HomeEntertainmentFilmfan တွေကြားမှာ နှစ်ဖက်ကွဲသွားစေတဲ့ David Corenswet ရဲ့ Superman Suit အသစ်

fan တွေကြားမှာ နှစ်ဖက်ကွဲသွားစေတဲ့ David Corenswet ရဲ့ Superman Suit အသစ်

Superman သရုပ်ဆောင်အသစ် ဖြစ်တဲ့ David Corenswet ရဲ့ suit အသစ်ဟာ မကြာသေးခင် အချိန်ကစတင်ပြီး အွန်လိုင်းမှာ leak ဖြစ်လာပါတယ်။

Superman ရုပ်ရှင်များစွာ ရိုက်ကူးခဲ့သလိုပဲ Superman suit ကိုလည်း အကြိမ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြပြီး ဗားရှင်းအမျိုးမျိုးကိုလည်း တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။

ပရောဂျက်တစ်ခုစီတိုင်းဟာ classic ပုံစံဖြစ်တဲ့ အပြာရောင်နဲ့ အနီရောင်ကိုတော့ ပုံသေထားခဲ့ကြပြီး superhero trunk ကို ဖယ်လိုက်တာလို တခြားသော adjustment တွေကိုတော့ တစ်ယောက်တစ်မျိုးစီ ဖြည့်စွက်တာ၊ ဖြုတ်တာတွေ လုပ်ခဲ့ကြပါတယ်။

James Gunn ရဲ့ DCU ကို ၂၀၂၅ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် Superman ရုပ်ရှင်အသစ်ကတော့ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေရတဲ့ ပရောဂျက်တစ်ခုပါ။

အခုမကြာသေးခင်က ထွက်ရှိလာတဲ့ set photo တွေမှာတော့ Superman ရဲ့ suit အသစ်ကို တွေ့မြင်ခဲ့ကြရပြီး fan တွေကြားထဲမှာတော့ နှစ်ခြမ်းကွဲနေတာကို တွေ့ရပါတယ်။

တချို့ကတော့ classic costume ပုံစံကို အရောင်တောက်တောက်နဲ့ adjustment ပြန်လုပ်ထားတာကို သဘောကျနေကြပြီး Cape အပေါ်မှာ Superman logo ရိုက်နှိပ်ထားတာကိုလည်း ကြိုက်နေကြပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ တချို့ပရိသတ်တွေကတော့ အဲဒီပြောင်းလဲမှုကိုပဲ မနှစ်သက်ဘူးလို့ ပြောနေကြပါတယ်။ ဒီဝတ်စုံအသစ်ဟာ သူတို့မျှော်လင့်ထားတဲ့ ပုံစံမျိုး မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးနေကြပါတယ်။

တချို့ကတော့ ဒီလိုအရောင်တောက်တောက်နဲ့ ပုံစံအသစ်ဟာ Superman ကာရိုက်တာအတွက် မျှော်လင့်ချက်တွေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဇာတ်လမ်းပုံဖော်မှုတွေ မြင်ရမယ်လို့ မှတ်ချက်ပေးနေကြသလို တချို့ကျပြန်တော့လည်း ဒီဝတ်စုံပုံစံကြီးဟာ ပေါတောတောဖြစ်နေပြီး စိတ်ပျက်စရာကောင်းတယ်လို့လည်း ဝေဖန်နေကြပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ထွက်ရှိလာမယ့် Superman ရုပ်ရှင်ကားထဲမှာတော့ Superman တဖြစ်လည်း Clark Kent အဖြစ် သရုပ်ဆောင် David Corenswet က ပါဝင်ထားပြီး Lois Lane နေရာမှာတော့ Rachel Brosnahan ၊ Supergirl နေရာမှာတော့ Milly Alcock ၊ Lex Luthor နေရာမှာတော့ Nicholas Hoult တို့က အဓိကပါဝင်သွားမှာ ဖြစ်ပါတယ်။

စာဖတ်သူတို့ကရော Superman ရဲ့ ဒီဝတ်စုံအသစ်နဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ပါသလဲ။

Vancouver

 

RELATED ARTICLES

Most Popular