HomeCelebs Update NewsInternational၂၀၁၉ သြဂုတ်လ ပထမပတ်အတွက် အသစ်ထွက် သီချင်းကောင်းများ

၂၀၁၉ သြဂုတ်လ ပထမပတ်အတွက် အသစ်ထွက် သီချင်းကောင်းများ

သြဂုတ်လ ပထမပတ်ကို ရောက်ရှိလာပြန်ပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိခဲ့ပြီးတဲ့ နိုင်ငံတကာ သီချင်းသစ်များစွာထဲကမှ ကောင်းနိုးရာရာများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Ed Sheeran Featuring Paulo Londra & Dave – Nothing On You

သြဂုတ်လ(၉)ရက်နေ့က ထွက်ရှိထားတဲ့ Ed Sheeran ရဲ့ သီချင်းသစ်တစ်ပုဒ်ပါ။ သူ့ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ No.6 Collaborations Project ထဲက (၁၁)ပုဒ်မြောက်သီချင်းလည်း ဖြစ်ပါတယ်။ Ed Sheeran အနေနဲ့တော့ ဒီသီချင်းဟာ စပိန်အဆိုတော်တွေနဲ့ တွဲဆိုဖူးတဲ့ ပထမဆုံးသော သီချင်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၆)သန်းကျော် ရှိနေပါတယ်။

 

Katy Perry – Small Talk

ဒီသီချင်းကတော့ Katy Perry နဲ့ Charlie Puth တို့ တွဲဖက်ရေးစပ်ထားတဲ့ သီချင်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ပြီးဆုံးသွားတဲ့ အချစ်ရေးတစ်ခုရဲ့ အကြောင်းတိုက်ဆိုင်ရင် ပြန်ပြန်ပြီး ခြေဦးလှည့်မိပေမယ့် ပြောစရာလည်း အကြီးအကျယ် မရှိတာကြောင့် အင်း .. အဲ … နဲ့ ပြီးသွားရတဲ့ အခြေအနေမျိုးကို သီဆိုထားတာပါ။ သြဂုတ်လ(၉)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၈)သန်းကျော် ရှိနေပါတယ်။

 

Will Smith – Friend Like Me (From “Aladdin”)

Aladdin ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်ပြီး Will Smith ကိုယ်တိုင် သီဆိုထားတဲ့သီချင်းလည်း ဖြစ်ပါတယ်။ သြဂုတ်လ(၆)ရက်နေ့က Disney Channel ကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၂)သန်းကျော် ရှိနေပါတယ်။

 

Lana Del Rey – Looking For America (Audio)

ဒီသီချင်းကတော့ အခုနောက်ပိုင်း အမေရိကန်နိုင်ငံတွင်းမှာ မကြာခဏ ဖြစ်ပွားနေတဲ့ အကြမ်းဖက် သေနတ်ပစ်ခတ်မှုတွေအတွက် ရည်ရွယ်ပြီး သြဂုတ်လ(၅)ရက်နေ့ကမှ ရေးစပ်လိုက်တဲ့သီချင်းလို့ သိရပါတယ်။ သီချင်းအကြောင်းအရာကတော့ အမေရိကန်ပြည်သူတွေအတွက် ပိုကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ သူမ ရည်စူးထားတဲ့ အိပ်မက်ကို ရေးစပ်ထားတာပါ။ သြဂုတ်လ(၉)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ နားဆင်သူပေါင်း (၇)သိန်းကျော် ရှိနေပါတယ်။

 

Maddie & Tae – Die From A Broken Heart

ဒီသီချင်းလေးကတော့ country ပရိသတ်တွေ နားထောင်ကြည့်သင့်တဲ့ သီချင်းကောင်းလေးပါ။ One Heart to Another လို့ အမည်ရတဲ့ EP ထဲက ဒုတိယမြောက်သီချင်းလည်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ အသည်းကွဲတဲ့အချိန်မှာ ခံစားရတဲ့ မွန်းကြပ်မှုတွေ၊ ၀မ်းနည်းနာကျင်ရမှုတွေအကြောင်း သီဆိုထားတာပါ။ ခံစားနေရတုန်းမှာ ဘယ်လောက်ပဲ ထာဝရ ကြာမြင့်မယ်လို့ ထင်ရပေမယ့် အချိန်တစ်ခုရောက်ရင်တော့ အဆင်ပြေသွားမှာပါလို့ ဒီသီချင်းနဲ့ ပတ်သက်ပြီး ပြောထားပါသေးတယ်။ သြဂုတ်လ(၉)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၈)သန်းကျော် ရှိနေပါတယ်။

 

Maluma Featuring Sech – Instinto Natural

Maluma ရဲ့ အယ်လ်ဘမ်အသစ် 11:11 ထဲက ဆင်ဂယ်လ်တစ်ပုဒ် ဖြစ်ပါတယ်။ အချစ်ကို ဆုံးရှုံးကာနီးမှာ ခံစားရလေ့ရှိတဲ့ အလိုလိုသိစိတ်အကြောင်း သီဆိုထားတဲ့ လက်တင်သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သြဂုတ်လ(၉)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၃)သန်းကျော် ရှိနေပါတယ်။

 

J Balvin & Bad Bunny – Yo Le Llego

သြဂုတ်လ(၈)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၄.၃)သန်းကျော် ရှိနေပါတယ်။

 

Megan Thee Stallion Featuring Nicki Minaj & Ty Dolla $ign – Hot Girl Summer

Rap Queen Nicki Minaj နဲ့ Ty Dolla $ign တို့က featuring ပါဝင်သီဆိုပေးထားတဲ့ Megan Thee Stallion ရဲ့ သီချင်းသစ်တစ်ပုဒ်ပါ။ သြဂုတ်လ(၈)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ နားဆင်သူပေါင်း (၅.၃)သန်းကျော် ရှိနေပါတယ်။

 

PnB Rock Featuring XXXTENTACION – Middle Child

ဒီသီချင်းကတော့ ရက်ပ်ပါနှစ်ယောက်စလုံးရဲ့ ငယ်ဘ၀ကြီးပြင်းရပုံတွေနဲ့ အောင်မြင်လာတဲ့ အကြောင်းတွေကို သီဆိုထားတာပါ။ သြဂုတ်လ(၈)ရက်နေ့က ထွက်ရှိခဲ့တဲ့ ဒီသီချင်းဟာ အခုလက်ရှိမှာတော့ ကြည့်ရှုနားဆင်သူပေါင်း (၄)သန်းကျော် ရှိနေပါတယ်။

 

SiR Ft. Kendrick Lamar  – Hair Down

ဒီသီချင်းဟာ SiR ရဲ့ တတိယမြောက်အယ်လ်ဘမ် Chasing Summer ထဲက ပထမဆုံးသော ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ သြဂုတ်လ(၈)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၇)သန်းကျော် ရှိနေပါတယ်။

 

V (BTS) – Winter Bear

BTS အဖွဲ့ဝင် V ရဲ့ solo သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ထူးခြားချက်ကတော့ ကြားနေကျ ကေပေါ့ပ်သီချင်းမျိုး မဟုတ်ဘဲ melodic ဆန်ဆန်နဲ့ စိတ်ခံစားချက်တွေ ရောပြွန်းပါဝင်နေတဲ့ ပေါ့ပ်သီချင်းအချိုလေး ဖြစ်ပါတယ်။ ဒီသီချင်းဟာ V ရဲ့ အဘွားဆုံးသွားတဲ့ (၃)နှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ သီဆိုထုတ်ဝေထားတာ ဖြစ်ပါတယ်။ instrumental ဖြစ်ပြီး Cello သံလေးတွေနဲ့ လွမ်းဆွတ်ဖွယ်ရာ ခံစားရစေမှာပါ။ သြဂုတ်လ(၉)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၇.၉)သန်းကျော် ရှိနေပါတယ်။

 

Rocket Punch – Bim Bam Bum

ကိုရီးယားအိုင်ဒေါ အဖွဲ့သစ်တစ်ဖွဲ့ဖြစ်တဲ့ Rocket Punch ရဲ့ သီချင်းသစ် ဖြစ်ပါတယ်။ သြဂုတ်လ(၇)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၅)သန်းကျော် ရှိနေပါတယ်။

 

ဒါကတော့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိခဲ့တဲ့ နိုင်ငံတကာသီချင်းအသစ်တွေထဲက စာဖတ်သူတို့ အကြိုက်တွေ့လောက်မယ့် ကောင်းနိုးရာရာတွေကို စုစည်းဖော်ပြပေးထားတာပါ။ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Xei

RELATED ARTICLES

Most Popular