HomeCelebs Update NewsInternationalAriana ၊ Miley နဲ႔ Lana တို႔သုံးေယာက္ေပါင္း လက္စြမ္းျပထားတဲ့ သီခ်င္းအသစ္ Don't Call Me Angel

Ariana ၊ Miley နဲ႔ Lana တို႔သုံးေယာက္ေပါင္း လက္စြမ္းျပထားတဲ့ သီခ်င္းအသစ္ Don’t Call Me Angel

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

စက္တင္ဘာလ(၁၃)ရက္ေန႔ မနက္ခင္းကမွ ထြက္ရိွလာတဲ့ သီခ်င္းအသစ္တစ္ပုဒ္ကေတာ့ ပ်စ္ႏွစ္ေနတဲ့ ဟင္းတစ္ခြက္ကို စားလိုက္ရသလို အီဆိမ့္သြားမယ့္ ခံစားမႈနဲ႔ လူေတြကို ရွဴးရွဴးရွားရွားျဖစ္သြားေအာင္ ျပဳစားလိုက္ပါၿပီ။

လက္ရိွ ေပါ့ပ္ေရစီးေၾကာင္းေပၚက စူပါအဆိုေတာ္သုံးေယာက္ ေပါင္းစပ္ဖန္တီးထားတဲ့ သီခ်င္းကေတာ့ Don’t Call Me Angel လို႔ အမည္ရပါတယ္။ ဒီသီခ်င္းဟာ Charlie’s Angels ဇာတ္ကားအတြက္ ရည္ညႊန္းသီဆိုထားတဲ့ ဇာတ္၀င္ေတးတစ္ပုဒ္လည္း ျဖစ္ပါတယ္။ သီဆိုထားသူေတြကေတာ့ Ariana Grande ၊ Miley Cyrus နဲ႔ Lana Del Rey တို႔ပဲ ျဖစ္ပါတယ္။ ဒီလိုထူးျခားတဲ့ အဆိုေတာ္သုံးေယာက္က ပူးေပါင္းဖန္တီးထားတာေၾကာင့္လည္း ထြက္ရိွၿပီး နာရီပိုင္းအတြင္းမွာတင္ ၾကည့္ရႈခံစားသူေပါင္း (၁၀)သန္းနီးပါး ရိွေနၿပီး YouTube ရဲ႕ Trending မွာ နံပါတ္(၁) ခ်ိတ္ေနပါတယ္။

သီခ်င္းအေၾကာင္းအရာကေတာ့ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ဘယ္သူကမွ လာအတင္စီးမခံတဲ့ သေဘာမ်ိဳး ဆိုထားတာပါ။ သီခ်င္းစာသားထဲက ထိမိေစတဲ့ စာသားအခ်ိဳ႕ကို ထုတ္ႏုတ္ျပရမယ္ဆိုရင္ေတာ့ … “ငါ့ကို နတ္သမီးေလးလို႔ မေခၚပါနဲ႔။ ငါ့အေၾကာင္း နင္မသိပါဘူး” … “ငါ့ကို နတ္သမီးေလးလို႔ လာမေခၚနဲ႔။ ငါ့ရဲ႕တန္ဖိုးကို နင္မတတ္ႏိုင္ဘူး” … “ကိုယ့္ပိုက္ဆံကိုယ္ရွာႏိုင္တယ္။ အဲ့ဒါေၾကာင့္ ငါ့နာမည္ကိုလည္း ေလးစားသမႈေလးနဲ႔ ေခၚလိုက္ ” … စတဲ့ အဓိပၸာယ္မ်ားပဲ ျဖစ္ပါတယ္။

သီခ်င္းဖြဲ႕စည္းပုံကလည္း သုံးေယာက္ရဲ႕ ကိုယ္ပိုင္စတိုင္လ္ကို သုံးကန္႔ခြဲၿပီး အခ်ိဳးညီညီ ျပန္လည္ေဖ်ာ္စပ္ထားသလိုပါပဲ။ Ariana ရဲ႕ အပိုဒ္ေတြကေတာ့ သူမရဲ႕စတိုင္လ္ေတြအတိုင္း sweet ျဖစ္ပါတယ္။ ဒီလိုနဲ႔ တမ္ပိုက Miley ရဲ႕အပိုဒ္ေတြမွာ တက္သြားၿပီး Lana ရဲ႕အပိုဒ္ေတြမွာေတာ့ dreamy ဆန္ဆန္မုဒ္ေလးနဲ႔ တစ္ဖက္သားကို ခနဲ႔လိုက္လို႔ရသြားတဲ့ ေက်နပ္မႈမ်ိဳးေလး ခံစားရမွာပါ။

 

စာဖတ္သူတို႔ ႏွစ္သက္မယ္လို႔ ထင္ပါတယ္။ သီခ်င္းေလး နားေထာင္ၿပီးရင္ အျမင္ေလးေတြလည္း ေျပာခဲ့ပါဦး။

LaNina

(ဆံရစ္၀ိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရိွဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

စက်တင်ဘာလ(၁၃)ရက်နေ့ မနက်ခင်းကမှ ထွက်ရှိလာတဲ့ သီချင်းအသစ်တစ်ပုဒ်ကတော့ ပျစ်နှစ်နေတဲ့ ဟင်းတစ်ခွက်ကို စားလိုက်ရသလို အီဆိမ့်သွားမယ့် ခံစားမှုနဲ့ လူတွေကို ရှူးရှူးရှားရှားဖြစ်သွားအောင် ပြုစားလိုက်ပါပြီ။

လက်ရှိ ပေါ့ပ်ရေစီးကြောင်းပေါ်က စူပါအဆိုတော်သုံးယောက် ပေါင်းစပ်ဖန်တီးထားတဲ့ သီချင်းကတော့ Don’t Call Me Angel လို့ အမည်ရပါတယ်။ ဒီသီချင်းဟာ Charlie’s Angels ဇာတ်ကားအတွက် ရည်ညွှန်းသီဆိုထားတဲ့ ဇာတ်ဝင်တေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ သီဆိုထားသူတွေကတော့ Ariana Grande ၊ Miley Cyrus နဲ့ Lana Del Rey တို့ပဲ ဖြစ်ပါတယ်။ ဒီလိုထူးခြားတဲ့ အဆိုတော်သုံးယောက်က ပူးပေါင်းဖန်တီးထားတာကြောင့်လည်း ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာတင် ကြည့်ရှုခံစားသူပေါင်း (၁၀)သန်းနီးပါး ရှိနေပြီး YouTube ရဲ့ Trending မှာ နံပါတ်(၁) ချိတ်နေပါတယ်။

သီချင်းအကြောင်းအရာကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်သူကမှ လာအတင်စီးမခံတဲ့ သဘောမျိုး ဆိုထားတာပါ။ သီချင်းစာသားထဲက ထိမိစေတဲ့ စာသားအချို့ကို ထုတ်နုတ်ပြရမယ်ဆိုရင်တော့ … “ငါ့ကို နတ်သမီးလေးလို့ မခေါ်ပါနဲ့။ ငါ့အကြောင်း နင်မသိပါဘူး” … “ငါ့ကို နတ်သမီးလေးလို့ လာမခေါ်နဲ့။ ငါ့ရဲ့တန်ဖိုးကို နင်မတတ်နိုင်ဘူး” … “ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင်တယ်။ အဲ့ဒါကြောင့် ငါ့နာမည်ကိုလည်း လေးစားသမှုလေးနဲ့ ခေါ်လိုက် ” … စတဲ့ အဓိပ္ပာယ်များပဲ ဖြစ်ပါတယ်။

သီချင်းဖွဲ့စည်းပုံကလည်း သုံးယောက်ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို သုံးကန့်ခွဲပြီး အချိုးညီညီ ပြန်လည်ဖျော်စပ်ထားသလိုပါပဲ။ Ariana ရဲ့ အပိုဒ်တွေကတော့ သူမရဲ့စတိုင်လ်တွေအတိုင်း sweet ဖြစ်ပါတယ်။ ဒီလိုနဲ့ တမ်ပိုက Miley ရဲ့အပိုဒ်တွေမှာ တက်သွားပြီး Lana ရဲ့အပိုဒ်တွေမှာတော့ dreamy ဆန်ဆန်မုဒ်လေးနဲ့ တစ်ဖက်သားကို ခနဲ့လိုက်လို့ရသွားတဲ့ ကျေနပ်မှုမျိုးလေး ခံစားရမှာပါ။

 

စာဖတ်သူတို့ နှစ်သက်မယ်လို့ ထင်ပါတယ်။ သီချင်းလေး နားထောင်ပြီးရင် အမြင်လေးတွေလည်း ပြောခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular