HomeCelebs Update NewsInternationalStay Home ဘဝအကြောင်းကို စပ်ဆိုထားတဲ့ JBနဲ့Ariana တို့ရဲ့သီချင်းသစ်Stuck With You

Stay Home ဘဝအကြောင်းကို စပ်ဆိုထားတဲ့ JBနဲ့Ariana တို့ရဲ့သီချင်းသစ်Stuck With You

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justin Bieber နဲ့ Ariana Grande တို့နှစ်ယောက်ကတော့ လက်ရှိ တစ်ကမ္ဘာလုံးက ပြည်သူတွေ ရင်ဆိုင်နေရတဲ့ Stay Home ဘဝအခြေအနေအကြောင်း ပေါ်လွင်စေမယ့် သီချင်းအသစ်တစ်ပုဒ်ကို ထုတ်လွှင့်လိုက်ပါတယ်။

Stuck With You လို့ အမည်ရတဲ့ သီချင်းသစ်ကို JB နဲ့ Ariana တို့က တွဲဖက်သီဆိုထားတာ ဖြစ်ပါတယ်။ သီချင်းပုံစံကတော့ slow jam ပုံစံ အနှေး၊အငြိမ့်လေး သွားထားတာ တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူတွေအကုန်လုံး အိမ်တွေထဲမှာ ပိတ်မိနေရတဲ့အချိန်မှာ စိတ်သက်သာရာရစေမယ့် ခံစားချက်မျိုးကို ပေးထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

သီချင်းအဓိပ္ပာယ်ကတော့ “တစ်ခြားဘယ်သူမှ မရှိဘဲ မင်းနဲ့ကိုယ် နှစ်ယောက်တည်းသာ ရှိနေတော့တယ်။ တစ်ခြားအစီအစဉ်တွေ အားလုံးဖျက်လိုက်ရလည်း ကိစ္စမရှိပါဘူး အချစ်ရေ …။ မင်းနဲ့ငါ နှစ်ယောက်တည်း ဒီအိမ်ထဲမှာ အချစ်တွေနဲ့ တူတူပိတ်မိနေလိုက်ကြမယ်။ တို့တွေ ဒီ့ထက်လည်း ပိုပြီးမတိုက်နိုင်တော့ပါဘူး။ အိမ်တံခါးကိုသာ လော့ခ်ချပြီး ဒီမှာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲ။ အဲ့တော့ မင်းပဲ ငါ့ကို ရူးချင်အောင် လုပ်ချင်လည်း လုပ်ပါတော့။ ငါတော့ မင်းနဲ့တူတူပဲ ဒီအိမ်ထဲမှာ ပိတ်မိနေတော့မယ်… ” လို့ သီဆိုထားကြတာ ဖြစ်ပါတယ်။

Photo: haileybieber/ Instagram

ဒီသီချင်းဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် အလှူလုပ်မယ့်သီချင်းလည်း ဖြစ်ပါတယ်။ သီချင်းကို နားထောင်တာ၊ ရှဲတာ၊ ဒေါင်းလုဒ်လုပ်တာ၊ ဝယ်ယူတာတွေကနေ ရရှိလာမယ့် အမြတ်ငွေတွေအားလုံးကို First Responders Children ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ဖောင်ဒေးရှင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကနေ တိုက်ခိုက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာဝန်ထမ်းတွေ၊ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေရဲ့ ကလေးတွေအတွက် ပညာရေးစရိတ်တွေကို တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

သီချင်းရဲ့ music video မှာတော့ JB တို့ဇနီးမောင်နှံနဲ့ Ariana တို့အပြင် ဆယ်လီအချို့နဲ့ ပရိသတ်များစွာရဲ့ stay home ကာလပုံရိပ်များကို ထည့်သွင်းပြသထားပါတယ်။ MV ထဲမှာ cameo အဖြစ် ပါဝင်ထားကြတဲ့ ဆယ်လီတွေကတော့ Kylie Jenner နဲ့  Kendall Jenner တို့ညီအစ်မ၊ Ashton Kutcher နဲ့ Mila Kunis တို့စုံတွဲ၊ Chance the Rapper ၊ Jaden Smith ၊ Gwyneth Paltrow နဲ့ အခြားနာမည်ကျော်များ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Justin Bieber နဲ႔ Ariana Grande တို႔ႏွစ္ေယာက္ကေတာ့ လက္ရွိ တစ္ကမာၻလုံးက ျပည္သူေတြ ရင္ဆိုင္ေနရတဲ့ Stay Home ဘဝအေျခအေနအေၾကာင္း ေပၚလြင္ေစမယ့္ သီခ်င္းအသစ္တစ္ပုဒ္ကို ထုတ္လႊင့္လိုက္ပါတယ္။

Stuck With You လို႔ အမည္ရတဲ့ သီခ်င္းသစ္ကို JB နဲ႔ Ariana တို႔က တြဲဖက္သီဆိုထားတာ ျဖစ္ပါတယ္။ သီခ်င္းပုံစံကေတာ့ slow jam ပုံစံ အေႏွး၊အၿငိမ့္ေလး သြားထားတာ ေတြ႕ရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ လူေတြအကုန္လုံး အိမ္ေတြထဲမွာ ပိတ္မိေနရတဲ့အခ်ိန္မွာ စိတ္သက္သာရာရေစမယ့္ ခံစားခ်က္မ်ိဳးကို ေပးထားတဲ့ သီခ်င္းေလး ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

သီခ်င္းအဓိပၸာယ္ကေတာ့ “တစ္ျခားဘယ္သူမွ မရွိဘဲ မင္းနဲ႔ကိုယ္ ႏွစ္ေယာက္တည္းသာ ရွိေနေတာ့တယ္။ တစ္ျခားအစီအစဥ္ေတြ အားလုံးဖ်က္လိုက္ရလည္း ကိစၥမရွိပါဘူး အခ်စ္ေရ …။ မင္းနဲ႔ငါ ႏွစ္ေယာက္တည္း ဒီအိမ္ထဲမွာ အခ်စ္ေတြနဲ႔ တူတူပိတ္မိေနလိုက္ၾကမယ္။ တို႔ေတြ ဒီ့ထက္လည္း ပိုၿပီးမတိုက္ႏိုင္ေတာ့ပါဘူး။ အိမ္တံခါးကိုသာ ေလာ့ခ္ခ်ၿပီး ဒီမွာ မင္းနဲ႔ငါ ႏွစ္ေယာက္တည္းပဲ။ အဲ့ေတာ့ မင္းပဲ ငါ့ကို ႐ူးခ်င္ေအာင္ လုပ္ခ်င္လည္း လုပ္ပါေတာ့။ ငါေတာ့ မင္းနဲ႔တူတူပဲ ဒီအိမ္ထဲမွာ ပိတ္မိေနေတာ့မယ္… ” လို႔ သီဆိုထားၾကတာ ျဖစ္ပါတယ္။

Photo: haileybieber/ Instagram

ဒီသီခ်င္းဟာ ကို႐ိုနာဗိုင္းရပ္စ္အတြက္ အလႉလုပ္မယ့္သီခ်င္းလည္း ျဖစ္ပါတယ္။ သီခ်င္းကို နားေထာင္တာ၊ ရွဲတာ၊ ေဒါင္းလုဒ္လုပ္တာ၊ ဝယ္ယူတာေတြကေန ရရွိလာမယ့္ အျမတ္ေငြေတြအားလုံးကို First Responders Children ေဖာင္ေဒးရွင္းကို လႉဒါန္းသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီ့ေဖာင္ေဒးရွင္းကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကို ေရွ႕တန္းကေန တိုက္ခိုက္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ေဆးပညာဝန္ထမ္းေတြ၊ အေရးေပၚကယ္ဆယ္ေရးဝန္ထမ္းေတြ၊ ရဲအရာရွိေတြနဲ႔ မီးသတ္သမားေတြရဲ႕ ကေလးေတြအတြက္ ပညာေရးစရိတ္ေတြကို တာဝန္ယူေပးသြားမွာ ျဖစ္ပါတယ္။

သီခ်င္းရဲ႕ music video မွာေတာ့ JB တို႔ဇနီးေမာင္ႏွံနဲ႔ Ariana တို႔အျပင္ ဆယ္လီအခ်ိဳ႕နဲ႔ ပရိသတ္မ်ားစြာရဲ႕ stay home ကာလပုံရိပ္မ်ားကို ထည့္သြင္းျပသထားပါတယ္။ MV ထဲမွာ cameo အျဖစ္ ပါဝင္ထားၾကတဲ့ ဆယ္လီေတြကေတာ့ Kylie Jenner နဲ႔  Kendall Jenner တို႔ညီအစ္မ၊ Ashton Kutcher နဲ႔ Mila Kunis တို႔စုံတြဲ၊ Chance the Rapper ၊ Jaden Smith ၊ Gwyneth Paltrow နဲ႔ အျခားနာမည္ေက်ာ္မ်ား ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular