HomeCelebs Update NewsInternational၂၀၁၉ ဇူလိုင်လ စတုတ္ထပတ်အတွက် အသစ်ထွက် သီချင်းကောင်းများ (နိုင်ငံတကာ)

၂၀၁၉ ဇူလိုင်လ စတုတ္ထပတ်အတွက် အသစ်ထွက် သီချင်းကောင်းများ (နိုင်ငံတကာ)

၂၀၁၉ခုနှစ်ရဲ့ ဇူလိုင်လ စတုတ္ထပတ်ကို ကျော်လွန်ကုန်ဆုံးခဲ့ပြီမို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံတကာသီချင်းအသစ်များထဲက ကောင်းနိုးရာရာများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Taylor Swift (The Archer)

Taylor Swift ရဲ့ အယ်လ်ဘမ်အသစ် ME ထဲက တတိယမြောက် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ ဇူလိုင်လ(၂၃)ရက်နေ့က ထွက်ရှိထားတဲ့ Lyrics Video ဖြစ်ပြီး လက်ရှိမှာ နားဆင်သူပေါင်း (၈)သန်းကျော် ရှိနေပါတယ်။

 

Alan Walker (Unity)

ဇူလိုင်လ(၂၀)ရက်နေ့က ထွက်ရှိထားတဲ့ Alan Walker ရဲ့ သီချင်းအသစ် ဖြစ်ပါတယ်။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၈.၃)သန်း ရှိနေပါပြီ။

Martin Garrix feat. JRM – These Are The Times

ဇူလိုင်လ(၁၈)ရက်နေ့က ထွက်ရှိထားတဲ့ Martin Garrix နဲ့ JRM တို့ရဲ့ သီချင်းအသစ် ဖြစ်ပါတယ်။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂)သန်းကျော် ရှိနေပါတယ်။

 

The Chainsmokers & ILLENIUM ft. Lennon Stella (Takeaway)

ဇူလိုင်လ(၂၄)ရက်နေ့က ထွက်ရှိထားတဲ့ သီချင်းအသစ်ဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၆)သန်းကျော် ရှိနေပါတယ်။

Sech – Otro Trago (Remix) ft. Darell, Nicky Jam, Ozuna, Anuel AA

လက်တင်သီချင်း ကြိုက်သူများအတွက် နားထောင်ကိုထောင်ရမယ့် သီချင်းဖြစ်ပါတယ်။ ဇူလိုင်လ (၂၆)ရက်နေ့က ထွက်ရှိထားတဲ့ Audio ဖြစ်ပြီး လက်ရှိမှာ နားဆင်သူပေါင်း (၁၅)သန်းကျော် ရှိနေပါတယ်။

 

Slipknot (Solway Firth)

Solway Firth လို့ အမည်ရတဲ့ ဒီသီချင်းဟာ Slipknot ရဲ့ ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် “We Are Not Your Kind” ထဲက ဒုတိယမြောက် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းဟာ Solway Firth Spaceman ဆိုတဲ့အဖြစ်အပျက်ကို အရင်းခံထားတာပါ။ ဓာတ်ပုံဆရာတစ်ယောက်က ရိုက်ကူးလိုက်တဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံမှာ မူလက နောက်ခံနေရာမှာ ဘာမှမရှိပေမယ့် နောက်ပိုင်းမှာ အာကာသ၀တ်စုံနဲ့ လူတစ်ယောက်ပါလာပြီး အဲ့ဒီ့ဓာတ်ပုံက နာမည်ကြီးသွားခဲ့ပါတယ်။ သတင်းအမှားဖြန့်ချိတာတွေ၊ ဇာတ်လမ်းထွင်ပြောတာတွေနဲ့ ပတ်သက်ပြီး သီဆိုထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဇူလိုင်လ(၂၂)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၇)သန်းကျော် ရှိနေပါတယ်။

 

Korn (You’ll Never Find Me)

Korn ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ The Nothing ထဲက သုံးပုဒ်မြောက်သီချင်း ဖြစ်ပါတယ်။ ဇူလိုင်လ(၁၈)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂)သန်းကျော် ရှိနေပါတယ်။

Chris Brown ft. Drake (No Guidance)

Chris Brown ရဲ့ အယ်လ်ဘမ်အသစ် “Indigo” ထဲက (၁၁)ပုဒ်မြောက်သီချင်း ဖြစ်ပါတယ်။ Indigo အယ်လ်ဘမ်ဟာ သီချင်းအပုဒ်ပေါင်း (၃၃)ပုဒ် ပါဝင်တဲ့ အယ်လ်ဘမ်တစ်ချပ်လည်း ဖြစ်ပါတယ်။ ဒီသီချင်းကို ဇူလိုင်လ(၂၆)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁၅.၃)သန်းကျော် ရှိနေပါတယ်။

Machine Gun Kelly  (el Diablo)

El Diablo ဟာ MGK ရဲ့ စတုတ္ထအယ်လ်ဘမ်ဖြစ်တဲ့ “Hotel Diablo” ထဲက ဒုတိယမြောက် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ ဇူလိုင်လ(၂၅)ရက်နေ့က ထွက်ရှိထားတဲ့သီချင်းဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၃)သန်းကျော် ရှိနေပါတယ်။

 

Travis Scott (Wake Up)

ဒီသီချင်းဟာ Travis Scott ရဲ့ အယ်လ်ဘမ်အသစ် “Astroworld” ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး The Weeknd က Featuring ၀င်ရောက်သီဆိုပေးထားပေမယ့် သီချင်းခေါင်းစဉ်မှာတော့ နာမည်ကို ထည့်သွင်းထားခြင်း မရှိပါဘူး။ အစပိုင်းမှာ ဒီသီချင်းကို The Weeknd ရဲ့ “My Dear Melancholy” လို့ အမည်ရတဲ့ EP ထဲမှာထည့်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် EP နဲ့ မလိုက်ဖူးလို့ ထင်လို့ Travis ရဲ့ အယ်လ်ဘမ်ထဲမှာ ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဇူလိုင်လ(၂၅)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၃.၆)သန်း ရှိနေပါတယ်။

 

NF (Leave Me Alone)

ဒီသီချင်းဟာ NF ရဲ့ အယ်လ်ဘမ်အသစ် The Search ထဲက ဒုတိယမြောက်သီချင်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ နာမည်ကျော်ကြားမှုနဲ့ ပတ်သက်လို့ သူ့ကို ဆွဲမထည့်ကြဖို့နဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သီဆိုထားတာပါ။ ဇူလိုင်လ(၂၅)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၂)သန်းကျော် ရှိနေပါတယ်။

 

ဒါတွေကတော့ ဇူလိုင်လ စတုတ္ထပတ်အတွက် စုစည်းပေးထားတဲ့ နိုင်ငံတကာသီချင်းများ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်အားပေးကြပါဦး။

Xei

 

RELATED ARTICLES

Most Popular