HomeEntertainmentFilmနှစ်ပိုင်းတည်းနဲ့ ပရိသတ်အားပေးမှုရရှိနေတဲ့ ဒရာမာအသစ် Missing: The Other Side 

နှစ်ပိုင်းတည်းနဲ့ ပရိသတ်အားပေးမှုရရှိနေတဲ့ ဒရာမာအသစ် Missing: The Other Side 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

OCN ရုပ်သံလိုင်းက ထုတ်လွှင့်လိုက်တဲ့ ဒရာမာအသစ် Missing: The Other Side ဟာ ပြီးခဲ့တဲ့အပတ်ကမှ စတင်ပြသတာ ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီ ဖြစ်ပါတယ်။

Missing: The Other Side လို့ အမည်ပေးထားတဲ့ ဒရာမာကတော့ ပဟေဠိဆန်ဆန် စိတ်ကူးယဉ် ဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက်ရှင်နေစဉ်က အကြောင်းအမျိုးမျိုးနဲ့ ပျောက်ဆုံးသွားကြတဲ့ လူတွေရဲ့ ဝိဉာဉ်တွေ နေထိုင်ရာ ရွာတစ်ရွာမှာ အခြေတည်ထားပါတယ်။ အဲ့ဒီ့ရွာလေးမှာတော့ လူတစ်စုဟာ ပျောက်ဆုံးနေတဲ့ ခန္ဓာကိုယ်တွေကို ရှာဖွေနေကြပြီး သူတို့ကိုယ်တိုင် ဘာဖြစ်သွားကြတယ်ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

©OCN

ဒီဒရာမာဟာ သူ့အရှေ့က ထုတ်လွှင့်ခဲ့တဲ့ ဒရာမာရဲ့ rating အမြင့်ဆုံးစံချိန်ကို ပထမဆုံးအပိုင်းနဲ့တင် ကျော်တက်ခဲ့ပြီး ဒုတိယအပိုင်းမှာတော့ rating တွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ကြည့်ရှုသူတွေဟာ အပိုင်းနှစ်ပိုင်းတည်း ကြည့်ရှုရသေးပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေ၊ ပီပြင်သေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ လူသားသဘာဝဆန်တာ၊ ပဟေဠိတွေ ပါဝင်နေတာ၊ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားရတာတွေကြောင့် ကနဦး သုံးသပ်ချက်တွေအရ ချီးကျူးခံနေရပါတယ်။

©OCN

OCN ရုပ်သံလိုင်းဟာ horror ၊ fantasy ၊ thriller အစရှိတဲ့ ဒရာမာအမျိုးအစားတွေမှာ နာမည်ကြီးတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်တာနဲ့အညီ အခုဒရာမာဟာလည်း ပရိသတ်တွေ ကြည့်ရကျိုးနပ်စေမယ့် ဒရာမာတစ်ခု ဖြစ်နိုင်ချေ များနေပါတယ်။ ထုတ်လွှင့်ပြီးတဲ့ အပိုင်းနှစ်ပိုင်းအရ ဒီဒရာမာဟာ စိတ်လှုပ်ရှားစရာတွေလည်း ပါဝင်သလို စိတ်လန်းဆန်းစေမယ့် ပြကွက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးမှုနဲ့ နောက်ခံတေးဂီတတွေမှာလည်း အနုပညာရသမြောက်အောင် ပုံဖော်ထားတဲ့ ဒရာမာလို့ ချီးကျူးခံထားရပါတယ်။ စိတ်ကူးယဉ်ရွာလေးရဲ့ အလှအပကို ဖော်ကျူးရာမှာလည်း ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ခန္ဓာကိုယ်ကို ရှာတွေ့သွားတဲ့ ဝိဉာဉ်တွေရဲ့ ပျောက်ကွယ်မှုတွေမှာလည်း CGI effect တွေကို သေသေသပ်သပ် သုံးစွဲထားတာကလည်း ကျေနပ်စရာတစ်ခုလို့ မှတ်ချက်ပေးခံထားရပါတယ်။

©OCN

ဒီဇာတ်လမ်းတွဲမှာ Go Soo ၊ Sohee ၊ Seo Eun Soo နဲ့ Heo Joon Ho တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပိုင်းပေါင်း(၁၂)ပိုင်းသာ ပါဝင်မယ့် မီနီဒရာမာဖြစ်ပြီး တစ်ပိုင်းကို ကြာမြင့်ချိန် တစ်နာရီနဲ့ ဆယ်မိနစ်ဝန်းကျင်မှာ ရှိပါတယ်။ ထုတ်လွှင့်တဲ့ နေ့ရက်ကတော့ စနေ၊ တနင်္ဂနွေညတိုင်းမှာ ကိုရီးယားစံတော်ချိန် ည(၁၀:၃၀)နာရီအချိန်မှာ OCN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

OCN ႐ုပ္သံလိုင္းက ထုတ္လႊင့္လိုက္တဲ့ ဒရာမာအသစ္ Missing: The Other Side ဟာ ၿပီးခဲ့တဲ့အပတ္ကမွ စတင္ျပသတာ ျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိေနၿပီ ျဖစ္ပါတယ္။

Missing: The Other Side လို႔ အမည္ေပးထားတဲ့ ဒရာမာကေတာ့ ပေဟဠိဆန္ဆန္ စိတ္ကူးယဥ္ ဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အသက္ရွင္ေနစဥ္က အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေပ်ာက္ဆုံးသြားၾကတဲ့ လူေတြရဲ႕ ဝိဉာဥ္ေတြ ေနထိုင္ရာ ႐ြာတစ္႐ြာမွာ အေျခတည္ထားပါတယ္။ အဲ့ဒီ့႐ြာေလးမွာေတာ့ လူတစ္စုဟာ ေပ်ာက္ဆုံးေနတဲ့ ခႏၶာကိုယ္ေတြကို ရွာေဖြေနၾကၿပီး သူတို႔ကိုယ္တိုင္ ဘာျဖစ္သြားၾကတယ္ဆိုတာကို ေဖာ္ထုတ္ဖို႔ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။

©OCN

ဒီဒရာမာဟာ သူ႔အေရွ႕က ထုတ္လႊင့္ခဲ့တဲ့ ဒရာမာရဲ႕ rating အျမင့္ဆုံးစံခ်ိန္ကို ပထမဆုံးအပိုင္းနဲ႔တင္ ေက်ာ္တက္ခဲ့ၿပီး ဒုတိယအပိုင္းမွာေတာ့ rating ေတြ ပိုမိုျမင့္တက္လာခဲ့ပါတယ္။ ၾကည့္ရႈသူေတြဟာ အပိုင္းႏွစ္ပိုင္းတည္း ၾကည့္ရႈရေသးေပမယ့္ စိတ္ဝင္စားစရာေကာင္းတဲ့ ကာ႐ိုက္တာေတြ၊ ပီျပင္ေသသပ္တဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ လူသားသဘာဝဆန္တာ၊ ပေဟဠိေတြ ပါဝင္ေနတာ၊ စိတ္ကူးယဥ္ကမာၻတစ္ခုကို ေရာက္သြားသလို ခံစားရတာေတြေၾကာင့္ ကနဦး သုံးသပ္ခ်က္ေတြအရ ခ်ီးက်ဴးခံေနရပါတယ္။

©OCN

OCN ႐ုပ္သံလိုင္းဟာ horror ၊ fantasy ၊ thriller အစရွိတဲ့ ဒရာမာအမ်ိဳးအစားေတြမွာ နာမည္ႀကီးတဲ့ ႐ုပ္သံလိုင္းတစ္ခု ျဖစ္တာနဲ႔အညီ အခုဒရာမာဟာလည္း ပရိသတ္ေတြ ၾကည့္ရက်ိဳးနပ္ေစမယ့္ ဒရာမာတစ္ခု ျဖစ္ႏိုင္ေခ် မ်ားေနပါတယ္။ ထုတ္လႊင့္ၿပီးတဲ့ အပိုင္းႏွစ္ပိုင္းအရ ဒီဒရာမာဟာ စိတ္လႈပ္ရွားစရာေတြလည္း ပါဝင္သလို စိတ္လန္းဆန္းေစမယ့္ ျပကြက္ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ႐ုပ္ရွင္႐ိုက္ကူးမႈနဲ႔ ေနာက္ခံေတးဂီတေတြမွာလည္း အႏုပညာရသေျမာက္ေအာင္ ပုံေဖာ္ထားတဲ့ ဒရာမာလို႔ ခ်ီးက်ဴးခံထားရပါတယ္။ စိတ္ကူးယဥ္႐ြာေလးရဲ႕ အလွအပကို ေဖာ္က်ဴးရာမွာလည္း ရင္သပ္ရႈေမာဖြယ္ရာျဖစ္ၿပီး ေပ်ာက္ဆုံးေနတဲ့ ခႏၶာကိုယ္ကို ရွာေတြ႕သြားတဲ့ ဝိဉာဥ္ေတြရဲ႕ ေပ်ာက္ကြယ္မႈေတြမွာလည္း CGI effect ေတြကို ေသေသသပ္သပ္ သုံးစြဲထားတာကလည္း ေက်နပ္စရာတစ္ခုလို႔ မွတ္ခ်က္ေပးခံထားရပါတယ္။

©OCN

ဒီဇာတ္လမ္းတြဲမွာ Go Soo ၊ Sohee ၊ Seo Eun Soo နဲ႔ Heo Joon Ho တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ အပိုင္းေပါင္း(၁၂)ပိုင္းသာ ပါဝင္မယ့္ မီနီဒရာမာျဖစ္ၿပီး တစ္ပိုင္းကို ၾကာျမင့္ခ်ိန္ တစ္နာရီနဲ႔ ဆယ္မိနစ္ဝန္းက်င္မွာ ရွိပါတယ္။ ထုတ္လႊင့္တဲ့ ေန႔ရက္ကေတာ့ စေန၊ တနဂၤေႏြညတိုင္းမွာ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀:၃၀)နာရီအခ်ိန္မွာ OCN ႐ုပ္သံလိုင္းကေန ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular