HomeEntertainmentFilmJames Bond အသစ်ဟာ အသက်ငယ်မယ်လို့ သတင်းထွက်နေ

James Bond အသစ်ဟာ အသက်ငယ်မယ်လို့ သတင်းထွက်နေ

James Bond ဇာတ်ကောင်အတွက် မင်းသားအသစ် ရွေးချယ်ရာမှာတော့ သတင်းအမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ဒီထဲကမှ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းကတော့ James Bond အသစ်ဟာ အရှေ့ကသရုပ်ဆောင် မင်းသားတွေထက် ပိုပြီးငယ်ရွယ်လိမ့်မယ်လို့ ကောလာဟလ ထွက်နေပါတယ်။

James Bond ဟာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး franchise တစ်ခု ဖြစ်ပြီး ယခုအချိန်အထိ ပရိသတ်အားပေးမှု မြင့်မားစွာ ရရှိနေဆဲ ဖြစ်ပါတယ်။ မင်းသားတွေ အဆက်ဆက် လက်ဆင့်ကမ်းပြီး သရုပ်ဆောင်ခဲ့ကြတဲ့ ဒီဇာတ်ရုပ်ဟာ Daniel Craig ရဲ့ James Bond နဲ့ No Time To Die ရုပ်ရှင်ကို နောက်ဆုံး ထွက်ရှိထားပါတယ်။ ဒါဟာ Daniel Craig ရဲ့ နောက်ဆုံး James Bond ဇာတ်ကားလည်း ဖြစ်တာကြောင့် နောက်ထပ် ထွက်ရှိလာမယ့် ကားသစ်မှာတော့ James Bond သရုပ်ဆောင်အသစ်ကို မြင်တွေ့ရတော့မှာပါ။

Photo Credit: Universal Pictures

လက်ရှိမှာ James Bond သရုပ်ဆောင်အသစ်ကို ရွေးချယ်နေဆဲ ဖြစ်ပြီး ယူကေ ဖျော်ဖြေရေးသတင်းထောက် Ross King ရဲ့ ပြောပြချက်အရ ထုတ်လုပ်သူတွေဟာ အရင်မင်းသားတွေထက် ပိုမိုငယ်ရွယ်တဲ့ James Bond ကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဒီစကားသာ အမှန်ဖြစ်မယ်ဆိုရင်တော့ Henry Cavill အပါအဝင် ပရိသတ်တွေ ရွေးချယ်ပေးထားတဲ့ မင်းသားတွေဟာ မျှော်လင့်ချက်မဲ့သွားမှာ ဖြစ်ပါတယ်။

“အခုနောက်ဆုံး ကောလာဟလတစ်ခု ထွက်ထားပါတယ်။ အဲဒါကတော့ မှန်သင့်သလောက် မှန်မယ်လို့ ထင်ပါတယ်။ Bond ရဲ့ထုတ်လုပ်သူတွေက ပိုအသက်ငယ်တဲ့ သရုပ်ဆောင်ကို ရှာဖွေနေကြတယ်ဆိုတာပါပဲ။ အသက်သုံးဆယ်ကျော်လောက်ရှိမယ့် သရုပ်ဆောင်မျိုးလို့ ပြောပါတယ် …”

“နောက်ဆုံးကျရင်တော့ Bond ရုပ်ရှင် သုံးကားစာလောက်ကို သရုပ်ဆောင်နိုင်မယ့်သူကို သူတို့ လိုချင်ကြတာပါပဲ။ အရှေ့မှာ Daniel Craig လုပ်သွားနိုင်သလိုပဲ လိုက်လုပ်နိုင်မယ့်လူကို လိုချင်ကြတာပါ။ နောက်ပြီး သူတို့ပြောနေတဲ့ နောက်ထပ်တစ်ခုကတော့ Bond အသစ်ဟာ အရပ်(၅)ပေ (၁၀)လက်မနဲ့အထက် ရှိရမယ်လို့ ကြားပါတယ် …”လို့ ဖျော်ဖြေရေးသတင်းထောက် Ross King က ပြောပါတယ်။

Photo Credit: Universal Pictures

သို့သော်လည်း ဒီအချိန်မှာတော့ ဒါဟာ ကောလာဟလ သပ်သပ်ပဲ ရှိနေပါသေးတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ဇွန်လကမှ Bond franchise ရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Barbara Broccoli ဟာ Bond သရုပ်ဆောင်အသစ် ရွေးချယ်ဖို့အတွက် ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးဘူးလို့ ပြောထားတာကြောင့်ပါပဲ။ ဒါ့အပြင် James Bond ဇာတ်ကောင်ကို ပြန်လည် ပြုပြင်မှုတွေ လုပ်သွားဦးမယ်လို့ ပြောထားပြီး နောက်ထပ် နှစ်နှစ်လောက်အထိ ဇာတ်ကားသစ်ကို ရိုက်ကူးနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောထားပါသေးတယ်။

James Bond သရုပ်ဆောင်အသစ်အတွက်ကိုတော့ Henry Cavill ၊ Idris Elba ၊ Tom Hardy အစရှိတဲ့ မင်းသားတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular