HomeEntertainmentFilmMarvel ရဲ့ Secret Invasion ထွေလာထဲမှာ ကမ္ဘာမြေပေါ် ပြန်ရောက်လာတဲ့ Nick Fury

Marvel ရဲ့ Secret Invasion ထွေလာထဲမှာ ကမ္ဘာမြေပေါ် ပြန်ရောက်လာတဲ့ Nick Fury

Marvel ရဲ့ Secret Invasion ဇာတ်လမ်းတွဲကတော့ ပထမဆုံးထွေလာ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Samuel L. Jackson သရုပ်ဆောင်ထားတဲ့ Nick Fury ဇာတ်ကောင်ဟာ ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာပြီး Skrull တွေနဲ့ ပတ်သက်တဲ့ ပဟေဠိတွေကိုလည်း ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

Nick Fury ကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ရဲ့ credit scene ထဲမှာ စတင်ပါဝင်လာခဲ့ရာက နောက်ပိုင်းမှာတော့ MCU ရဲ့အမှတ်အသား ဇာတ်ကောင်တစ်ခုအဖြစ် အရေးပါလာခဲ့ပါတယ်။ သူဟာ MCU ထဲက အရေးပါတဲ့ ဇာတ်ပို့တစ်ယောက်အဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ သူ့ရဲ့ကိုယ်ပိုင် Disney+ စီးရီးကိုပါ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဇာတ်လမ်းကတော့ Marvel ကောမစ်ထဲက Secret Invasion ဇာတ်လမ်းအတိုင်းပဲ မှီငြမ်းရိုက်ကူးထားပြီး Skrull ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်က အရေးပါ အရာရောက်တဲ့ လူပုဂ္ဂိုလ်၊ ရာထူးတွေနေရာမှာ အယောင်ဆောင်ပြီး စိမ့်ဝင်နေတဲ့အကြောင်း ဖြစ်ပါတယ်။ MCU ရဲ့ Phase 3 နဲ့ Phase 4 မှာတော့ Fury ဟာ အာကာသထဲမှာပဲ အချိန်အများစုကို ကုန်ဆုံးနေတာ တွေ့ရပြီး Spider-Man: Far From Home ထဲမှာဆိုရင်လည်း Fury နဲ့ Maria Hill တို့ဟာ တကယ့် လူပုဂ္ဂိုလ်အစစ်တွေ မဟုတ်ကြဘဲ Talos နဲ့ Soren တို့က အယောင်ဆောင်ထားတာဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် Spider-Man: No Way Home ထဲမှာ Peter Parker ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာပြီးနောက်မှာတော့ အဲဒီအချိန်အတွင်း တစ်နှစ်လုံးလုံးမှာ Fury ဟာ အာကာသထဲ ရောက်နေတယ်လို့ Damage Control ဌာနက ပြောသွားပါတယ်။ အခုဆိုရင်တော့ S.H.I.E.L.D အဖွဲ့ရဲ့ ဒါရိုက်တာ Fury ဟာ ကမ္ဘာမြေပေါ်ကို ပြန်လည် ခြေချလာတော့မှာ ဖြစ်ပြီး အန္တရာယ်များလွန်းတဲ့ မစ်ရှစ်တစ်ခုကိုလည်း လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

Secret Invasion ဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာကိုတော့ Disney ရဲ့ D23 Expo ပွဲမှာ ပြသသွားပါတယ်။ ထွေလာထဲမှာတော့ ကမ္ဘာမြေပေါ်ကို လျှို့ဝှက်စွာ စိမ့်ဝင်ပြီး အစားထိုးနေရာယူနေကြတဲ့ Skrull တွေနဲ့ သူတို့ကို တားဆီးဖို့ ကြိုးစားမယ့် Nick Fury ရဲ့ ကြိုးပမ်းမှုကို အရိပ်အမြွက် မြင်တွေ့ရပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Samuel L. Jackson အပြင် အခြားသော နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်တဲ့ Emilia Clarke ၊ Olivia Colman ၊ Ben Mendelsohn ၊ Colbie Smulders ၊ Martin Freeman ၊ Don Cheadle တို့ကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက်ကိုတော့ အတိအကျ မကြေညာသေးပေမယ့် ခန့်မှန်းချေ တွက်ကြည့်မယ်ဆိုရင်တော့ Ant-Man and the Wasp: Quantumania နဲ့ Guardians of the Galaxy Vol. 3 တို့ကြား ၂၀၂၃ ခုနှစ် နွေဦးရာသီလောက်မှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular