HomeEntertainmentFilmLee Byung Hun နဲ့ Song Kang Ho တို့ ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားသစ် Emergency Declaration 

Lee Byung Hun နဲ့ Song Kang Ho တို့ ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားသစ် Emergency Declaration 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ကိုရီးယားရုပ်ရှင်တစ်ကားကတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Emergency Declaration လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကတော့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo via soompi

ဒီဇာတ်ကားထဲမှာတော့ ဝါရင့်မင်းသားကြီး Song Kang Ho ၊ Lee Byung Hun ၊ Jeon Do Yeon ၊ Im Si Wan ၊ Kim Nam Gil ၊ Kim So Jin နဲ့ Park Hae Joon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ တောင်ကိုရီးယားရဲ့ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားတဲ့ ဒါရိုက်တာ Han Jae Rim ဖြစ်ပါတယ်။

Photo via soompi

ဇာတ်လမ်းကတော့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ကြောင့် လေယာဉ်တစ်စီးဟာ မောင်းနှင်လာရင်းကနေ အရေးပေါ် ဆင်းသက်ဖို့ ပြုလုပ်ရစဉ် ကြုံတွေ့ရတဲ့ အန္တရာယ်တွေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ တရားဝင် ပိုစတာလည်း ထွက်ရှိလာပြီ ဖြစ်ကာ “Take Your Seat” ဆိုတဲ့ စကားကို ပြောင်းပြန် ဇောက်ထိုး ရေးသားထားပြီး ကြောက်စရာကောင်းတဲ့ လေယာဉ်ပျက်ကျမှုပုံစံမျိုး မက်ဆေ့ပေးထားတာ တွေ့ရပါတယ်။

Photo via soompi
Photo via soompi

ဒီဇာတ်ကားထဲမှာ မင်းသားကြီး Song Kang Ho ကတော့ လေယာဉ်ပျက်ကျမှုကို စုံစမ်းတဲ့ စုံထောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Jeon Do Yeon ကတော့ ဗိုလ်ချုပ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး Lee Byung Hun ကတော့ လေယာဉ်တွေကို ကြောက်ရွံ့စိတ်ရှိတဲ့ ဖခင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo via soompi

Kim Nam Gil ကတော့ လေယာဉ်ရဲ့ လက်ထောက် ကပ္ပတိန်အဖြစ် သရုပ်ဆောင်ထားပြီး Im Si Wan ကတော့ လေယာဉ်စီးနင်းလာတဲ့ တစ်ကိုယ်တည်း ခရီးသည်နေရာက သရုပ်ဆောင်ထားပါတယ်။ Kim So Jin ကတော့ လေယာဉ်မယ်အဖြစ် သရုပ်ဆောင်ထားပြီး Park Hae Joon ကတော့ အစိုးရ အကြပ်အတည်း စီမံခန့်ခွဲမှုဌာနရဲ့ အကြီးအကဲအဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo via soompi

ဒီဇာတ်ကားဟာ လာမယ့် ဇူလိုင်လ(၁၆)ရက်နေ့မှာ ထွက်ရှိသွားမှာ ဖြစ်ပြီး (၇၄)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း အထူးပွဲအဖြစ် ပြသဖို့ ရွေးချယ်ခံထားရပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်ကားမှာ ပါဝင်ထားကြတဲ့ Song Kang Ho ၊ Lee Byung Hun နဲ့ Im Si Wan တို့က ကိုယ်စားပြုအဖြစ် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Photo via soompi

ဒါ့အပြင် မင်းသား Lee Byung Hun ဟာ လာမယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကြီးမှာ ဆုကြေညာပေးသူအဖြစ် တာဝန်ယူဖို့ ရွေးချယ်ခံထားရပြီး မင်းသားကြီး Song Kang Ho ကတော့ feature film တွေကို ဆုချီးမြှင့်ဖို့အတွက် ဆုရွေးချယ်ရေးမှာ ပါဝင်ကာ ဒိုင်တစ်ယောက်အဖြစ် တာဝန်ယူထားရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ ပါဝင္ထားတဲ့ ကိုရီးယား႐ုပ္ရွင္တစ္ကားကေတာ့ မၾကာခင္မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ Emergency Declaration လို႔ အမည္ေပးထားတဲ့ ဒီဇာတ္ကားကေတာ့ ေဘးအႏၲရာယ္နဲ႔ ႀကဳံေတြ႕ရတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo via soompi

ဒီဇာတ္ကားထဲမွာေတာ့ ဝါရင့္မင္းသားႀကီး Song Kang Ho ၊ Lee Byung Hun ၊ Jeon Do Yeon ၊ Im Si Wan ၊ Kim Nam Gil ၊ Kim So Jin နဲ႔ Park Hae Joon တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒါ႐ိုက္တာကေတာ့ ေတာင္ကိုရီးယားရဲ႕ ႐ုပ္ရွင္ထူးခြၽန္ဆုေတြ ရရွိထားတဲ့ ဒါ႐ိုက္တာ Han Jae Rim ျဖစ္ပါတယ္။

Photo via soompi

ဇာတ္လမ္းကေတာ့ မေမွ်ာ္လင့္ထားတဲ့ ျဖစ္ရပ္ေၾကာင့္ ေလယာဥ္တစ္စီးဟာ ေမာင္းႏွင္လာရင္းကေန အေရးေပၚ ဆင္းသက္ဖို႔ ျပဳလုပ္ရစဥ္ ႀကဳံေတြ႕ရတဲ့ အႏၲရာယ္ေတြအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ တရားဝင္ ပိုစတာလည္း ထြက္ရွိလာၿပီ ျဖစ္ကာ “Take Your Seat” ဆိုတဲ့ စကားကို ေျပာင္းျပန္ ေဇာက္ထိုး ေရးသားထားၿပီး ေၾကာက္စရာေကာင္းတဲ့ ေလယာဥ္ပ်က္က်မႈပုံစံမ်ိဳး မက္ေဆ့ေပးထားတာ ေတြ႕ရပါတယ္။

Photo via soompi
Photo via soompi

ဒီဇာတ္ကားထဲမွာ မင္းသားႀကီး Song Kang Ho ကေတာ့ ေလယာဥ္ပ်က္က်မႈကို စုံစမ္းတဲ့ စုံေထာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Jeon Do Yeon ကေတာ့ ဗိုလ္ခ်ဳပ္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Lee Byung Hun ကေတာ့ ေလယာဥ္ေတြကို ေၾကာက္႐ြံ႕စိတ္ရွိတဲ့ ဖခင္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Photo via soompi

Kim Nam Gil ကေတာ့ ေလယာဥ္ရဲ႕ လက္ေထာက္ ကပၸတိန္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Im Si Wan ကေတာ့ ေလယာဥ္စီးနင္းလာတဲ့ တစ္ကိုယ္တည္း ခရီးသည္ေနရာက သ႐ုပ္ေဆာင္ထားပါတယ္။ Kim So Jin ကေတာ့ ေလယာဥ္မယ္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Park Hae Joon ကေတာ့ အစိုးရ အၾကပ္အတည္း စီမံခန႔္ခြဲမႈဌာနရဲ႕ အႀကီးအကဲအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Photo via soompi

ဒီဇာတ္ကားဟာ လာမယ့္ ဇူလိုင္လ(၁၆)ရက္ေန႔မွာ ထြက္ရွိသြားမွာ ျဖစ္ၿပီး (၇၄)ႀကိမ္ေျမာက္ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္မွာလည္း အထူးပြဲအျဖစ္ ျပသဖို႔ ေ႐ြးခ်ယ္ခံထားရပါတယ္။ ဒါေၾကာင့္လည္း ဒီဇာတ္ကားမွာ ပါဝင္ထားၾကတဲ့ Song Kang Ho ၊ Lee Byung Hun နဲ႔ Im Si Wan တို႔က ကိုယ္စားျပဳအျဖစ္ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္ကို တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

Photo via soompi

ဒါ့အျပင္ မင္းသား Lee Byung Hun ဟာ လာမယ့္ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္ႀကီးမွာ ဆုေၾကညာေပးသူအျဖစ္ တာဝန္ယူဖို႔ ေ႐ြးခ်ယ္ခံထားရၿပီး မင္းသားႀကီး Song Kang Ho ကေတာ့ feature film ေတြကို ဆုခ်ီးျမႇင့္ဖို႔အတြက္ ဆုေ႐ြးခ်ယ္ေရးမွာ ပါဝင္ကာ ဒိုင္တစ္ေယာက္အျဖစ္ တာဝန္ယူထားရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular