HomeCelebs Update NewsInternational၂၀၁၉ ဇူလိုင္လ တတိယပတ္အတြက္ အသစ္ထြက္ သီခ်င္းေကာင္းမ်ား

၂၀၁၉ ဇူလိုင္လ တတိယပတ္အတြက္ အသစ္ထြက္ သီခ်င္းေကာင္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ဇူလိုင္လရဲ႕ တတိယပတ္ကို ေရာက္ရိွလာျပန္ၿပီမို႔ က်န္ခဲ့တဲ့တစ္ပတ္အတြင္း ထြက္ရိွခဲ့တဲ့ ႏိုင္ငံတကာသီခ်င္းမ်ားထဲက ေကာင္းႏိုးရာရာ အသစ္စက္စက္ သီခ်င္းမ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

How Do You Sleep? (Sam Smith)

အသည္းကြဲ ballads ေတြကေန ရုန္းထြက္ေတာ့မယ္လို႔ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ Sam ေျပာခဲ့သလိုပဲ ဒီသီခ်င္းမွာလည္း မေမွ်ာ္လင့္ထားတဲ့ surprise ကို ေတြ႕ရမွာပါ။ အဲ့ဒါကေတာ့ အိပ္မက္ဆန္ဆန္ bop-beat ေတြကို သုံးထားတဲ့ သံစဥ္နဲ႔အတူ ႏြဲ႔ေႏွာင္းစြာ ကျပႏိုင္တဲ့ Sam ရဲ႕ ကကြက္ေတြပါပဲ။ ဇူလိုင္လ(၁၈)ရက္ေန႔ကမွ ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ လူေပါင္း(၁၇)သန္းေက်ာ္က ၾကည့္ရႈနားဆင္ထားပါတယ္။ ေအာက္က ဗီြဒီယိုေလးကို ကလစ္ႏွိပ္ၿပီး နားဆင္ၾကည့္လိုက္ပါဦး။

SPIRIT from Disney’s The Lion King (Beyonce)

လက္ရိွ ရုံတင္ျပသေနတဲ့ The Lion King ရုပ္ရွင္ဇာတ္ကားထဲက ဇာတ္၀င္သီခ်င္းျဖစ္ပါတယ္။ ဒီသီခ်င္းမွာေတာ့ Beyonce ဟာ သူမရဲ႕သမီးေလး Blue Ivy ကိုပါ cameo အေနနဲ႔ ထည့္ရိုက္ထားပါတယ္။ ေတာေတာင္သဘာ၀ေတြနဲ႔ The Lion King ထဲက ဇာတ္၀င္ခန္းအခ်ိဳ႕ကိုပါ ရႈစားၾကရမွာပါ။ ဒီသီခ်င္းေလးကိုေတာ့ ဇူလိုင္လ (၁၆)ရက္ေန႔က ထြက္ရိွထားတာပါ။ လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၁၇)သန္းေက်ာ္ ရိွေနပါတယ္။

Hate Me (Ellie Goulding, Juice WRLD)

ဇူလိုင္လ(၁၇)ရက္ေန႔က ထြက္ရိွထားတဲ့ သီခ်င္းေလးျဖစ္ၿပီး Ellie Goulding ရဲ႕ Flux ဆိုတဲ့အယ္လ္ဘမ္ထဲက ေလးပုဒ္ေျမာက္ ဆင္ဂယ္လ္သီခ်င္း ျဖစ္ပါတယ္။ ဒါဟာ Ellie နဲ႔ Juice WRLD တို႔ ပူးေပါင္းဖန္တီးျဖစ္တဲ့ ပထမဆုံးေသာ သီခ်င္းလည္း ျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာကေတာ့ ေခါင္းထဲက ထုတ္လို႔မရႏိုင္ေအာင္ ခ်စ္မိေနလို႔ မုန္းတဲ့အေၾကာင္း ေျပာေျပာေနတဲ့ ex အေၾကာင္းကို သီဆိုထားတာပါ။ လက္ရိွမွာ ၾကည့္ရႈနားဆင္သူ (၉)သန္းေက်ာ္ေနပါၿပီ။

One Thing Right (Marshmello & Kane Brown)

ဒီသီခ်င္းဟာ Marshmello နဲ႔ Kane Brown တို႔ ပူးေပါင္းဖန္တီးျဖစ္တဲ့ ပထမဆုံးေသာ သီခ်င္းျဖစ္ၿပီး Marshmello အေနနဲ႔ country အဆိုေတာ္တစ္ေယာက္နဲ႔ ပထမဆုံး ပူးေပါင္းဖန္တီးဖူးတဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာကေတာ့ Kane Brown ဟာ သူ႔ဘ၀မွာ အမွားမ်ားစြာကို ျပဳလုပ္ခဲ့ဖူးေပမယ့္ သူ႔ရဲ႕ဇနီးအေပၚမွာ အမွားမလုပ္ခဲ့ဖူးတာသာလွ်င္ သူ႔ဘ၀ရဲ႕ တစ္ခုတည္းေသာ အမွန္တစ္ရားတစ္ခု ျဖစ္တယ္ဆိုတာကို သီဆိုထားတာပါ။ ဇူလိုင္လ(၁၈)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈသူ (၂)သန္းေက်ာ္ ရိွေနပါတယ္။

I Fell In Love With The Devil (Avril Lavigne)

ဒီသီခ်င္းေလးကေတာ့ Avril ရဲ႕ ေျခာက္ေခြေျမာက္အယ္လ္ဘမ္ Head Above Water ထဲက သုံးပုဒ္ေျမာက္သီခ်င္း ျဖစ္ပါတယ္။ အဆိပ္သင့္ေစတဲ့ Relationship တစ္ခုကို ဖက္တြယ္ထားရာက ရရိွလာတဲ့ ဒဏ္ရာေတြအေၾကာင္း သီဆိုထားတဲ့သီခ်င္းေလးျဖစ္ၿပီး သူမရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္တဲ့ တကယ့္ ခံစားခ်က္အမွန္ကို သီဆိုထားတာပါ။ ဇူလိုင္လ(၁၅)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၅)သန္းေက်ာ္ ရိွေနပါတယ္။

New Look (Rita Ora)

Rita Ora ရဲ႕ အယ္လ္ဘမ္အသစ္ Phoenix ထဲက သုံးပုဒ္ေျမာက္သီခ်င္း ျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာကေတာ့ သူမအေပၚ သစၥာမရိွတဲ့ခ်စ္သူတစ္ေယာက္အေၾကာင္းကို သီဆိုထားတာပါ။ ဇူလိုင္လ(၁၅)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၃)သန္းေက်ာ္ ရိွေနပါတယ္။

Main Attraction (Jeremy Renner)

Avengers စူပါဟီးရိုးေတြထဲက Hawkeye အျဖစ္ သရုပ္ေဆာင္ထားတဲ့ မင္းသား Jeremy Renner ကေတာ့ သူ႔ရဲ႕မေခလွတဲ့ ဂီတစြမ္းရည္ကို ျပသလိုက္ပါၿပီ။ Main Attraction လို႔ အမည္ရတဲ့ ဒီသီခ်င္းေလးကေတာ့ ခ်စ္သူနဲ႔အတူ လြတ္လပ္တဲ့ ကမာၻေျမႀကီးေပၚမွာ အတူတူ ျဖတ္သန္းၾကမယ္ဆိုတဲ့ အဓိပၸာယ္ေလးပါ။ ဇူလိုင္လ(၁၁)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၂)သန္းေက်ာ္ ရိွေနပါတယ္။

Long Flight (Taeyong)

ဒီသီခ်င္းဟာ S.M. STATION SEASON 3 ရဲ႕ ေနာက္ဆုံးအပုဒ္ျဖစ္ၿပီး NCT 127 အဖြဲ႔ရဲ႕ေခါင္းေဆာင္ Taeyong ရဲ႕ ပထမဦးဆုံးေသာ solo သီခ်င္းလည္း ျဖစ္ပါတယ္။ သီခ်င္းရဲ႕သံစဥ္နဲ႔ စာသားကို ေရးဖြဲ႔ရာမွာ Taeyong ကိုယ္တိုင္လည္း ပါ၀င္ထားၿပီး ေလယာဥ္စီးရာက ရလာတဲ့ ခံစားခ်က္ကို အေျခခံ ေရးဖြဲ႔ထားတာပါ။ ဇူလိုင္လ (၁၈)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၂)သန္းေက်ာ္ ရိွေနပါတယ္။

Humph! (PENTAGON Prod. by GIRIBOY)

PENTAGON ရဲ႕ SUM(ME:R) မီနီအယ္လ္ဘမ္ထဲက ပထမဆုံးေသာ သီခ်င္းျဖစ္ပါတယ္။ ဒီသီခ်င္းကို GIRIBOY က ပရိုဂ်ဴဆာလုပ္ေပးထားတာပါ။ ဇူလိုင္လ(၁၇)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၁)သန္းေက်ာ္ ရိွေနပါၿပီ။

Be My Love (EXO-CBX)

EXO-CBX ရဲ႕ Be My Love MV ေလးကေတာ့ ဇူလိုင္လ(၁၇)ရက္ေန႔က ထြက္ရိွထားတာပါ။ လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၂)သိန္းနီးပါး ရိွေနပါၿပီ။

Just Us 2 (EXO-SC Featuring Gaeko)

ဇူလိုင္လ(၂၂)ရက္ေန႔မွာ ထြက္ရိွမယ့္ EXO-SC ရဲ႕ ပထမဆုံး မီနီအယ္လ္ဘမ္ထဲက ဒုတိယေျမာက္ သီခ်င္းျဖစ္ပါတယ္။ ဒီသီခ်င္းရဲ႕ စာသားကို Boi B ၊ Chanyeol (EXO) နဲ႔ Sehun (EXO) တို႔က ေရးဖြဲ႔ထားၿပီး သံစဥ္ကိုေတာ့ Gaeko နဲ႔ GRAY (Korean) တုိ႔က ေရးဖြဲ႕ဖန္တီးထားပါတယ္။ ဒီ MV ကို ဇူလိုင္လ(၂၀)ရက္ေန႔က ထုတ္လႊင့္ထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၇)သိန္းေက်ာ္ ရိွေနပါတယ္။

ဒါေတြကေတာ့ ၂၀၁၉ခုႏွစ္ ဇူလိုင္လ တတိယပတ္အတြက္ အသစ္ထြက္ထားတဲ့ ေကာင္းႏိုးရာရာ သီခ်င္းအသစ္မ်ားကို စုစည္းေဖာ္ျပေပးထားတာပါ။ အားလုံးပဲ အႀကိဳက္ေတြ႔ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Xei

(Unicode Version)

ဇူလိုင်လရဲ့ တတိယပတ်ကို ရောက်ရှိလာပြန်ပြီမို့ ကျန်ခဲ့တဲ့တစ်ပတ်အတွင်း ထွက်ရှိခဲ့တဲ့ နိုင်ငံတကာသီချင်းများထဲက ကောင်းနိုးရာရာ အသစ်စက်စက် သီချင်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

How Do You Sleep? (Sam Smith)

အသည်းကွဲ ballads တွေကနေ ရုန်းထွက်တော့မယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Sam ပြောခဲ့သလိုပဲ ဒီသီချင်းမှာလည်း မမျှော်လင့်ထားတဲ့ surprise ကို တွေ့ရမှာပါ။ အဲ့ဒါကတော့ အိပ်မက်ဆန်ဆန် bop-beat တွေကို သုံးထားတဲ့ သံစဉ်နဲ့အတူ နွဲ့နှောင်းစွာ ကပြနိုင်တဲ့ Sam ရဲ့ ကကွက်တွေပါပဲ။ ဇူလိုင်လ(၁၈)ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ လူပေါင်း(၁၇)သန်းကျော်က ကြည့်ရှုနားဆင်ထားပါတယ်။ အောက်က ဗွီဒီယိုလေးကို ကလစ်နှိပ်ပြီး နားဆင်ကြည့်လိုက်ပါဦး။

SPIRIT from Disney’s The Lion King (Beyonce)

လက်ရှိ ရုံတင်ပြသနေတဲ့ The Lion King ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဖြစ်ပါတယ်။ ဒီသီချင်းမှာတော့ Beyonce ဟာ သူမရဲ့သမီးလေး Blue Ivy ကိုပါ cameo အနေနဲ့ ထည့်ရိုက်ထားပါတယ်။ တောတောင်သဘာဝတွေနဲ့ The Lion King ထဲက ဇာတ်ဝင်ခန်းအချို့ကိုပါ ရှုစားကြရမှာပါ။ ဒီသီချင်းလေးကိုတော့ ဇူလိုင်လ (၁၆)ရက်နေ့က ထွက်ရှိထားတာပါ။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁၇)သန်းကျော် ရှိနေပါတယ်။

Hate Me (Ellie Goulding, Juice WRLD)

ဇူလိုင်လ(၁၇)ရက်နေ့က ထွက်ရှိထားတဲ့ သီချင်းလေးဖြစ်ပြီး Ellie Goulding ရဲ့ Flux ဆိုတဲ့အယ်လ်ဘမ်ထဲက လေးပုဒ်မြောက် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ ဒါဟာ Ellie နဲ့ Juice WRLD တို့ ပူးပေါင်းဖန်တီးဖြစ်တဲ့ ပထမဆုံးသော သီချင်းလည်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ခေါင်းထဲက ထုတ်လို့မရနိုင်အောင် ချစ်မိနေလို့ မုန်းတဲ့အကြောင်း ပြောပြောနေတဲ့ ex အကြောင်းကို သီဆိုထားတာပါ။ လက်ရှိမှာ ကြည့်ရှုနားဆင်သူ (၉)သန်းကျော်နေပါပြီ။

One Thing Right (Marshmello & Kane Brown)

ဒီသီချင်းဟာ Marshmello နဲ့ Kane Brown တို့ ပူးပေါင်းဖန်တီးဖြစ်တဲ့ ပထမဆုံးသော သီချင်းဖြစ်ပြီး Marshmello အနေနဲ့ country အဆိုတော်တစ်ယောက်နဲ့ ပထမဆုံး ပူးပေါင်းဖန်တီးဖူးတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ Kane Brown ဟာ သူ့ဘဝမှာ အမှားများစွာကို ပြုလုပ်ခဲ့ဖူးပေမယ့် သူ့ရဲ့ဇနီးအပေါ်မှာ အမှားမလုပ်ခဲ့ဖူးတာသာလျှင် သူ့ဘဝရဲ့ တစ်ခုတည်းသော အမှန်တစ်ရားတစ်ခု ဖြစ်တယ်ဆိုတာကို သီဆိုထားတာပါ။ ဇူလိုင်လ(၁၈)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုသူ (၂)သန်းကျော် ရှိနေပါတယ်။

I Fell In Love With The Devil (Avril Lavigne)

ဒီသီချင်းလေးကတော့ Avril ရဲ့ ခြောက်ခွေမြောက်အယ်လ်ဘမ် Head Above Water ထဲက သုံးပုဒ်မြောက်သီချင်း ဖြစ်ပါတယ်။ အဆိပ်သင့်စေတဲ့ Relationship တစ်ခုကို ဖက်တွယ်ထားရာက ရရှိလာတဲ့ ဒဏ်ရာတွေအကြောင်း သီဆိုထားတဲ့သီချင်းလေးဖြစ်ပြီး သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ တကယ့် ခံစားချက်အမှန်ကို သီဆိုထားတာပါ။ ဇူလိုင်လ(၁၅)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅)သန်းကျော် ရှိနေပါတယ်။

New Look (Rita Ora)

Rita Ora ရဲ့ အယ်လ်ဘမ်အသစ် Phoenix ထဲက သုံးပုဒ်မြောက်သီချင်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ သူမအပေါ် သစ္စာမရှိတဲ့ချစ်သူတစ်ယောက်အကြောင်းကို သီဆိုထားတာပါ။ ဇူလိုင်လ(၁၅)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၃)သန်းကျော် ရှိနေပါတယ်။

Main Attraction (Jeremy Renner)

Avengers စူပါဟီးရိုးတွေထဲက Hawkeye အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Jeremy Renner ကတော့ သူ့ရဲ့မခေလှတဲ့ ဂီတစွမ်းရည်ကို ပြသလိုက်ပါပြီ။ Main Attraction လို့ အမည်ရတဲ့ ဒီသီချင်းလေးကတော့ ချစ်သူနဲ့အတူ လွတ်လပ်တဲ့ ကမ္ဘာမြေကြီးပေါ်မှာ အတူတူ ဖြတ်သန်းကြမယ်ဆိုတဲ့ အဓိပ္ပာယ်လေးပါ။ ဇူလိုင်လ(၁၁)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂)သန်းကျော် ရှိနေပါတယ်။

Long Flight (Taeyong)

ဒီသီချင်းဟာ S.M. STATION SEASON 3 ရဲ့ နောက်ဆုံးအပုဒ်ဖြစ်ပြီး NCT 127 အဖွဲ့ရဲ့ခေါင်းဆောင် Taeyong ရဲ့ ပထမဦးဆုံးသော solo သီချင်းလည်း ဖြစ်ပါတယ်။ သီချင်းရဲ့သံစဉ်နဲ့ စာသားကို ရေးဖွဲ့ရာမှာ Taeyong ကိုယ်တိုင်လည်း ပါဝင်ထားပြီး လေယာဉ်စီးရာက ရလာတဲ့ ခံစားချက်ကို အခြေခံ ရေးဖွဲ့ထားတာပါ။ ဇူလိုင်လ (၁၈)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂)သန်းကျော် ရှိနေပါတယ်။

Humph! (PENTAGON Prod. by GIRIBOY)

PENTAGON ရဲ့ SUM(ME:R) မီနီအယ်လ်ဘမ်ထဲက ပထမဆုံးသော သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို GIRIBOY က ပရိုဂျူဆာလုပ်ပေးထားတာပါ။ ဇူလိုင်လ(၁၇)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁)သန်းကျော် ရှိနေပါပြီ။

Be My Love (EXO-CBX)

EXO-CBX ရဲ့ Be My Love MV လေးကတော့ ဇူလိုင်လ(၁၇)ရက်နေ့က ထွက်ရှိထားတာပါ။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂)သိန်းနီးပါး ရှိနေပါပြီ။

Just Us 2 (EXO-SC Featuring Gaeko)

ဇူလိုင်လ(၂၂)ရက်နေ့မှာ ထွက်ရှိမယ့် EXO-SC ရဲ့ ပထမဆုံး မီနီအယ်လ်ဘမ်ထဲက ဒုတိယမြောက် သီချင်းဖြစ်ပါတယ်။ ဒီသီချင်းရဲ့ စာသားကို Boi B ၊ Chanyeol (EXO) နဲ့ Sehun (EXO) တို့က ရေးဖွဲ့ထားပြီး သံစဉ်ကိုတော့ Gaeko နဲ့ GRAY (Korean) တို့က ရေးဖွဲ့ဖန်တီးထားပါတယ်။ ဒီ MV ကို ဇူလိုင်လ(၂၀)ရက်နေ့က ထုတ်လွှင့်ထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၇)သိန်းကျော် ရှိနေပါတယ်။

ဒါတွေကတော့ ၂၀၁၉ခုနှစ် ဇူလိုင်လ တတိယပတ်အတွက် အသစ်ထွက်ထားတဲ့ ကောင်းနိုးရာရာ သီချင်းအသစ်များကို စုစည်းဖော်ပြပေးထားတာပါ။ အားလုံးပဲ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

Xei

RELATED ARTICLES

Most Popular