HomeEntertainmentFilm၂၀၂၀ နှစ်မကုန်ခင် အသစ်ထွက်ရှိလာဖို့ လျာထားတဲ့ ဇာတ်ကားသစ်များ

၂၀၂၀ နှစ်မကုန်ခင် အသစ်ထွက်ရှိလာဖို့ လျာထားတဲ့ ဇာတ်ကားသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၀ခုနှစ်အစပိုင်းမှာတော့ ဇာတ်လမ်းအမျိူးအစား ပေါင်းစုံနဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မတ်လပိုင်းလောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ပစ်ခဲ့ရပါတယ်။ အဲ့လိုဖြစ်လာတာကြောင့် အသစ်ထွက်လာမယ့် ရုပ်ရှင်အများစုဟာ နောက်ကျကုန်ပြီး ရုံတင်ရက်တွေ ရွှေ့ကုန်ကြပါတယ်။ အစပိုင်းမှာတော့ ရုပ်ရှင်အချို့ဟာ လပိုင်းလောက်ပဲ ရွှေ့ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အများစုဟာ အနည်းဆုံး ၂၀၂၁ခုနှစ်ဆီကို ရွှေ့ကုန်ကြပါတယ်။ ဒါကြောင့် ၂၀၂၀မှာ ရုံတင်ရက် သတ်မှတ်ထားတဲ့ ရုပ်ရှင်တွေဟာ အနည်းငယ်သာ ကျန်ရှိပါတော့တယ်။ အဲ့ဒါကြောင့် လက်ရှိအချိန်အထိ ၂၀၂၀မှာ ရုံတင်ရက် သတ်မှတ်ထားတဲ့ ဇာတ်ကားတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Free Guy
photo via screenrant

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Shawn Levy က ရိုက်ကူးထားပြီး Ryan Reynolds က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းနဲ့ ပတ်သက်လို့ အများကြီး မသိရသေးဘဲ ဒီဇာတ်လမ်းဟာ ဗီဒီယိုဂိမ်းထဲမှာ အခြေခံထားတယ်လို့ သိရပါတယ်။ အစတုန်းကတော့ Fox ဟာ ဒီရုပ်ရှင်ကို ဇွန်လမှာ ရုံတင်ရက် သတ်မှတ်ထားခဲ့ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီဇင်ဘာလ(၁၁)ရက်နေ့ကို ရွှေ့သွားခဲ့ပါတယ်။

Coming 2 America
photo via screenrant

Eddie Murphy အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Coming 2 America ကတော့ အစတုန်းက ၂၀၂၀ခုနှစ် ဩဂုတ်လမှာ ရုံတင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒီဇာတ်ကားဟာလည်း တဖြည်းဖြည်းနဲ့ ရက်ရွှေ့ရင်း ဒီဇင်ဘာလ(၁၈)ရက်ကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေက မကောင်းတာကြောင့် ဒီဇာတ်လမ်းကို ရုံမတင်တော့ဘဲ Amazon Prime မှာ ပြသသွားမယ်လို့ သိရပါတယ်။

Death On The Nile
photo via screenrant

ဒီဇာတ်ကားကတော့ Murder on the Orient Express ရဲ့ အဆက်ဖြစ်ပြီးတော့ Kenneth Branaugh က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ကနေပြီးတော့ ၂၀၂၀ခုနှစ် အောက်တိုဘာလအထိ ရုံတင်ရက် နောက်ဆုတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်ကို ရွှေ့သွားပြီး အခုလက်ရှိအချိန်အထိတော့ ရုံတင်ရက်က မပြောင်းလဲသေးပါဘူး။

Soul
photo via screenrant

ဒီဇာတ်ကားကတော့ Pixar က ထုတ်လုပ်ထားပြီး ၂၀၂၀ခုနှစ် နွေရာသီလောက်မှာ ရုံတင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုဝင်ဘာလကို ရွှေ့သွားပြီး နောက်ဆုံးမှာတော့ ဒီဇင်ဘာလ (၂၅)ရက်အထိ ရွှေ့ခဲ့ပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ရုံတွေက ပြန်ဖွင့်ဖို့ မသေချာသေးတာကြောင့် ဒီဇာတ်ကားကို Disney+ မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Wonder Woman 1984
photo via screenrant

ဒီဇာတ်ကားဟာ ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားတဲ့ Wonder Woman ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလတည်းက ရုံတင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့်လည်း တစ်ခြားရုပ်ရှင်တွေလိုပဲ အကြောင်းအမျိူးမျိူးကြောင့် မဖြစ်မနေ ရုံတင်ရက်တွေကို ရွှေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့အထိ ရွှေ့ထားခဲ့ပါတယ်။ အခုချိန်မှာတော့ ရုံတင်ရက်က နီးကပ်နေပြီ ဖြစ်တာကြောင့် ရုံတင်ရက်ကို ထပ်ပြီးတော့ ရွှေ့ဦးမှာလား၊ ဒီဇင်ဘာလမှာပဲ ရုပ်ရှင်ရုံမှာ ပြသွားမလားဆိုတာကတော့ မသိရသေးပါဘူး။

ဒါကတော့ လက်ရှိအချိန်အထိ ၂၀၂၀ခုနှစ်ထဲမှာ ထွက်ရှိဖို့ စီစဉ်ထားတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ streaming service တွေကနေ ပြောင်းလဲထုတ်လွှင့်သွားမယ့် ဇာတ်ကားတွေကတော့ အပြောင်းအလဲ သိပ်မရှိလောက်ပေမယ့် ရုံတင်ဖို့ကိုပဲ ရည်ရွယ်ထားတဲ့ကားတွေကတော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသေးတယ်။ ၂၀၂၀ဟာ ရုပ်ရှင်လောကကိုလည်း အကြီးအကျယ် ထိခိုက်ခဲ့တာကြောင့် ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ကပ်ရောဂါကြီး အမြန်ဆုံး ပြီးဆုံးပြီး ရုပ်ရှင်ရုံတွေမှာ အရင်လိုပဲ ကြည့်ရှုခံစားနိုင်မယ့်နေ့ အမြန်ဆုံး ရောက်ရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

၂၀၂၀ခုႏွစ္အစပိုင္းမွာေတာ့ ဇာတ္လမ္းအမ်ိဴးအစား ေပါင္းစုံနဲ႔ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ဇာတ္ကားေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း မတ္လပိုင္းေလာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ုပ္ရွင္႐ုံေတြ ပိတ္ပစ္ခဲ့ရပါတယ္။ အဲ့လိုျဖစ္လာတာေၾကာင့္ အသစ္ထြက္လာမယ့္ ႐ုပ္ရွင္အမ်ားစုဟာ ေနာက္က်ကုန္ၿပီး ႐ုံတင္ရက္ေတြ ေ႐ႊ႕ကုန္ၾကပါတယ္။ အစပိုင္းမွာေတာ့ ႐ုပ္ရွင္အခ်ိဳ႕ဟာ လပိုင္းေလာက္ပဲ ေ႐ႊ႕ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အမ်ားစုဟာ အနည္းဆုံး ၂၀၂၁ခုႏွစ္ဆီကို ေ႐ႊ႕ကုန္ၾကပါတယ္။ ဒါေၾကာင့္ ၂၀၂၀မွာ ႐ုံတင္ရက္ သတ္မွတ္ထားတဲ့ ႐ုပ္ရွင္ေတြဟာ အနည္းငယ္သာ က်န္ရွိပါေတာ့တယ္။ အဲ့ဒါေၾကာင့္ လက္ရွိအခ်ိန္အထိ ၂၀၂၀မွာ ႐ုံတင္ရက္ သတ္မွတ္ထားတဲ့ ဇာတ္ကားေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Free Guy
photo via screenrant

ဒီဇာတ္ကားကေတာ့ ဒါ႐ိုက္တာ Shawn Levy က ႐ိုက္ကူးထားၿပီး Ryan Reynolds က အဓိက ပါဝင္သ႐ုပ္ေဆာင္ ထားပါတယ္။ ဇာတ္လမ္းနဲ႔ ပတ္သက္လို႔ အမ်ားႀကီး မသိရေသးဘဲ ဒီဇာတ္လမ္းဟာ ဗီဒီယိုဂိမ္းထဲမွာ အေျခခံထားတယ္လို႔ သိရပါတယ္။ အစတုန္းကေတာ့ Fox ဟာ ဒီ႐ုပ္ရွင္ကို ဇြန္လမွာ ႐ုံတင္ရက္ သတ္မွတ္ထားခဲ့ေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီဇင္ဘာလ(၁၁)ရက္ေန႔ကို ေ႐ႊ႕သြားခဲ့ပါတယ္။

Coming 2 America
photo via screenrant

Eddie Murphy အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Coming 2 America ကေတာ့ အစတုန္းက ၂၀၂၀ခုႏွစ္ ဩဂုတ္လမွာ ႐ုံတင္ဖို႔ စီစဥ္ထားခဲ့ပါတယ္။ ဒီဇာတ္ကားဟာလည္း တျဖည္းျဖည္းနဲ႔ ရက္ေ႐ႊ႕ရင္း ဒီဇင္ဘာလ(၁၈)ရက္ကို ေရာက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အေျခအေနေတြက မေကာင္းတာေၾကာင့္ ဒီဇာတ္လမ္းကို ႐ုံမတင္ေတာ့ဘဲ Amazon Prime မွာ ျပသသြားမယ္လို႔ သိရပါတယ္။

Death On The Nile
photo via screenrant

ဒီဇာတ္ကားကေတာ့ Murder on the Orient Express ရဲ႕ အဆက္ျဖစ္ၿပီးေတာ့ Kenneth Branaugh က အဓိက ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ ကေနၿပီးေတာ့ ၂၀၂၀ခုႏွစ္ ေအာက္တိုဘာလအထိ ႐ုံတင္ရက္ ေနာက္ဆုတ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာလည္း ၂၀၂၀ခုႏွစ္ ဒီဇင္ဘာလ (၁၈)ရက္ကို ေ႐ႊ႕သြားၿပီး အခုလက္ရွိအခ်ိန္အထိေတာ့ ႐ုံတင္ရက္က မေျပာင္းလဲေသးပါဘူး။

Soul
photo via screenrant

ဒီဇာတ္ကားကေတာ့ Pixar က ထုတ္လုပ္ထားၿပီး ၂၀၂၀ခုႏွစ္ ေႏြရာသီေလာက္မွာ ႐ုံတင္ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏိုဝင္ဘာလကို ေ႐ႊ႕သြားၿပီး ေနာက္ဆုံးမွာေတာ့ ဒီဇင္ဘာလ (၂၅)ရက္အထိ ေ႐ႊ႕ခဲ့ပါတယ္။ အခုခ်ိန္ထိလည္း ႐ုပ္ရွင္႐ုံေတြက ျပန္ဖြင့္ဖို႔ မေသခ်ာေသးတာေၾကာင့္ ဒီဇာတ္ကားကို Disney+ မွာ ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

Wonder Woman 1984
photo via screenrant

ဒီဇာတ္ကားဟာ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားတဲ့ Wonder Woman ရဲ႕ အဆက္ပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလတည္းက ႐ုံတင္ဖို႔ စီစဥ္ခဲ့တာ ျဖစ္ေပမယ့္လည္း တစ္ျခား႐ုပ္ရွင္ေတြလိုပဲ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ မျဖစ္မေန ႐ုံတင္ရက္ေတြကို ေ႐ႊ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ဆုံးမွာေတာ့ ၂၀၂၀ခုႏွစ္ ဒီဇင္ဘာလ (၂၅)ရက္ေန႔အထိ ေ႐ႊ႕ထားခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ႐ုံတင္ရက္က နီးကပ္ေနၿပီ ျဖစ္တာေၾကာင့္ ႐ုံတင္ရက္ကို ထပ္ၿပီးေတာ့ ေ႐ႊ႕ဦးမွာလား၊ ဒီဇင္ဘာလမွာပဲ ႐ုပ္ရွင္႐ုံမွာ ျပသြားမလားဆိုတာကေတာ့ မသိရေသးပါဘူး။

ဒါကေတာ့ လက္ရွိအခ်ိန္အထိ ၂၀၂၀ခုႏွစ္ထဲမွာ ထြက္ရွိဖို႔ စီစဥ္ထားတဲ့ ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ streaming service ေတြကေန ေျပာင္းလဲထုတ္လႊင့္သြားမယ့္ ဇာတ္ကားေတြကေတာ့ အေျပာင္းအလဲ သိပ္မရွိေလာက္ေပမယ့္ ႐ုံတင္ဖို႔ကိုပဲ ရည္႐ြယ္ထားတဲ့ကားေတြကေတာ့ အေျပာင္းအလဲေတြ ျဖစ္လာႏိုင္ပါေသးတယ္။ ၂၀၂၀ဟာ ႐ုပ္ရွင္ေလာကကိုလည္း အႀကီးအက်ယ္ ထိခိုက္ခဲ့တာေၾကာင့္ ႐ုပ္ရွင္ခ်စ္သူတစ္ေယာက္အေနနဲ႔ ကပ္ေရာဂါႀကီး အျမန္ဆုံး ၿပီးဆုံးၿပီး ႐ုပ္ရွင္႐ုံေတြမွာ အရင္လိုပဲ ၾကည့္ရႈခံစားႏိုင္မယ့္ေန႔ အျမန္ဆုံး ေရာက္ရွိပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular