့ Jungle Book တို့လိုပဲ တိရစ္ဆာန်ဇာတ်ကောင်တွေကို CGI နဲ့ ဖန်တီးကာ Live Action အနေနဲ့ ထုတ်လုပ်ခဲ့တာဟာ Disney အတွက် အောင်မြင်မှုတွေ ပိုမိုရရှိစေခဲ့တာကြောင့် Bambi ကိုလည်း အလားတူပဲ ဖန်တီးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါ့အပြင် Lion King ကို ဖန်တီးခဲ့သလိုပဲ ဒီရုပ်ရှင်ထဲမှာလည်း တိရစ္ဆာန်ဇာတ်ကောင်လေးတွေကို CGI နဲ့ ဖန်တီးသွားမှာ ဖြစ်တာကြောင့် တကယ့်တိရစ္ဆာန်အစစ်လေးတွေကို ကြည့်ရှုရသလို ခံစားရဦးမှာ ဖြစ်ပါတယ်။

(9) Hercules
photo via screenrant

၁၉၉၇ ခုနှစ်မှာ ထွက်ရှိထားတဲ့ Hercules animated movie ကို Live Action အဖြစ် ပြန်လည်ဖန်တီးမယ့်အကြောင်းကို ၂၀၂၀ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ယခင်က ထွက်ရှိထားတဲ့ animation ကို အခြေခံပြီး ရိုက်ကူးသွားမှာ ဖြစ်ပေမယ့်လည်း တပုံစံတည်း တူညီနေမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အခုချိန်မှာတော့ ရိုက်ကူးရေးတောင် မစရသေးတာကြောင့် ထွက်ရှိလာမယ့် ရက်ကိုလည်း မသိရသေးပါဘူး။ Russo Brothers ကတော့ ထုတ်လုပ်သူအနေနဲ့ ပါဝင်သွားမှာ ဖြစ်ပြီး Dave Callaham က ဇာတ်ညွှန်းရေးသွားမယ်လို့တော့ သိရပါတယ်။

(10) Pinocchio
photo via screenrant

ဒီဇာတ်လမ်းကို Live Action အနေနဲ့ ဖန်တီးသွားမယ်ဆိုတာကိုတော့ ၂၀၁၅ ခုနှစ်ကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး အကြောင်းအမျိူးမျိူးကြောင့် ကြန့်ကြာနေခဲ့ပါတယ်။ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးသွားမှာ ဖြစ်ပြီး Chris Weitz က ဇာတ်ညွှန်းရေးသွားမှာ ဖြစ်ပါတယ်။ Tom Hanks ကတော့ Geppetto အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး Benjamin Evan Ainsworth ကတော့ Pinocchio အနေနဲ့ ပါဝင်လာမှာပါ။ ဒါ့အပြင် Luke Evans ၊ Joseph Gordon-Levitt နဲ့ Keegan-Michael Key တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(11) The Sword in the Stone
photo via screenrant

ဒီဇာတ်လမ်းကိုလည်း ၂၀၁၅ ခုနှစ်ကတည်းက Live Action အဖြစ် ဖန်တီးသွားမယ်လို့ ကြေညာခဲ့ပြီး အခုချိန်ထိ မထွက်ရှိလာသေးပါဘူး။ နောက်ဆုံး သိထားရတဲ့ သတင်းကတော့ ဒါရိုက်တာ Juan Carlos Fresnadillo က ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းကတော့ Bryan Cogman ရေးသားသွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Disney ဟာ ဒီဇာတ်လမ်းနဲ့ မသက်ဆိုင်ဘဲ နောက်ထပ် The Merlin Saga ဇာတ်လမ်းတွဲကိုလည်း ဖန်တီးသွားဖို့ စီစဉ်နေပါတယ်။

(12) Robin Hood
photo via screenrant

၁၉၇၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robin Hood ဇာတ်လမ်းကိုတော့ CGI နည်းပညာကို အသုံးပြုကာ Live Action အဖြစ် ပြန်လည်ဖန်တီးသွားမယ်လို့ ၂၀၂၀ ခုနှစ်က ကြေညာခဲ့ပါတယ်။ အရင်က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းထဲမှာတော့ ဇာတ်ကောင်တွေကို တိရစ္ဆာန်အဖြစ် ပုံဖော်ထားပြီး အသစ်ထွက်ရှိလာမယ့် Live Action ထဲမှာလည်း အလားတူပဲ ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းဟာ ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်နေတုန်း ဖြစ်ပေမယ့်လည်း ကိုဗစ်ကြောင့် ပြင်ဆင်မှုတွေကို ရပ်နားထားရပါတယ်။

(13) Lilo and Stitch
photo via screenrant

ဒီဇာတ်လမ်းကလည်း ၂၀၂၀ ခုနှစ်မှာပဲ Live Action ဖန်တီးသွားဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒါရိုက်တာ Jon M. Chu က ရိုက်ကူးသွားမယ်လို့ပဲ သိရပါသေးတယ်။ ဘယ်သရုပ်ဆောင်တွေ ပါဝင်လာဦးမယ် ဆိုတာနဲ့ ဇာတ်လမ်းအကျဉ်းတွေကိုတော့ မသိရသေးသလို ထွက်ရှိလာမယ့် နေ့ရက်ကိုလည်း မကြေညာသေးပါဘူး။

(14) Cruella Sequal
photo via screenrant

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Cruella ဇာတ်လမ်းဟာ ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သလို ကောင်းမွန်တဲ့ ဝေဖန်ချက်တွေလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Disney ဟာ Cruella ရဲ့ sequel ကို ထပ်မံရိုက်ကူးသွားဖို့ အတည်ပြုခဲ့ပါတယ်။ ပထမရုပ်ရှင်မှာ ပါဝင်ထားတဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူတို့ကပဲ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ Emma Stone ကတော့ ပါဝင်လာဦးမယ်လို့ အတည်မပြုသေးပေမယ့်လည်း သူမဟာ Cruella နေရာမှာ သရုပ်ဆောင်ထားတာကြောင့် ပြန်လည်ပါဝင်လာနိုင်ချေ များပါတယ်။

အခုဖော်ပြသွားတဲ့ ရုပ်ရှင် (၁၄)ကားလုံးဟာ ယခင်က ထွက်ရှိခဲ့တဲ့ Disney ရဲ့ animation တွေကို Live Action အဖြစ် ဖန်တီးသွားဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ (၁၄)ကားတင် မကသေးဘဲ နာမည်မသိရသေးတဲ့ ရုပ်ရှင် (၁၀)ကားလောက်ဟာလည်း ၂၀၂၃ ခုနှစ်လောက်မှာ Disney ကနေ ထွက်ရှိလာဦးမယ်လို့လည်း သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney ဟာ မၾကာေသးခင္ကပဲ 101 Dalmatians ဇာတ္လမ္းရဲ႕ ဇာတ္ေကာင္ျဖစ္တဲ့ Cruella ကို Live-Action ႐ုပ္ရွင္အျဖစ္ ထုတ္လုပ္ထားပါတယ္။ ေလာေလာဆယ္မွာေတာ့ Cruella ဟာ ေကာင္းမြန္တဲ့ ေဝဖန္မႈေတြ ရရွိထားသလို ပရိသတ္ေတြရဲ႕ အားေပးမႈကိုလည္း ရရွိထားပါတယ္။ Disney ကေတာ့ ဒီ႐ုပ္ရွင္နဲ႔တင္ ရပ္တန႔္ေနမွာ မဟုတ္ဘဲ ေနာက္ထပ္ Live Action ႐ုပ္ရွင္ေတြကိုလည္း ထုတ္လုပ္သြားဖို႔ ရွိပါေသးတယ္။ အတိအက် ေျပာရရင္ေတာ့ Disney ဟာ ေနာက္ထပ္ Live Action (၁၄)ကား ထုတ္လုပ္သြားဖို႔ အစီအစဥ္ ရွိပါေသးတယ္။

(1) The Little Mermaid
photo via screenrant

ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက ၾကည့္ခဲ့ၾကတဲ့ The Little Mermaid ကိုလည္း Disney ဟာ Live Action အျဖစ္ ဖန္တီးဦးမွာ ျဖစ္ပါတယ္။ Halle Bailey ကေတာ့ Ariel အေနနဲ႔ ပါဝင္လာမွာ ျဖစ္ၿပီး Melissa McCarthy ကေတာ့ ဗီလိန္ Ursula အျဖစ္ ပါဝင္လာမွာပါ။ တျခားပါဝင္လာဦးမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Daveed Diggs ၊ Awkwafina နဲ႔ Jonah Hauer-King တို႔ပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကလည္း ထုံးစံအတိုင္း ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိေတာ့ ႐ုံတင္ရက္ကို မေၾကညာေသးပါဘူး။

(2) Peter Pan & Wendy
photo via screenrant

Disney ဟာ Peter Pan နဲ႔ ပတ္သက္တဲ့ ႐ုပ္ရွင္ေတြကို အရင္တုန္းကလည္း ႐ိုက္ကူးခဲ့ဖူးပါတယ္။ ဒီတစ္ခါမွာေတာ့ J.M. Barrie ရဲ႕ ဝတၳဳကို အေျခခံၿပီး ျပန္လည္ဖန္တီးသြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ David Lowery က ၂၀၂၁ ႏွစ္ဝက္ေလာက္မွာ ႐ိုက္ကူးေရး စတင္သြားမွာ ျဖစ္ပါတယ္။ Alexander Molony ကေတာ့ Peter ေနရာမွာ ပါဝင္လာမွာ ျဖစ္ၿပီး Ever Anderson ကေတာ့ Wendy အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကလည္း Disney+ ကေန ျပသသြားမွာ ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္အတြင္းမွာ ထြက္ရွိလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

(3) Jungle Book Sequel
photo via screenrant

၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Jungle Book ရဲ႕ sequel ႐ုပ္ရွင္ဟာလည္း ထပ္မံထြက္ရွိလာဦးမယ္လို႔ Disney က ေၾကညာထားပါတယ္။ ပထမ႐ုပ္ရွင္မွာ တာဝန္ယူခဲ့တဲ့ ဒါ႐ိုက္တာ Jon Favreau နဲ႔ ဇာတ္ၫႊန္းေရးသူ Justin Marks တို႔ကပဲ ဒုတိယေျမာက္႐ုပ္ရွင္မွာ ဆက္လက္ တာဝန္ယူသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပထမ႐ုပ္ရွင္မွာ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြ ျဖစ္တဲ့ Bill Murray ၊ Ben Kingsley ၊ Idris Elba ၊ Lupita Nyong’o နဲ႔ Scarlett Johansson တို႔လည္း ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

(4) Lion King Prequel
photo via screenrant

Lion King ရဲ႕ Live Action ႐ုပ္ရွင္ဟာ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ Disney Investors Day မွာေတာ့ prequel ထပ္မံ ထြက္လာဦးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ပထမ႐ုပ္ရွင္ကိုေတာ့ Jon Favreau က ႐ိုက္ကူးခဲ့ၿပီး prequel ႐ုပ္ရွင္ကိုေတာ့ Barry Jenkins က ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ဇာတ္လမ္းအက်ဥ္းနဲ႔ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကို မသိရေသးသလို ဘယ္အခ်ိန္မွာ ထြက္ရွိလာမလည္း ဆိုတာကိုလည္း မသိရေသးပါဘူး။

(5) Snow White and the Seven Dwarves
photo via screenrant

နာမည္ေက်ာ္ဇာတ္ေကာင္ Snow White နဲ႔ ပတ္သက္ၿပီး Snow White and the Huntsman နဲ႔ The Huntsman: Winter’s War ႐ုပ္ရွင္တို႔ ထြက္ရွိခဲ့ၿပီး ျဖစ္ကာ အဲ့ဒီႏွစ္ကားလုံးဟာ Brothers Grimm ရဲ႕ ဇာတ္လမ္းကို အေျခခံထားတာ ျဖစ္ပါတယ္။

ယခုအသစ္ထြက္ရွိလာမယ့္ Snow White ကေတာ့ ၁၉၃၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Snow White ကားကို အေျခခံၿပီး ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ထုံးစံအတိုင္းပဲ ဒီ႐ုပ္ရွင္ဟာလည္း ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး အခုခ်ိန္ထိ ထြက္ရွိလာမယ့္ ရက္ကို မသိရေသးပါဘူး။ ဒီ႐ုပ္ရွင္ကိုေတာ့ The Amazing Spider-Man ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Marc Webb က ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

(6) Aladdin Sequel
photo via screenrant

၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Aladdin ႐ုပ္ရွင္ဟာ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့တာေၾကာင့္ အခုခ်ိန္မွာေတာ့ sequel ႐ုပ္ရွင္ ထပ္မံ႐ိုက္ကူးဖို႔ စီစဥ္ေနၿပီ ျဖစ္ပါတယ္။ ၁၉၉၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Aladdin animation ဟာလည္း စုစုေပါင္း ႏွစ္ကား ထြက္ရွိခဲ့သလိုပဲ Disney ဟာ Live Action ကိုလည္း အလားတူပဲ ဖန္တီးသြားမွာပါ။ ဒါ့အျပင္ ပထမကားထဲမွာ ပါဝင္ခဲ့ၾကတဲ့ Mena Massoud ၊ Naomi Scott နဲ႔ Will Smith တို႔ ျပန္လည္ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

(7) Hunchback
photo via screenrant

၁၉၉၆ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ The Hunchback of Notre Dame ဟာ Disney ရဲ႕ နာမည္အႀကီးဆုံး animation တစ္ကား မဟုတ္ေပမယ့္လည္း Live Action အေနနဲ႔ ဖန္တီးသြားဦးမွာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ ဒီဇာတ္လမ္းကို Live Action အျဖစ္ ဖန္တီးသြားမယ္လို႔ ေၾကညာခဲ့ၿပီး အဓိကဇာတ္ေကာင္ေနရာမွာေတာ့ Josh Gad က သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ၂၀၂၁ ခုႏွစ္ေရာက္တဲ့ အခ်ိန္မွာေတာ့ Josh Gad ကိုယ္တိုင္က ဒီဇာတ္လမ္းဟာ မဖ်က္သိမ္းေသးဘဲ ဆက္လက္ဖန္တီးေနဆဲပါလို႔ အတည္ျပဳေပးခဲ့ပါတယ္။

(8) Bambi
photo via screenrant

Lion King နဲ႔ Jungle Book တို႔လိုပဲ တိရစာၦန္ဇာတ္ေကာင္ေတြကို CGI နဲ႔ ဖန္တီးကာ Live Action အေနနဲ႔ ထုတ္လုပ္ခဲ့တာဟာ Disney အတြက္ ေအာင္ျမင္မႈေတြ ပိုမိုရရွိေစခဲ့တာေၾကာင့္ Bambi ကိုလည္း အလားတူပဲ ဖန္တီးသြားဖို႔ အစီအစဥ္ရွိပါတယ္။ ဒါ့အျပင္ Lion King ကို ဖန္တီးခဲ့သလိုပဲ ဒီ႐ုပ္ရွင္ထဲမွာလည္း တိရစာၦန္ဇာတ္ေကာင္ေလးေတြကို CGI နဲ႔ ဖန္တီးသြားမွာ ျဖစ္တာေၾကာင့္ တကယ့္တိရစာၦန္အစစ္ေလးေတြကို ၾကည့္ရႈရသလို ခံစားရဦးမွာ ျဖစ္ပါတယ္။

(9) Hercules
photo via screenrant

၁၉၉၇ ခုႏွစ္မွာ ထြက္ရွိထားတဲ့ Hercules animated movie ကို Live Action အျဖစ္ ျပန္လည္ဖန္တီးမယ့္အေၾကာင္းကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ယခင္က ထြက္ရွိထားတဲ့ animation ကို အေျခခံၿပီး ႐ိုက္ကူးသြားမွာ ျဖစ္ေပမယ့္လည္း တပုံစံတည္း တူညီေနမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ ႐ိုက္ကူးေရးေတာင္ မစရေသးတာေၾကာင့္ ထြက္ရွိလာမယ့္ ရက္ကိုလည္း မသိရေသးပါဘူး။ Russo Brothers ကေတာ့ ထုတ္လုပ္သူအေနနဲ႔ ပါဝင္သြားမွာ ျဖစ္ၿပီး Dave Callaham က ဇာတ္ၫႊန္းေရးသြားမယ္လို႔ေတာ့ သိရပါတယ္။

(10) Pinocchio
photo via screenrant

ဒီဇာတ္လမ္းကို Live Action အေနနဲ႔ ဖန္တီးသြားမယ္ဆိုတာကိုေတာ့ ၂၀၁၅ ခုႏွစ္ကတည္းက ေၾကညာခဲ့တာ ျဖစ္ၿပီး အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ၾကန႔္ၾကာေနခဲ့ပါတယ္။ ဒါ႐ိုက္တာ Robert Zemeckis က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး Chris Weitz က ဇာတ္ၫႊန္းေရးသြားမွာ ျဖစ္ပါတယ္။ Tom Hanks ကေတာ့ Geppetto အေနနဲ႔ ပါဝင္လာမွာျဖစ္ၿပီး Benjamin Evan Ainsworth ကေတာ့ Pinocchio အေနနဲ႔ ပါဝင္လာမွာပါ။ ဒါ့အျပင္ Luke Evans ၊ Joseph Gordon-Levitt နဲ႔ Keegan-Michael Key တို႔လည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

(11) The Sword in the Stone
photo via screenrant

ဒီဇာတ္လမ္းကိုလည္း ၂၀၁၅ ခုႏွစ္ကတည္းက Live Action အျဖစ္ ဖန္တီးသြားမယ္လို႔ ေၾကညာခဲ့ၿပီး အခုခ်ိန္ထိ မထြက္ရွိလာေသးပါဘူး။ ေနာက္ဆုံး သိထားရတဲ့ သတင္းကေတာ့ ဒါ႐ိုက္တာ Juan Carlos Fresnadillo က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး ဇာတ္ၫႊန္းကေတာ့ Bryan Cogman ေရးသားသြားမယ္ဆိုတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Disney ဟာ ဒီဇာတ္လမ္းနဲ႔ မသက္ဆိုင္ဘဲ ေနာက္ထပ္ The Merlin Saga ဇာတ္လမ္းတြဲကိုလည္း ဖန္တီးသြားဖို႔ စီစဥ္ေနပါတယ္။

(12) Robin Hood
photo via screenrant

၁၉၇၃ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Robin Hood ဇာတ္လမ္းကိုေတာ့ CGI နည္းပညာကို အသုံးျပဳကာ Live Action အျဖစ္ ျပန္လည္ဖန္တီးသြားမယ္လို႔ ၂၀၂၀ ခုႏွစ္က ေၾကညာခဲ့ပါတယ္။ အရင္က ထြက္ရွိခဲ့တဲ့ ဇာတ္လမ္းထဲမွာေတာ့ ဇာတ္ေကာင္ေတြကို တိရစာၦန္အျဖစ္ ပုံေဖာ္ထားၿပီး အသစ္ထြက္ရွိလာမယ့္ Live Action ထဲမွာလည္း အလားတူပဲ ဖန္တီးသြားမယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းဟာ ႐ိုက္ကူးေရး စတင္ဖို႔ ျပင္ဆင္ေနတုန္း ျဖစ္ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ျပင္ဆင္မႈေတြကို ရပ္နားထားရပါတယ္။

(13) Lilo and Stitch
photo via screenrant

ဒီဇာတ္လမ္းကလည္း ၂၀၂၀ ခုႏွစ္မွာပဲ Live Action ဖန္တီးသြားဖို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒါ႐ိုက္တာ Jon M. Chu က ႐ိုက္ကူးသြားမယ္လို႔ပဲ သိရပါေသးတယ္။ ဘယ္သ႐ုပ္ေဆာင္ေတြ ပါဝင္လာဦးမယ္ ဆိုတာနဲ႔ ဇာတ္လမ္းအက်ဥ္းေတြကိုေတာ့ မသိရေသးသလို ထြက္ရွိလာမယ့္ ေန႔ရက္ကိုလည္း မေၾကညာေသးပါဘူး။

(14) Cruella Sequal
photo via screenrant

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Cruella ဇာတ္လမ္းဟာ ပရိသတ္ေတြၾကားမွာလည္း ေအာင္ျမင္မႈေတြ ရရွိခဲ့သလို ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြလည္း ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Disney ဟာ Cruella ရဲ႕ sequel ကို ထပ္မံ႐ိုက္ကူးသြားဖို႔ အတည္ျပဳခဲ့ပါတယ္။ ပထမ႐ုပ္ရွင္မွာ ပါဝင္ထားတဲ့ ဒါ႐ိုက္တာနဲ႔ ဇာတ္ၫႊန္းေရးသူတို႔ကပဲ ျပန္လည္ပါဝင္လာႏိုင္ပါတယ္။ Emma Stone ကေတာ့ ပါဝင္လာဦးမယ္လို႔ အတည္မျပဳေသးေပမယ့္လည္း သူမဟာ Cruella ေနရာမွာ သ႐ုပ္ေဆာင္ထားတာေၾကာင့္ ျပန္လည္ပါဝင္လာႏိုင္ေခ် မ်ားပါတယ္။

အခုေဖာ္ျပသြားတဲ့ ႐ုပ္ရွင္ (၁၄)ကားလုံးဟာ ယခင္က ထြက္ရွိခဲ့တဲ့ Disney ရဲ႕ animation ေတြကို Live Action အျဖစ္ ဖန္တီးသြားဖို႔ စီစဥ္ထားတဲ့ ႐ုပ္ရွင္ေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ (၁၄)ကားတင္ မကေသးဘဲ နာမည္မသိရေသးတဲ့ ႐ုပ္ရွင္ (၁၀)ကားေလာက္ဟာလည္း ၂၀၂၃ ခုႏွစ္ေလာက္မွာ Disney ကေန ထြက္ရွိလာဦးမယ္လို႔လည္း သိရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular