HomeEntertainmentFilmHarley Quinn ခ်စ္သူေတြ ရင္ခုန္ရဦးမယ့္ ရုပ္ရွင္အသစ္ Birds of Prey

Harley Quinn ခ်စ္သူေတြ ရင္ခုန္ရဦးမယ့္ ရုပ္ရွင္အသစ္ Birds of Prey

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စူပါဟီးရိုးဇာတ်ကား ကြိုက်နှစ်သက်သူတွေနဲ့ Harley Quinn ရဲ့ ပရိသတ်တွေအတွက် အမိုက်စား ရုပ်ရှင်တစ်ခု လာနေပါပြီ။ အဲ့ဒါကတော့ Birds of Prey လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားအသစ် ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ Harley Quinn တစ်ယောက် Joker နဲ့ လမ်းခွဲပြီးတဲ့နောက်ပိုင်း အချိန်တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Harley Quinn ဟာ စူပါဟီးရိုးတွေဖြစ်တဲ့ Black Canary ၊ Huntress ၊ Renee Montoya တို့နဲ့ ပူးပေါင်းပြီး  ဂေါ်သန်မြို့ကြီးရဲ့ ကြောက်စရာ မှုခင်းတို့ရဲ့အရှင်သခင် Black Mask ဆီကနေ ကောင်မလေးတစ်ယောက်ကို ကယ်ဆယ်တဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

Photo: digital spy

သရုပ်ဆောင်တွေအနေနဲ့ Margot Robbie ၊ Mary Elizabeth Winstead ၊ Jurnee Smollett ၊ Ewan McGregor ၊ Rosie Perez နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

Photo: collider

Christina Hodson ရေးသားတဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Cathy Yan က ရိုက်ကူးထားပြီး producer တွေအနေနဲ့ Walter Hamada အပါအဝင် Margot Robbie ကပါ ပါဝင်ထားပါတယ်။ ကနဦးအနေနဲ့ IMDb rating 8.4 ရရှိထားပြီး ရုပ်ရှင်ကိုတော့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Official ထွေလာကိုတော့ အောက်တိုဘာလ(၁)ရက်နေ့မှာ Warner Brothers က လွှင့်တင်ထားပြီး လက်ရှိအချိန်အထိ ကြည့်ရှုသူပေါင်း (၁၇)သန်းကျော် ရှိနေပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

စူပါဟီးရိုးဇာတ္ကား ႀကိဳက္ႏွစ္သက္သူေတြနဲ႔ Harley Quinn ရဲ႕ ပရိသတ္ေတြအတြက္ အမိုက္စား ရုပ္ရွင္တစ္ခု လာေနပါၿပီ။ အဲ့ဒါကေတာ့ Birds of Prey လို႔ အမည္ေပးထားတဲ့ ရုပ္ရွင္ဇာတ္ကားအသစ္ ျဖစ္ပါတယ္။

ဒီဇာတ္ကားမွာေတာ့ Harley Quinn တစ္ေယာက္ Joker နဲ႔ လမ္းခြဲၿပီးတဲ့ေနာက္ပိုင္း အခ်ိန္ေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ Harley Quinn ဟာ စူပါဟီးရိုးေတြျဖစ္တဲ့ Black Canary ၊ Huntress ၊ Renee Montoya တို႔နဲ႔ ပူးေပါင္းၿပီး  ေဂၚသန္ၿမိဳ႕ႀကီးရဲ႕ ေၾကာက္စရာ မႈခင္းတို႔ရဲ႕အရွင္သခင္ Black Mask ဆီကေန ေကာင္မေလးတစ္ေယာက္ကို ကယ္ဆယ္တဲ့ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။

Photo: digital spy

သရုပ္ေဆာင္ေတြအေနနဲ႔ Margot Robbie ၊ Mary Elizabeth Winstead ၊ Jurnee Smollett ၊ Ewan McGregor ၊ Rosie Perez နဲ႔ အျခားေသာ သရုပ္ေဆာင္မ်ားစြာ ပါ၀င္ထားပါတယ္။

Photo: collider

Christina Hodson ေရးသားတဲ့ ဇာတ္လမ္းကို ဒါရိုက္တာ Cathy Yan က ရိုက္ကူးထားၿပီး producer ေတြအေနနဲ႔ Walter Hamada အပါအ၀င္ Margot Robbie ကပါ ပါ၀င္ထားပါတယ္။ ကနဦးအေနနဲ႔ IMDb rating 8.4 ရရိွထားၿပီး ရုပ္ရွင္ကိုေတာ့ ၂၀၂၀ခုႏွစ္ ေဖေဖာ္၀ါရီလမွာ ရုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

Official ေထြလာကိုေတာ့ ေအာက္တိုဘာလ(၁)ရက္ေန႔မွာ Warner Brothers က လႊင့္တင္ထားၿပီး လက္ရိွအခ်ိန္အထိ ၾကည့္ရႈသူေပါင္း (၁၇)သန္းေက်ာ္ ရိွေနပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular