HomeEntertainmentFilmယခုနှစ်နှောင်းပိုင်းမှာ ကြည့်ရှုရဖွယ်ရှိနေတဲ့ Netflix ရဲ့ The Haunting of Bly Manor 

ယခုနှစ်နှောင်းပိုင်းမှာ ကြည့်ရှုရဖွယ်ရှိနေတဲ့ Netflix ရဲ့ The Haunting of Bly Manor 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ရဲ့ The Haunting of Hill House စီးရီးကို အကြိုက်တွေ့ခဲ့ကြတဲ့ ပရိသတ်များအတွက် ကာလကြာရှည်စွာ စောင့်စားခဲ့ရတဲ့ ဒုတိယ season ဟာ ယခုနှစ်နှောင်းပိုင်းလောက်မှာ ကြည့်ရှုရဖို့ အခွင့်အရေး ရှိနေပြီလို့ showrunner Mike Flanagan က ပြောကြားလိုက်ပါတယ်။

၂၀၁၈ခုနှစ် အောက်တိုဘာလမှာ Netflix က ထုတ်လွှင့်ခဲ့တဲ့ horror စီးရီး The Haunting of Hill House ဟာ ရုပ်ရှင်ချစ်သူတွေကြားထဲမှာ ရေပန်းစားခဲ့ပြီး ဒုတိယ season ထွက်လာဖို့ကိုလည်း မျှော်တလင့်လင့်နဲ့ စောင့်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ ပထမ season ထွက်ရှိပြီး လပေါင်းများစွာအကြာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဒုတိယ season ဖြစ်တဲ့ The Haunting of Bly Manor ကို ရိုက်ကူးထုတ်လုပ်နေတယ်လို့ Netflix က ကြေငြာခဲ့ပါတယ်။

Photo Courtesy: Netflix

ဇာတ်လမ်းပိုင်းမှာတော့ ပထမ season နဲ့ အဆက်အစပ် ရှိမှာမဟုတ်ဘဲ နောက်ထပ်အိမ်တစ်လုံးရဲ့ ထိတ်လန့်ခြောက်ခြားစရာဖြစ်ရပ်တွေကို ရိုက်ကူးပြသသွားမှာ ဖြစ်ပါတယ်။ Season 2 ဟာ စာရေးဆရာ Henry James ရဲ့ဝတ္ထုဖြစ်တဲ့ The Turn of the Screw ကို အခြေခံရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်ကျောရိုးကတော့ အိမ်တော်ထိန်းအမျိုးသမီးတစ်ယောက်ဟာ မိဘမဲ့ကလေးနှစ်ယောက်ကို သင်ကြားပြသပေးဖို့အတွက် ငှားရမ်းခန့်အပ်ခံခဲ့ရပြီး သူ့ကို ငှားရမ်းလိုက်တဲ့ အိမ်ကြီးမှာ ထိတ်လန့်ခြောက်ခြားစရာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ရတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ကတော့ ပထမ season မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်အများစုဟာ ပြန်လည်ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမ season မှာ ပါဝင်ခဲ့တဲ့ Victoria Pedretti ၊ Oliver Jackson-Cohen ၊ Henry Thomas ၊ Kate Siegel တို့နဲ့အတူ T’Nia Miller ၊ Rahul Koli နဲ့ Amelia Eve တို့လည်း အသစ်ထပ်မံ ပါဝင်လာမှာ ဖြစ်ပါတယ်။

Photo Courtesy: Netflix

ပုံမှန်ဆိုရင် ၂၀၂၀ခုနှစ်မှာ ထွက်ရှိလာရမယ့် ဒီ season အသစ်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးမှုတွေ လိုတာထက် ပိုပြီးဖြစ်နေမလားလို့ ပရိသတ်တွေဘက်က စိုးရိမ်နေကြပေမယ့် showrunner Mike Flanagan ကတော့ ကိုဗစ်ဖြစ်ပြီး လော့ခ်ဒေါင်းမချခင်တည်းက ရိုက်ကူးရေးအပိုင်းတွေဟာ လက်စသတ်ပြီးနေပြီးသား ဖြစ်ကာ post production အပိုင်းတွေသာ ကျန်ရှိတော့တယ်လို့ ပြောထားပါတယ်။

Mike Flanagan ရဲ့အဆိုအရ ကျန်ရှိနေတဲ့ post production အပိုင်းတွေကိုတော့ အဖွဲ့သားတွေဟာ အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးတိုင်ပင်ကာ လုပ်ဆောင်နေကြရတယ်လို့ ဆိုပြီး ယခုနှစ်တည်းမှာ သေချာပေါက် ကြည့်ရမှာပါလို့ ဆိုထားပါတယ်။ ကိုဗစ်ကာလ လော့ခ်ဒေါင်းချတဲ့အချိန်မှာ Netflix ဟာ သူ့ရဲ့ရုပ်ရှင်ထုတ်လုပ်ရေးအားလုံးကို ရပ်ဆိုင်းခဲ့ရပါတယ်။ အဲ့ဒီ့လို ရပ်ဆိုင်းထားတဲ့ ထုတ်လုပ်ရေးတွေထဲမှာ Strangers Things season 4 နဲ့ The Witcher season 2 တို့လည်း ပါဝင်ပါတယ်။

Photo Courtesy: Netflix

Haunting of Bly Manor ဟာ ယခုနှစ် ဟောလိုးဝင်းကာလလောက်မှာ ထုတ်လွှင့်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ပထမ season ကိုလည်း အဲ့ဒီ့ကာလဝန်းကျင်မှာပဲ ထုတ်လွှင့်ခဲ့တာကြောင့် အောက်တိုဘာလ ဟောလိုးဝင်းမှာ ထုတ်လွှင့်နိုင်ချေ များနေပေမယ့် လက်ရှိအချိန်အထိ Netflix ကတော့ ထွက်ရှိမယ့်ရက်ကို မကြေငြာသေးပါဘူး။ သို့ပေမယ့်လည်း ရှေ့လ ဩဂုတ်လ အစောပိုင်းလောက်မှာတော့ Netflix က ထွက်ရှိမယ့်ရက်ကို ကြေငြာသွားဖို့ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။

ပရိသတ်တွေဟာ ပထမ season အပြီး ဒုတိယ season ကို အများကြီး မျှော်လင့်ထားကြတာကြောင့် ဒီမျှော်လင့်ချက်အတိုင်း တကယ်ပြည့်မီတဲ့ အရည်အသွေးကို ကြည့်ရှုခံစားရမှာလားဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြရမှာ ဖြစ်ပါတယ်။

LaNina

Source: screenrant

(Zawgyi Version)

Netflix ရဲ႕ The Haunting of Hill House စီးရီးကို အႀကိဳက္ေတြ႕ခဲ့ၾကတဲ့ ပရိသတ္မ်ားအတြက္ ကာလၾကာရွည္စြာ ေစာင့္စားခဲ့ရတဲ့ ဒုတိယ season ဟာ ယခုႏွစ္ေႏွာင္းပိုင္းေလာက္မွာ ၾကည့္ရႈရဖို႔ အခြင့္အေရး ရွိေနၿပီလို႔ showrunner Mike Flanagan က ေျပာၾကားလိုက္ပါတယ္။

၂၀၁၈ခုႏွစ္ ေအာက္တိုဘာလမွာ Netflix က ထုတ္လႊင့္ခဲ့တဲ့ horror စီးရီး The Haunting of Hill House ဟာ ႐ုပ္ရွင္ခ်စ္သူေတြၾကားထဲမွာ ေရပန္းစားခဲ့ၿပီး ဒုတိယ season ထြက္လာဖို႔ကိုလည္း ေမွ်ာ္တလင့္လင့္နဲ႔ ေစာင့္စားေနခဲ့ၾကတာ ျဖစ္ပါတယ္။ ပထမ season ထြက္ရွိၿပီး လေပါင္းမ်ားစြာအၾကာ ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလမွာေတာ့ ဒုတိယ season ျဖစ္တဲ့ The Haunting of Bly Manor ကို ႐ိုက္ကူးထုတ္လုပ္ေနတယ္လို႔ Netflix က ေၾကျငာခဲ့ပါတယ္။

Photo Courtesy: Netflix

ဇာတ္လမ္းပိုင္းမွာေတာ့ ပထမ season နဲ႔ အဆက္အစပ္ ရွိမွာမဟုတ္ဘဲ ေနာက္ထပ္အိမ္တစ္လုံးရဲ႕ ထိတ္လန႔္ေျခာက္ျခားစရာျဖစ္ရပ္ေတြကို ႐ိုက္ကူးျပသသြားမွာ ျဖစ္ပါတယ္။ Season 2 ဟာ စာေရးဆရာ Henry James ရဲ႕ဝတၳဳျဖစ္တဲ့ The Turn of the Screw ကို အေျခခံ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဇာတ္ေက်ာ႐ိုးကေတာ့ အိမ္ေတာ္ထိန္းအမ်ိဳးသမီးတစ္ေယာက္ဟာ မိဘမဲ့ကေလးႏွစ္ေယာက္ကို သင္ၾကားျပသေပးဖို႔အတြက္ ငွားရမ္းခန႔္အပ္ခံခဲ့ရၿပီး သူ႔ကို ငွားရမ္းလိုက္တဲ့ အိမ္ႀကီးမွာ ထိတ္လန႔္ေျခာက္ျခားစရာ သဘာဝလြန္ျဖစ္ရပ္ေတြကို ႀကဳံေတြ႕ရတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ ပထမ season မွာ ပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္အမ်ားစုဟာ ျပန္လည္ပါဝင္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ပထမ season မွာ ပါဝင္ခဲ့တဲ့ Victoria Pedretti ၊ Oliver Jackson-Cohen ၊ Henry Thomas ၊ Kate Siegel တို႔နဲ႔အတူ T’Nia Miller ၊ Rahul Koli နဲ႔ Amelia Eve တို႔လည္း အသစ္ထပ္မံ ပါဝင္လာမွာ ျဖစ္ပါတယ္။

Photo Courtesy: Netflix

ပုံမွန္ဆိုရင္ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိလာရမယ့္ ဒီ season အသစ္ဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေႏွာင့္ေႏွးမႈေတြ လိုတာထက္ ပိုၿပီးျဖစ္ေနမလားလို႔ ပရိသတ္ေတြဘက္က စိုးရိမ္ေနၾကေပမယ့္ showrunner Mike Flanagan ကေတာ့ ကိုဗစ္ျဖစ္ၿပီး ေလာ့ခ္ေဒါင္းမခ်ခင္တည္းက ႐ိုက္ကူးေရးအပိုင္းေတြဟာ လက္စသတ္ၿပီးေနၿပီးသား ျဖစ္ကာ post production အပိုင္းေတြသာ က်န္ရွိေတာ့တယ္လို႔ ေျပာထားပါတယ္။

Mike Flanagan ရဲ႕အဆိုအရ က်န္ရွိေနတဲ့ post production အပိုင္းေတြကိုေတာ့ အဖြဲ႕သားေတြဟာ အြန္လိုင္းကေနတစ္ဆင့္ ေဆြးေႏြးတိုင္ပင္ကာ လုပ္ေဆာင္ေနၾကရတယ္လို႔ ဆိုၿပီး ယခုႏွစ္တည္းမွာ ေသခ်ာေပါက္ ၾကည့္ရမွာပါလို႔ ဆိုထားပါတယ္။ ကိုဗစ္ကာလ ေလာ့ခ္ေဒါင္းခ်တဲ့အခ်ိန္မွာ Netflix ဟာ သူ႔ရဲ႕႐ုပ္ရွင္ထုတ္လုပ္ေရးအားလုံးကို ရပ္ဆိုင္းခဲ့ရပါတယ္။ အဲ့ဒီ့လို ရပ္ဆိုင္းထားတဲ့ ထုတ္လုပ္ေရးေတြထဲမွာ Strangers Things season 4 နဲ႔ The Witcher season 2 တို႔လည္း ပါဝင္ပါတယ္။

Photo Courtesy: Netflix

Haunting of Bly Manor ဟာ ယခုႏွစ္ ေဟာလိုးဝင္းကာလေလာက္မွာ ထုတ္လႊင့္သြားမယ္လို႔ ခန႔္မွန္းရပါတယ္။ ပထမ season ကိုလည္း အဲ့ဒီ့ကာလဝန္းက်င္မွာပဲ ထုတ္လႊင့္ခဲ့တာေၾကာင့္ ေအာက္တိုဘာလ ေဟာလိုးဝင္းမွာ ထုတ္လႊင့္ႏိုင္ေခ် မ်ားေနေပမယ့္ လက္ရွိအခ်ိန္အထိ Netflix ကေတာ့ ထြက္ရွိမယ့္ရက္ကို မေၾကျငာေသးပါဘူး။ သို႔ေပမယ့္လည္း ေရွ႕လ ဩဂုတ္လ အေစာပိုင္းေလာက္မွာေတာ့ Netflix က ထြက္ရွိမယ့္ရက္ကို ေၾကျငာသြားဖို႔ ျဖစ္ႏိုင္တယ္လို႔ ပရိသတ္ေတြက ခန႔္မွန္းထားၾကပါတယ္။

ပရိသတ္ေတြဟာ ပထမ season အၿပီး ဒုတိယ season ကို အမ်ားႀကီး ေမွ်ာ္လင့္ထားၾကတာေၾကာင့္ ဒီေမွ်ာ္လင့္ခ်က္အတိုင္း တကယ္ျပည့္မီတဲ့ အရည္အေသြးကို ၾကည့္ရႈခံစားရမွာလားဆိုတာကိုေတာ့ ဆက္လက္ေစာင့္ေမွ်ာ္ၾကရမွာ ျဖစ္ပါတယ္။

LaNina

Source: screenrant

 

RELATED ARTICLES

Most Popular